part1

216 6 0
                                    

သူမ မသိသောလျို့ဝှက်ချက်လေး

အပိုင်း၁

ကျွန်တော်ဒီနေ့ထူးဆန်းတဲ့ကောင်မလေးတစ်ယောက်နဲ့ဆုံခဲ့တယ်ဗျာ။သူမ့ကချောတာတွေလှတာတွေမဟုတ်ဘယ်လိုပြောရမလဲချစ်စရာတော့ကောင်းတယ်။ဆံပင်ကိုမလုပ်တတ်လုပ်တတ်နဲ့ရှုပ်ပွနေတာ။
တက္ကသိုလ်ရောက်ရင်တော့မိန်းကလေးဆိုတာဆံပင်ပုံစံလေးတော့နည်းနည်းလုပ်တတ်နေ ပြီမလား။သူမကတော့အဲ့လိုမဟုတ်ဘူး။ကလေးအတိုင်းပဲကျွန်တော်နဲ့စကားပြောတာကိုဟုတ်တစ်လုံးပဲပြောတဲ့ငရှုပ်မလေး။
ကျွန်တော့်ကျွန်တော့်ကောင်မလေးနှင်းဧကရီနဲ့ရန် ဖြစ်ပြီးဆိုင်ထဲကထွက်လာခဲ့တယ်။ကျွန်တော့်ကောင်မလေးနောက်လိုက်သွားတာပေါ့။နှင်းကကားလမ်းတစ်ဖက်ရောက်သွား ပြီမို့ကျွန်တော်လည်းလိုက်သွားခဲ့သည်။
ကျွန်တော်ကားလမ်းကူး ပြီးတစ်ဖက်အရောက်အနောက်ကနေကောင်မလေးတစ်ယောက်ချော်လဲသွားတာနဲ့လှည့် ကြည့်မိသည်။ကောင်မလေးက
လမ်းပေါ်မှာကားလာနေတာကိုမရှောင်ပဲချော်လဲသွားတယ်ဗျာ။
လဲကျနေတာတောင်မထဘူး။ထိုင်နေ ပြီးဘာ ဖြစ်နေတာလဲမသိ။
"..အဆင်ပြေရဲ့လား..ညီမ"
ကျွန်တော်ဘာလို့လဲမသိနှင်းနောက်ကိုမလိုက်သွားပဲကောင်မလေးဆီကိုသွားကူပေးလိုက်မိသည်။
ကောင်မလေးကကျွန်တော့်ကို မြင်တော့အံ့ သြတဲ့မျက်လုံးတွေနဲ့ ကြည့်နေလေသည်။ကျွန်တော်လည်းနောက်ထပ်စကားပြောလိုက်မိသည်။
"မင်းအဆင်ပြေရဲ့လား"
"ရှင်"
ကောင်မလေးကဘာတွေစဉ်းစားနေလဲမသိဘူးကျွန်တော့်ကိုစိုက် ကြည့်နေတာ။နောက်တော့သူမအသိဝင်လာတယ်နဲ့တူတယ်။
ဟုတ်ဟုတ်ဟုတ်ပြောနေတာမျက်နှာတွေကလည်းနီရဲနေတာပဲ။
သူမရှက်နေတာနဲ့တူတယ်။ကျွန်တော့်ကြောင်တောင်တောင်လေးနဲ့ စကားထစ်နေတဲ့သူမ့ကို ကြည့် ပြီးပြုံးလိုက်မိသည်။
သူမ ေတာ့ မြင်သွားမလားမသိ။
"အဆင်ပြေတယ်မလား"
"ဟုတ်..ဟုတ်..ဟုတ်"
ကလေးမလေးကတော့တကယ်တည်းဟုတ်တစ်လုံးပဲပြောနေတယ်
သူမပုံ ကြည့်ရတာမ မြင်တာ ကြာ ပြီးဖြစ်တဲ့သူကိုတွေ့နေရသလိုပဲ။
ကျွန်တော်သူမ့ထက်နှင်းနဲ့စာရင်းရှင်းရဦးမှာပဲ။သူမချစ်စရာကောင်းတာကိုတော့ဆက် ကြည့်ချင်ပေမဲ့နှင်းနဲ့ကမ ပြီးသေးဘူး။ကလေးမကိုမထားချင်ပေမဲ့ထားခဲ့ရဦးမှာပဲ။
"ဒါဆိုခွင့်ပြု့ဦးနော်"
"ဟုတ်"
အဆုံးထိဟုတ်တစ်လုံးပဲပြောတဲ့ကလေးမ။တကယ်ကိုအမိန့်နာခံတဲ့ကလေးလိုပဲ။ကျွန်တော်သူမပုံစံကိုသဘောကျစွာနဲ့ပဲခေါင်းခါ ပြီးထွက်လာခဲ့မိသည်။
ကျွန်တော်နှင်းရဲ့နောက်ကိုဆက်လိုက်သွားခဲ့သည်။
🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎🍎
ကျွန်တော်တို့မေဂျာကဂျူနီယာလေးတွေကိုသင်တန်းဆင်းရမဲ့နေ့။
ကျွန်တော်အိမ်ကနေထွက်လာတာနောက်ကျတာကြောင့်အတန်းထဲကိုနောက်ကျမှရောက်သည်။
ကျွန်တော်လည်းရောက်ရောအခန်းထဲမှာလူစုံနေ ပြီ။
ကျွန်တော်မနေ့ကနှင်းနဲ့ရန် ဖြစ်ထားတယ်။ဒီနေ့သူမ့ကိုလှမ်းကြည့်တော့သူမယောက်ျားလေးအတန်းမှာစာရှင်းပြနေလေတယ်။
ကျွန်တော်သဝန်တိုပြီးသူ့နားသွားလို့လဲမှမရတာ။ဒီဘက်ကနောက်ဆုံးတန်းကကောင်မလေးအတန်းပဲလာလိုက်ရတယ်။
ပထမဆုံးသတိထားမိတာပဲ။မျက်မှောင်ကြုတ်ပြီးနှင်းကိုလှမ်းကြည့်နေတာကျွန်တော်သူ့နားရောက်တာတောင်သတိမထားမိဘူး။
"ဟေ့..ကလေး..ဘာကြည့်နေတာလဲ.."
သေချာကြည့်မှပဲမှတ်မိတယ်။ဟိုတစ်နေ့ကကောင်မလေးဗျာ့။
ကျွန်တော့်ကိုကြောင်တောင်တောင်လေးနဲ့ကြည့်နေလေသည်။
"ဘာတွေကြည့်နေတာလဲ..ဒီကိုဂရုစိုက်လေ.."
"ဟုတ်..ဟုတ်..ဟုတ်ကဲ့.."
တကယ့်ကလေးမ။ကျွန်တော်အဲ့နေ့ကစာတော်တော်လေးရှင်းပြလိုက်ရတယ်။သူဒီပညာကိုဘာလို့စိတ်မပါပဲယူခဲ့လဲမသိ။
သူမပြောတာတော့သူမ ချစ်တဲ့သူကြောင့်တဲ့။ဘယ်လိုအရူးထတာလဲလို့တောင်ကျွန်တော်ထင်ခဲ့မိတယ်။
အဲ့တုန်းကထင်ခဲ့မိပေမဲ့သူမကချစ်စရာတော့ကောင်းသား။သီချင်းဆိုတာလဲအသံကောင်းတယ်။ကျွန်တော့်ကိုအကိုခန့်ခန့်လိုခေါ်လို့ရမလားလို့မေးသေးတယ်။ကျွန်တော်လည်းရတယ်လို့ပြောခဲ့မိတာပဲ။
ဒါပေမဲ့နောက်ပိုင်းသူမကျွန့်တော့်ကိုအကိုလိုပဲခေါ်တော့တယ်။
😆😆😆😆😆😆😆😆😆😆😆😆😆😆😆😆
ညကြီးမင်းကြီးကောင်မလေးတစ်ယောက်ကျွန်တော့်
fb accကိုfriလာအပ်တယ်။
ကျွန်တော့်သေချာမကြည့်မိလိုက်ရဘူး။
ကျွန်တော်အမှန်တော့နှင်းရဲ့အပြောတွေကြောင့်မိန်းကလေးတွေကိုfriသိပ်လက်မခံဘူး။နှင်းကအရမ်းကိုရစ်တတ်တာ။
ကျွန်တော့်ဟိုကလေးနဲ့ပြန်တွေ့မယ်လို့မထင်ထားဘူး။ကျွန်တော်နဲ့နှင်းအအေးဆိုင်မှာထိုင်နေချိန်ကလေးနဲ့သူမသူငယ်ချင်းတွေဝင်လာတာကိုမြင်လိုက်တယ်။
ကျွန်တော်ဘယ်ချိန်ကနေစပြီးသူမ့ကိုကလေးလို့ခေါ်နေမိမှန်းမသိ။
အခြားအငယ်တွေကိုလည်းကလေးလို့ခေါ်ပေမဲ့သူမ့ကိုခေါ်လိုက်ရင်တစ်မျိုးပဲ။ကျွန်တော်ကိုယ်တိုင်ကလိုလိုလားလားခေါ်နေမိတာ။
စတွေ့ကတည်းသူမကကျွန်တော့်အတွက်ထူးခြားတဲ့သူလိုပဲ။သူမ့ကိုတွေ့တာသုံးခါရှိပြီ။အရင်နှစ်ခါတုန်းကသူမကိုအလွဲတွေနဲ့ချည်းတွေခဲ့ရတယ်။အခု့တစ်ခါကောဘယ်လိုနေမလဲမသိ။
ဪ..ပြောလို့မှမဆုံးသေးဘူး..
"အား..အား.."
သူမ့ကျွန်တော့်ဘေးမှာလဲကျသွားသည်။ဗိုက်ကိုကိုင်ထားတာဗိုက်အောင့်လို့နဲ့တူတယ်။
"ဘာဖြစ်လို့လဲ.."
ဒီလိုနဲ့သူမကိုတတိယအကြိမ်ဆုံမိပြီ။
ကျွန်တော်ပြောပါတယ်သူမနဲ့တွေ့တိုင်းအလွဲတွေချည်းပဲ။
သူမ့အဆောင်ကိုကျွန်တော့်ဆိုင်ကယ်နဲ့လိုက်ပို့ပေးခဲ့ရတယ်။နှင်းနဲ့ချိန်းထားတာတောင်မေ့သွားပြီးသူမ့ကိုလိုက်ပို့မိသွားတယ်။
🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓🍓
နောက်တစ်နေ့ကျကျွန်တော်သူမ့ကိုaccလက်ခံခဲ့မိတယ်။နှင်းပြောမှာကိုလည်းစိတ်မပူမိတော့ဘူး။
ကလေးကျွန်တော့ကိုစကားလာပြောတယ်။
မနေ့ကကူညီပေးတာကိုကျေးဇူးတင်ပါတယ်တဲ့။
အမှန်ဆိုကျွန်တော်မိန်းကလေးတွေစကားမပြောချင်ဘူး။သူမ့ကျဘာလို့ကူညီပေးပြီးစကားပြန်ပြောခဲ့မိလဲမသိပါဘူး။
အဲ့နေ့ကျောင်းမှာဟောပြောပွဲရှိတယ်။စီနီယာပီပီလုပ်ကူရမှာပေါ့။
အဲ့နေ့နှင်းနဲ့ပြဿနာကတက်နေတာမို့သူမနဲ့သိပ်ပြီးအဆင်မပြေ။
နှင်းကလည်းကျွန်တော့်ကိုဂရုမစိုက်ဘူး။
ကျွန်တော်မျှော်နေမိတဲ့သူကတော့ရောက်လာပြီ။သူမ့မျက်နှာကညိုးနေသလိုပဲ။ကျွန်တော့်တွေ့တာတောင်နှုတ်မဆက်ဘူး။ဘာဖြစ်လို့လဲမသိဘူး။
သူမတို့အဖွဲ့အခန်းထဲဝင်သွားတဲ့နောက်ကျွန်တော့်အနောက်ကနေလိုက်သွားခဲ့သည်။
သူမ့ခေါင်းမူးနေလို့လားမသိ။
စင်ကိုလှမ်းမကြည့်ပဲမျက်လုံးကြီးမှိတ်ထားသည်။

လက်ထဲတွင်အသင့်ပါလာသောကော်ဖီနွေးနွေးလေးတစ်ခွက်။သူမ့နောက်မှကျွန်တော်သွားထိုင်မိရင်းသူမနဲ့စကားပြောဖို့နည်းလမ်းရှာခဲ့မိသည်။
"အကိုခန့်ခန့်.."
"အခု့တော့နှုတ်ဆက်ပြီပေါ့.."
သူမလေးနေမကောင်းလို့အဆောင်ပြန်မယ့်ဟာကျွန်တော်သူမနှင့်အတူရှိနေချင်တာကြောင့်လိုက်ပို့ပေးမယ်ချည်းဇွတ်လုပ်ခဲ့သေးတာ။ပြန်စဥ်းစားမိတော့ကိုယ်ကိုကိုယ်တောင်အရှက်မဲ့ခဲ့ပါလားဆိုပြီးရယ်ချင်တယ်။

အဲ့နေ့ကသူမနှင့်ကျွန်တော်မြို့တစ်မြို့ထဲကျောင်းတစ်ကျောင်းထဲဆိုတာကိုပါသိခဲ့ရတယ်။
သူမလေးကကျွန်တော့်ကိုသိတယ်တဲ့ဗျာ။အကိုကစာတော်တာကိုတဲ့။
နောက်ပြီးသူမမှာသဘောကျနေတဲ့သူရှိတဲ့အကြောင်းသူကြောင့်ပဲဒီကျောင်းကိုရွေးခဲ့တဲ့အကြောင်းပါသိရသည်။

ကိုယ်ကိုတောင်မသိတဲ့သူအတွက်ကျောင်းတောင်လာတက်ရတယ်ဆိုတော့သူမ့ကိုမိုက်ရူးရဲဆန်တယ်ပြောရမလား။အချစ်ကြီးတယ်ပဲပြောရမလား။
ကျွန်တော်လည်းမစဥ်းစားတတ်တော့ဘူး။
သို့သော်သူမ၏အချစ်ကိုတော့ကျွန်တော်အထင်ကြီးမိသွားတာအမှန်ပင်။
ထိုအချိန်မှာနှင်းသာမရောက်လာခဲ့ရင်သူမနှင့်အကြာကြီးစကားပြောခဲ့ရမှာ။

နောက်တစ်နေ့နှင်းနဲ့စကားအပြတ်ပြောဖို့ချိန်းထားပြီးအပြန်နှင်းကနောက်ဆုံးအနေနှင့်မုန့်တူတူလေးစားရအောင်ဆိုပြီးခေါ်လာလို့လိုက်လာခဲ့မိသည်။
ထောင့်စွန်းဝိုင်းမှာထိုင်နေသည့်ကလေးတို့အတွဲကျွန်တော့်မျက်လုံးထဲတန်းကိုဝင်လာခဲ့၏။

သူမတို့မျက်စောင်းထိုးဝိုင်းတွင်ထိုင်ပြီးကြည့်နေမိသည်။
ဘာလို့မှန်းမသိကျွန်တော်ရင်တွေတမျိုးကြီး။အခြားကောင်လေးတစ်ယောက်နဲ့တွဲမြင်လိုက်လို့များလား။
ထိုကောင်လေးကသူမပြောဖူးတဲ့သဘောကျနေတယ်ဆိုတဲ့ကောင်လေးလား။

သူမကျွန်တော်တို့နားဖြတ်အလာစိတ်မထိန်းနိုင်ပဲသူမ့ကိုမေးမိမေးရာမေးလိုက်မိသည်။
ထိုသို့မေးလိုက်မိတာသူမများတစ်မျိုးထင်သွားမလား
ပြန်သွားတဲ့အချိန်မှာတောင်ကျွန်တော့်ကိုနှုတ်ဆက်မသွားဘူးဆိုတော့လျှာရှည်မိသည့်ပါးစပ်ကိုစိတ်ဆိုးသွားတာများလား။
💚💚💚💚💚💚💚💚💚💚💚💚💚💚💚
#မဒီ
အကိုမသိသောလျှို့ဝှက်ချက်လေး၏အဆက်လေးပါ။
တင်ပေးမယ်ပြောပြီးမတင်ဖြစ်လို့ပါ။အခု့မှတင်ပေးမိတယ်😅
တစ်ဖြတ်ကိုတစ်ပိုင်းစာလေးပါအကိုခန့်ခန့်ရဲ့လျို့ဝှက်ချက်လေးပေါ့။
အကိုမသိသောလျို့ဝှက်ချက်လေးကိုအရင်ဆုံး
ဖတ်ရင်ပိုကောင်းပါတယ်။

သူမမသိသောလျို့ဝှက်ချက်လေးWhere stories live. Discover now