အခန်း (၁၃၄) မြူခိုးများကြားမှ ဂူဗိမ္မာန်မြို့တော် (၇)

447 45 0
                                    



ဖျပ်……

တိုက်ရိုက်ထုတ်လွှင့်မှုက ရပ်သွားလေပြီ။

ဖူအန်က ဤသို့အရေးကြီးသောအချက်အလက်ကို လက်လွတ်မခံနိုင်ပေ။

သူမအလွန်ဒေါသထွက်သွား၏။
တိုက်ရိုက်ထုတ်လွှင့်မှုမရှိတော့သောကြောင့် ဖူအန်အနေဖြင့် ဖိုရမ်ပေါ်တွင် ဂရုတစိုက်ရှာဖွေရန် လိုအပ်သည်။

ကျော်ကြားသည့် ဆယ်လီတစ်ယောက်၏တိုက်ရိုက်ထုတ်လွှင့်မှုက ပျက်သွားသောကြောင့် လိုင်းပေါ်တွင် ဆွေးနွေးမှုများရှိရပေမည်။

ထိုအကြောင်းကိုတွေးမိရင်း ဖူအန်က ပို့စ်ကို ရှာဖွေလိုက်၏။

နံနက် ၁ နာရီ…………

ထောင်ပေါင်းများစွာသောပြန်ပြောသည့်ကွန်မန့်များအတွင်း ဖူအန်ကအသုံးဝင်သောအချက်အလက်တစ်ခုကို တွေ့လိုက်၏။

(လူတိုင်းကိုသိစေချင်တာက ဒီတိုက်ရိုက်ထုတ်လွှင့်တဲ့အန်ကယ်ကြီးက အက်ဆီးဒန့်ကြောင့် မေ့လဲသွားတာ မဟုတ်ဘူးဆိုတာပဲ…….

မြို့လယ်ဆေးရုံမှာ ဒီလိုလက္ခဏာမျိုးနဲ့ လူနာပေါင်း ၄၀ ကျော် လက်ခံထားရတယ်…………

အဲ့လူတိုင်းက ရုတ်တရက်ထိုးအန်ပြီး မေ့မျောသွားကြတာ………..သူတို့ရဲ့နှလုံးခုန်နှုန်းနဲ့ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေက ရုတ်တရက် ရှားရှားပါးပါးအဆင့်ထိ ထိုးကျသွားကြတယ်………………

သူတို့ထဲမှာ တူညီတဲ့အကြီးဆုံးအချက်ကတော့ မမေ့လဲခင်မှာ သူတို့အားလုံး မြူထုထဲမှာ ရှိနေခဲ့ကြတာပဲ………….)

ထိုစာကို လူတိုင်းက လေးလေးနက်နက် သတိမထားကြပေ။

မြို့ထဲတွင် လူပေါင်း ၂၀၀,၀၀၀ ရှိလေသည်။ နေ့တိုင်းပင် ထောင်ပေါင်းများစွာသောလူများမွေးဖွားကြပြီး ထောင်ပေါင်းများစွာသောလူများက သေနေကြသဖြင့် လူအနည်းငယ်လောက်က မေ့လဲကျသည်ကို သတိမထားကြပေ။

အောက်တွင် တုန့်ပြန်မှုကလည်း မရှိပေ။
ထိုအန်ကယ်၏ ရုပ်ရည်နှင့်ပတ်သတ်ပြီးသာ ပြောဆိုနေကြလေသည်။

ဖူအန်က ထိုအရာကိုကြည့်၍ မျက်မှောင်ကြုတ်လိုက်ပြီး ယခင်ကမြူများနှင့် မထိရန်ဆုံးဖြတ်ချက်က ညဏ်ရှိသောရွေးချယ်မှုဖြစ်ကြောင်း ပို၍သေချာလာသည်။
………………………………………………..

သေမင်းဂိမ်းထဲတွင် ချစ်မိခြင်း (Book 2)Where stories live. Discover now