အခန်း(၁၆)

45 0 0
                                    

💏အနမ်းရိုင်း💏

💕အခန်း(၁၆)💕

"သွားမယ်..."

"ဟင် ဘယ်ကိုလဲ မမကျူး..."

မမကျူးက ပိုးကိုမကြည့်ဘဲ ခြံအကျယ်ကြီးတစ်ခုရှေ့မှာ ကားကိုရပ်လိုက်လေသည်။ ခြံတံခါးကို အလုံပိတ်ထားသဖြင့် အထဲကိုသေချာလှမ်းမမြင်ရပေ။

"ရွာကနေ လက်ဆောင်တွေပါလာတယ်ဆို..."

"ဟုတ်... မြေပဲယိုတွေ ထန်းလျက်နဲ့ အညာသားကျောကုန်းမုန့်တွေတော့ပါလာပါတယ် မမကျူး... ဘာဖြစ်လို့လဲဟင်..."

"လက်ဆောင်တွေပါလာတယ်ဆိုရင် သူငယ်ချင်းကိုလည်း လက်ဆောင်ပေးရမှာပေါ့..."

"သူငယ်ချင်း..."

ပိုး မမကျူးပြောတာကို နားမလည်ဘဲ မမကျူးရဲ့မျက်နှာကိုကြည့်လိုက်တော့ မမကျူးရဲ့မျက်နှာကပြုံးကာ တစ်နေရာသို့ကြည့်နေလေသည်။ မမကျူးကြည့်နေတဲ့နေရာကို ပိုး လှမ်းကြည့်လိုက်ကာ မျက်လုံးပြူးသွားတော့သည်။

"သစ္စာအဓိဌာန် စံအိမ်တော်..."

"ဟုတ်တယ် ဒါ သစ္စာဦးရဲ့အိမ်ပဲ ပိုး... အဲ့ဒါကြောင့် ပိုး သူ့ကို လက်ဆောင်ပေးလို့ရအောင် မမခေါ်လာပေးတာ..."

"ပိုးနဲ့သူက အဲ့လောက်မရင်းနှီးပါဘူး မမရယ်... မသွားချင်ပါဘူး..."

"ဪ မိပိုးရယ်... သူက ညည်းကိုခင်ပါတယ်..."

ပိုး ခေါင်းကို ခပ်ကြမ်းကြမ်းရမ်းပစ်လိုက်ကာ

"ဟင့်အင်း... မခင်ဘူး မမကျူး... နောက်ပြီး သူက ကြီးကျယ်တယ်... ပိုး ပေးရင်လည်း သူ ယူမှာမဟုတ်ဘူး..."

"သူက သူငယ်ချင်းလို့မသတ်မှတ်လည်း ပိုးက သတ်မှတ်ရမယ်လေ... လာ သွားရအောင် ကားပေါ်ကဆင်း..."

"ဟင်..."

မမကျူးက ကားသော့ကိုဖြုတ်ကာ ကားပေါ်ကဆင်းဖို့ပြင်နေသဖြင့် ပိုး မျက်လုံးပြူးသွားရတော့သည်။ ဘာလို့ မမကျူးက ဒီလောက်တောင်မှ သွားချင်နေရတာလဲ။ ပိုးနဲ့ သစ္စာဦးက သူငယ်ချင်းမဟုတ်ပါဘူးဆို...။

"ကျွီ..."

ခြံဝင်းတံခါးပွင့်လာတဲ့အသံကြောင့် ပိုးရော မမကျူးရော လှမ်းကြည့်လိုက်တော့ ခြံထဲကနေ ကားတစ်စီးက ထွက်လာ၏။ ကားကိုဆက်မောင်းမသွားဘဲ ခြံဝမှာပင်ရပ်ကာ ကားပေါ်ကနေ လူတစ်ယောက် ဆင်းလာလေသည်။ ပိုး သေချာကြည့်လိုက်တော့ သစ္စာဦးရဲ့အကို ကိုအဓိဌာန်ဦးဖြစ်နေ၏။ သူက ပိုးထိုင်နေတဲ့ဘက်သို့ရောက်လာကာ ကားတံခါးကို လာခေါက်နေ၏။ ပိုး ရင်တွေတုန်သွားကာ ကားမှန်ကိုချပေးလိုက်ပြီး သူ့မျက်နှာကို မရဲတရဲမော့ကြည့်လိုက်ရာ

အနမ်းရိုင်းWhere stories live. Discover now