Part- 16

6 2 0
                                    

Unicode

နွေဝတ်ထားသည့်ဘောင်းဘီလေးကိုအတင်းဆွဲချွတ်နေသည်ကြောင့် နွေအတင်းရုန်းနေရသည်။
နွေဘယ်လောက်ပင်ရုန်းနေပါစေအရာမထင်ပါ။ နွေဝတ်ထားသည့်ဘောင်းဘီတိုလေးမှာလဲအဝေးသို့လွင့်စင်သွားရသည်။

'မောင်အမြန်ဆုံးရောက်လာပါတော့ နွေဆက်မရုန်းနိုင်တော့ဘူး'

နွေမျက်လုံးများကိုနောက်တစ်ကြိမ်မိတ်ထားလိုက်သည်။ ကြုံရမည့်အရာတွေကိုနွေရင်မဆိုင်ရဲပါ။ နွေအနားလူတစ်ယောက်တိုးကပ်လာသည်ကိုနွေသိသည်ရုန်းလို့မရသလိုမျက်လုံးလဲဖွင့်မကြည့်ရဲပါ။ နွေကြောက်နေမိပါသည်။ ကံတရားကနွေတို့အပေါ်ရက်စက်လို့မဝသေးဘူးထင်ပါရဲ့။

'ဒိုင်း'

ကျယ်လောင်သည့်အသံနှင့်အတူ နွေကိုယ်ပေါ်သို့ပူနွေးသည့်အရည်တစ်ချို့စီးကျလာသည်ကြောင့်နွေမျက်လုံးဖွင့်ကြည့်လိုက်တော့ နွေကိုချုပ်ထားသည့်လူ၅ယောက်ထဲမှတစ်ယောက်မှာနဖူးတွင်သေနတ်ရာဖြင့်နောက်သို့လဲကျသွားသည်။

နွေကိုချုပ်ထားသည့်လက်များပြေလျော့သွားပြီး အခန်းတံခါးဝမှဝင်လာသည့်မောင်နှင့်ကိုမင်းခကိုမြင်လိုက်ရသည်။ ကိုမင်းခကမမဆီသွားကာသူဝတ်ထားသည့်coatကိုချွတ်ပြီးမမကိုယ်ပေါ်ခြုံပေးနေသည်။ မောင်ကတော့နွေကိုသေချာကြည့်နေပြီးမောင့်မျက်ဝန်းများမှာနီရဲလာလေသည်။ ဒေါ်လေးအော်သံကြားမှနွေအ​ခြေနေကိုပြန်သတိရသွားသည်။

"ဟဲ့ကောင်တွေဘာကြည့်နေတာလဲအဲဒီနှစ်ယောက်ကိုပါရှင်းပစ်လိုက်"

၅ယောက်၂ယောက်အင်အားမမျှပေမဲ့ မောင့်ပုံစံကသွေးဆာနေသည့်သူတစ်ယောက်လိုသူ့ရှေ့ကလူတွေကိုညှာတာမှုမရှိရိုက်နက်နေသည်။ ကိုမင်းခကလဲမမကိုအပြင်ခေါ်ထုတ်ဖို့ကြိုးစားနေသည်ကြောင့် နွေဘောင်းဘီတိုလေးကိုပြန်ဝတ်လိုက်ပြီးမမဆီအမြန်ပြေးသွားလိုက်သည်။ နွေရောက်သွားတော့မောင်ကသူဝတ်ထားသည့်coatကိုတိုက်ခိုက်နေရင်းမှရအောင်ချွတ်ပြီးနွေဆီပစ်ပေးလာသည်ကြောင့်နွေဝတ်ထားလိုက်သည်။

"ကိုကိုပန်းချီနဲ့နွေကိုအပြင်ခေါ်ထုတ်သွားလိုက်"

"ဖြစ်ပါ့မလား"

You've reached the end of published parts.

⏰ Last updated: Aug 30, 2024 ⏰

Add this story to your Library to get notified about new parts!

ကြွေပြန်တစ်ခါ စကားပွင့်တို့Where stories live. Discover now