ချစ်ရပါသော
အပိုင်း၁၂
အချစ်..အချစ်..အချစ်..သိပ်ဆန်းကြယ်တယ်။
လွန်ခဲ့တဲ့ငါးနှစ်တာလောက်မီမီဘဝထဲကပျောက်ကွယ်သွားတဲ့သူကအခု့လိုပြန်ရောက်လာတော့ရင်တွေတဖန်ပြန်ခုန်လာခဲ့သည်။မီမီလိုမာနခဲမလေးကမာန်နဲ့မှဘာလို့စွဲလမ်းနေမိပါလိမ့်။
မာန်ကမီမီကိုသူငယ်ချင်းတစ်ယောက်လိုမောင်နှမတစ်ယောက်လိုသဘောထားပေမယ့်လည်းမီမီဘက်ကတော့ချစ်သူတစ်ယောက်လိုပဲဖြစ်ချင်ခဲ့သည်။"မာန်..မာန်.."
လူခေါ်ခေါင်းလောင်းကိုနှိပ်ပြီးမာန်ကိုခေါ်နေသည်။
ခဏကြာအိမ်ထဲမှမမဂျက်စီထွက်လာခဲ့သည်။
"မီမီကျော်.."မီမီနဲ့ဂျက်စီကမျက်နှာကျောသိပ်မတည့်။ဂျက်စီ၏သူငယ်ချင်းစိမ်းကိုနိုင်စားတာကြောင့်ဂျက်စီသူ့ကိုနည်းနည်းလေးမှကြည့်မရ။
မာန်စီလာပြီးမြူဆွယ်သလိုစကားပြောပြောနေတာကိုလည်းသဘောမကျပေ။
သူ့ကိုယ်သူဆရာကြီးလိုလိုသူ့လုပ်စာပဲထိုင်စားနေတာတဲ့မျက်နှာကိုဂျက်စီမြင်တာနဲ့ပိတ်ထိုးချင်မိသည်။"အမ..မာန်ရှိလား.."
"မရှိဘူး..သူအပြင်မှာအိပ်တာ..ပြန်မလာသေးဘူး.."
"အော်..ဟုတ်ကဲ့.."
"ဘာကိစ္စရှိလို့လဲ..ငါပြောပေးမယ်.."
"ရပါတယ်..သူလာရင်သာမီမီလာသွားတယ်လို့ပြောပေးပါ..ညနေကျအိမ်လာခဲ့ဖို့လည်းပြောပေးပါဦး.."
"အင်း..ဒါပဲမလား..ငါပြောလိုက်မယ်.."မီမီအင်တင်တင်နဲ့ပဲပြန်လာခဲ့ရသည်။
မာန့်ကိုချစ်နေလို့သာသူ့ကိုခေါ်ပြောနေရသည်။
အမှန်ဆိုဂျက်စီကာကိုတစ်ချက်မှကြည့်မရ။
သူများအိမ်ကမွေးစားသမီးကိုပဲဖေးမနေလိုက်တာကြည့်တောင်မကောင်းဘူး။
........
မာန်မနက်စောစောပဲရဲစခန်းကိုထွက်သွားခဲ့သည်။စိမ်းကိုယ်စားတိုင်ချက်ဖွင့်ခဲ့ပြီးသူ့ကိုနောက်အပါတ်အတွင်းရုံးတင်စစ်ဆေးလိမ့်မည်။
"ဆရာကတော်..အာ..မှားလို့အမဘာလို့ရောက်"
"ကျွန်မ့ကိုဒီနှစ်ရဲ့အရောင်းစာရင်းတွေအကုန်ယူခဲ့ပေးပါ..ဝင်ငွေနဲ့ထွက်ငွေစာရင်းတွေကောယူခဲ့ပေး"
"ရှင်..အဲ့ဒါက..ဆရာကအခြားသူတွေကိုမပြခိုင်းလို့ပါ
ရုံးခန်းသို့ဦးတည်နေသည့်ခြေထောက်တွေရပ်သွားပြီးထိုကောင်မလေးဘက်လှည့်လိုက်သည်။
YOU ARE READING
ချစ်ရပါသော
Romanceစိမ်း-အမျိုးသမီးဇာတ်လိုက် -လက်ဝတ်ရတနာဒီဇိုင်းနာ -ထိပ်တန်းလက်ဝတ်ရတနာဆိုင်DEAR၏တစ်ဦးတည်းသောပိုင်ရှင် -အိမ်ထောင်ရှိအမျိုးသမီးတစ်ဦး။ -ငယ်စဥ်ကတည်းကမိဘနှစ်ယောက်လုံးဆုံးရှုံးလိုက်ရပြီးDAERရတနာဆိုင်ပိုင်ရှင်သူဋ္ဌေးမကြီးကမွေးစားလိုက်ကာအမွေဆက်ခံလိုက်ရသည်။ ...