[1]

723 51 12
                                    

ကျွန်မက ဒီစာကို ရေးတဲ့သူပါ။ 

မှတ်မှတ်ရရ ပြီးခဲ့တဲ့အပတ်တုန်းကထင်ပါတယ်။​ လမ်းမှာ ဒိုင်ယာရီစာအုပ်လေးကို ကောက်ရခဲ့ပါတယ်။ ဒိုင်ယာရီစာအုပ်လေးအပေါ်မှာတော့ [PSH] လို့ နာမည်ထိုးထားပါတယ်။​ နာမည်အပြည့်အစုံကိုတော့ ကျွန်မလည်း မခန့်မှန်းတတ်ပါဘူး။ 

ကျွန်မ ကောက်ရမိကတည်းက ဒိုင်ယာရီစာအုပ်လေးရဲ့ တချို့စာရွက်တွေက ဆုတ်ဖြဲခြင်းခံထားရပါတယ်။ တချို့တွေကတော့ မှင်တွေ ပြန့်ပြီး ဖတ်မရအောင် ပြဲနေတယ်။

ဖော်ပြပါအကြောင်းအရာတွေကတော့ ဒိုင်ယာရီထဲက ဖတ်လို့ရ‌သေးတဲ့ စာတွေပါပဲ။

xxx


[၁]

ဘရွတ်ကလင်းဟာ ရှုပ်ထွေးပွေလီတယ်။

မကောင်းမှုတွေရဲ့ ဇစ်မြစ်လို့ လူကြီးလူကောင်းတွေက စွပ်စွဲကြတယ်။ အထက်တန်းစားတွေအနားကို ကပ်ခွင့်မရှိ။ ဆယ်ကျော်သက်အရွယ်ဟာ ပုန်ကန်တတ်တယ်လို့ လူတွေက ဆိုကြတယ်။

ဘရွတ်ကလင်းဟာ အမေရိကရဲ့ ဆယ်ကျော်သက်။

ပုံမှန်ဆို ပျားပန်းခပ်တမျှ ရှုပ်ထွေးနေတတ်တဲ့ ဘရွတ်ကလင်းရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ သူဟာ နှလုံးသားရဲ့ ဘူမိနက်သန်ကို စတင်တွေ့ရှိခဲ့တယ်။

လုံးဝန်းတာက ကမ္ဘာကြီးရဲ့ သင်္ကေတဆိုရင် ရှုပ်ထွေးတာက ဘရွတ်ကလင်းရဲ့ အမှတ်သညာဖြစ်လိမ့်မပေါ့။ ဒါပေမဲ့ အဲဒီနေ့က နှလုံးသားလမ်းကြောင်းဟာ ရှင်းရှင်းလင်းလင်း။

ကိုကိုဟာ ခြေဖွဖွလေး နင်းလို့ ကျွန်တော့ကမ္ဘာထဲကို စတင်ဝင်ရောက်လာခဲ့တယ်။

အဲဒီနေ့က ပတ်ဂျေး နဲ့ ချိန်းထားတဲ့နေ့။ ဒါပေမဲ့ အချိန်ပိုဆင်းရတယ်ဆိုတဲ့ ပတ်ဂျေးကြောင့် ချိန်းဆိုမှုပျက်သွားတဲ့ ကျွန်တော်ဟာ စီးကရက်တိုလေး လက်မှာခဲလို့ တောင်တောင်အီအီ ခြေဦးတည့်ရာ လျှောက်နေတယ်။

လမ်းအချိုးတကွေ့ကနေ အမှတ်မထင် ရောက်လာခဲ့တယ်။ သူလေးဟာ လက်ကိုင် မငြိမ်၊ ကလင်ကလင်နဲ့ အော်မြည်နေတဲ့ စက်ဘီးတစ်စီးပေါ်မှာ။

Dear Brooklyn ||SungJake||Where stories live. Discover now