PART 15

151 11 1
                                    

UNICODE

IDOL IMAGE ထိခိုက်လိုခြင်းမရှိပါ..

Khaotung သည် First ၏ရင်ခွင်ထဲတွင်ရှိနေပြီး ညကပင်ပန်းထားသောကြောင့် နှစ်ယောက်သား ​မနက်လင်းနေပြီဖြစ်သော်ငြားအိပ်ပျော်နေဆဲပင်ဖြစ်သည်
First ၏ဖုန်းသည် ထမြည်လာသောကြောင့်
First တစ်ယောက်နိုးလာပြီး

"ဟာကွာ..အိပ်ကောင်းနေတာကို ဘယ်ကဖုန်းလဲ.."

First တစ်ယောက်မျက်လုံးမဖွင့်သေးဘဲ ထိုသို့တိုးတိုးရေရွတ်လိုက်သည်
သူ့ရင်ခွင်ထဲရှိ Khaotung ကိုလည်း မနိုးစေရန် သူအသာထပြီး ဝရန်နာသို့ထွက်ကာ ဖုန်းသွားပြောလေသည်

'ဟယ်လို'

'Kanaphan မင်းအခုချက်ချင်းအိမ်ကိုပြန်လာခဲ့စမ်း!!'

ဖုန်းထဲကအော်သံကြောင့် သူ့နားတွင်ကပ်ထားသောဖုန်းကို သူအနည်းငယ်ခွာလိုက်မိသည် ဖုန်းထဲတွင်လှမ်းအော်သူကတော့ First ၏အမေဖြစ်လေသည်
First သည် သူ့အမေ သူ့ကိုထပ်၍ခြယ်လှယ်၍မရအောင် သူ၏ဖုန်းနံပါတ်ကိုလည်းမပေးထားပါ သူဘယ်မှာနေသည်ကိုလည်းပေးမသိပါ ထိုသို့ပြုရခြင်းမှာ သူ Khaotung နှင့်ထပ်၍မဝေးချင်သောကြောင့်ဖြစ်သည်
အခု သူ့အမေ သူတို့အကြောင်းကိုသိသွားသည်မှာ သေချာသလောက်ပင်ဖြစ်လိမ့်မည် ထို့ကြောင့်ဖုန်းလှမ်းဆက်ခြင်းဟု သူထင်မိသည်

'ကျွန်တော်က ဘာလို့ပြန်လာရမှာလဲ'

'Kanaphan ငါပြောရင်နားထောင်လိုက် အိမ်ကိုအခုပြန်လာခဲ့ ငါဒေါသမထွက်ချင်ဘူး'

'မလာနိုင်ဘူး ကျွန်တော်အမေဖြစ်စေချင်သလိုအားလုံးလုပ်ပြီးပြီ အခုကိုယ့်အလုပ်ကိုယ်လည်းလုပ်နေပြီ အမေ ကျွန်တော့်ကိုထပ်မခြယ်လှယ်ပါနဲ့တော့'

'မင်းကအဲ့လိုပေါ့..ကဲဒါဆိုလည်း ငါအခု မင်းအကောင်ရဲ့အိမ်ကိုသွားလိုက်ရမလား'

First အံကျိတ်လိုက်ပြီး

'အခုတော့မလာနိုင်ဘူး ညနေပြန်လာမယ်'

'အင်း ဒါပဲလေ အစောကတည်းကအမေ့စကားနားထောင်ရမှာ ညနေမလာလို့ကတော့..'

'အမေ့! ကျွန်တော်လာမယ်လို့ပြောပြီးပြီလေ'

'ဟုတ်ပါပြီ ဟုတ်ပါပြီ ဟားဟား မင်းအကောင်ကိုထိမှာကျတော့ကြောက်တယ်လား ဟားဟား ဒါပဲ ဒါပဲ'

          

First ဖုန်းချပြီး ကုတင်ပေါ်ပြန်လာတော့ Khaotung ကနိုးလာပြီးဖြစ်သည်

"Fir ဘယ်သူနဲ့ပြောနေတာလဲ"

"ကျွန်တော့် အတွင်းရေးမှူးနဲ့ အလုပ်ကိစ္စပြောနေတာ"

"အာ ဟုတ်ပြီ ကိုယ်ဗိုက်ဆာပြီ Fir ရေမြန်ချိုးပြီး သွားစားရအောင်"

First အတက်နိုင်ဆုံးပြုံးလိုက်ကာ

"ဟုတ်ပါပြီဗျ"

သူတို့မနက်စာစားပြီးသည်နှင့် First က အလုပ်ကိစ္စရှိသည်ဟုပြောသောကြောင့် Nic တို့ကိုခေါ်ကာပြန်ခဲ့ကြသည်
အိမ်ရောက်သည်နှင့် First သည်

"ကိုကို..ကျွန်တော်အိမ်ကိုခဏသွားမှရမယ် ကိုကိုဗိုက်ဆာရင်စားနှင့်နော် ကျွန်တော်မြန်မြန်တော့ပြန်လာခဲ့မယ်"

"ဘာဖြစ်လို့လဲ Fir ပြဿနာတစ်ခုခုရှိလို့လား"

"အဲ့တာက.."

First မျက်နှာအနည်းငယ်ပျက်သွားသဖြင့်

"Fir မပြောချင်လည်းရပါတယ် ကိုယ်ထမင်းစားဖို့စောင့်နေမယ်နော် မြန်မြန်ပြန်ခဲ့"

"ဟုတ်ကဲ့ကိုကို"

ထို့နောက် First ထွက်ကာ သူ့အိမ်သို့မြန်"ပင်သွားလေသည် အိမ်သို့ရောက်ပြီး အိမ်ထဲဝင်ဝင်ချင်းပင် ဆိုဖာပေါ်တွင်ထိုင်နေသော အမေ့အားမြင်လိုက်ရသည်

"လာပြီလား ဒီမှာလာထိုင်"

First လည်း မြန်မြန်ပင်ဆိုဖာပေါ်တွင်သွားထိုင်လိုက်ပြီး

"ပြောစရာရှိတာမြန်မြန်ပြော အလုပ်ရှိတယ်"

"အဲ့လောက်လောမနေနဲ့ မင်းအကောင်ဆီပြန်မှာငါသိတယ် ငါ့ကိုလိမ်လို့ရမယ်ထင်နေလား"

"သိနေရင်လည်း မြန်မြန်ပြော"

First အမေသည် သူမ၏ပိုက်ဆံအိတ်ထဲမှ တစ်ခုခုကိုထုတ်လိုက်ကာ စားပွဲပေါ်သို့ပစ်ပေးလိုက်ပြီး

"အဲ့ထဲကမင်းကြိုက်တဲ့ တစ်ယောက်ရွေး"

First ကြည့်လိုက်တော့ မိန်းကလေးပုံများပင်ဖြစ်သည် First ကိုင်တောင်မကိုင်ဘဲ တစ်ချက်သာကြည့်ကာ

"ကျွန်တော်က ဘာလို့ရွေးရမှာလဲ"

"အဲတာ ဝန်ကြီးသမီးတွေနဲ့ ကုမ္ပဏီပိုင်ရှင်သမီးတွေပဲ အကုန်လုံးကလှလည်းလှသလို ပညာတက်တွေကြီးပဲ မင်းအဲ့ထဲက တစ်ယောက်နဲ့လက်ထပ်ရမယ် ငါစီစဉ်ပေးမယ်"

You've reached the end of published parts.

⏰ Last updated: Aug 03, 2024 ⏰

Add this story to your Library to get notified about new parts!

Next Part Please 🥺💗

2mo ago

MAYBE MY BOYFRIEND [Ongoing]Where stories live. Discover now