Ep-9 (Part 2)

54 12 1
                                    

_____________________

             The Hidden Moon

တစ်ချို့သောဖြေရှင်းမရတဲ့ပုစ္ဆာတွေဟာခက်ခဲတယ်။နက်နဲတယ်...။ဆန်းကြယ်သလိုရှုပ်ထွေးတယ်။သို့ပေမဲ့အရာအားလုံးဟာပုစ္ဆာတစ်ခုရဲ့ခေါင်းစဉ်ကိုသိလိမ့်လျှင်ပြေလည်သွားလိမ့်မည်။ခေါင်းစဉ်တပ်မရသောပုစ္ဆာဖြစ်နေလျှင်ကော??

ရှုပ်ထွေးရင်းနက်နဲရင်းနဲ့ပဲသံသရာဟာလည်နေဆဲ။

ယခုလေးတင်ဖုန်းဆက်ပြီးခဲ့သောထိုလူကြောင့်Jisungမှာသူ့ဈေးခြင်းတောင်းလေးကိုတောင်Felixဆီအပ်ခဲ့ပြီး....သုတ်ခြေတင်သောခြေလှမ်းများနှင့်သာအနီးအနားရှိ....တာလမ်းမကြီးဆီပြေးလွှားနေရသည်။

ဘာကိစ္စများအနားမှာနေပေးဖို့ကိုယ်တိုင်လက်ခံခဲ့မိတာလဲတွေးမရခဲ့။အဲ့တုန်းကလည်းJisungကိုယ်တိုင်ပဲမဆိုင်းမငံ့ပြန်ဖြေခဲ့မို့ကိုယ့်ကိုယ်ကိုလည်းနားမလည်နိုင်။

သူငယ်ချင်းအချင်းချင်းဟုအကြောင်းပြချင်သော်လည်းသူငယ်ချင်းဆိုသူမှာသူအရင်ကစိတ်တိုဆဲဆိုခဲ့သောအရှုပ်ထုပ်တစ်ယောက်ဖြစ်နေလေတယ်။ခင်တာကြာပြီလို့ဆိုနိုင်ပေမဲ့....Alphaတစ်ယောက်အတွက်နဲ့သူကအချိန်ကုန်ဆုံးပေးရတာလည်းအဓိပ္ပါယ်မဲ့နေသလိုပဲ။

စိတ်အစုံကတော့ထိုသူ့ဆီရောက်ရန်ဖိအားများစွာပေးနေခဲ့တယ်။စိုးရိမ်တုန်လှုပ်မှုတွေကလည်းအေးစက်ခြောက်ကပ်သောအသံကြားပြီးကတည်းကမပြေပျောက်သေး....။Lee Minhoကြောင့်သူ့ခံစားချက်များကတစ်ဖြည်းဖြည်းရှုပ်ထွေးလာသည်။

Lee Minhoကသူ့ကိုဘာဖြစ်စေချင်နေတာလဲ!!

အမောတကောပုံပျက်ပန်းပျက်နဲ့သူ့ပုံစံဟာကြည့်မကောင်းခဲ့.....။
လှမ်းနေခဲ့သောခြေလှမ်းများရပ်တန့်သွားခဲ့သည်မှာခြေ၅လှမ်းအဝေးလောက်ကကားနက်ကြီးကိုမှီရပ်နေသောသူကြောင့်......။

ပျက်ယွင်းဖျော့တော့နေသောမျက်နှာဟာမှမျက်ဝန်းသေများဟာမြေကြီးပေါ်မှသစ်ရွက်ခြောက်များကိုစိုက်ကြည့်နေခဲ့ပြီးလက်ပိုက်၍ခြေထောက်များကသစ်ရွက်များကိုတရှပ်ရှပ်တိုက်ချနေတယ်။

𝐓𝐡𝐞 𝐇𝐢𝐝𝐝𝐞𝐧 𝐌𝐨𝐨𝐧(𝕊𝕂ℤ 𝔽𝔽)Where stories live. Discover now