(၇)

111 7 0
                                    

Unicode

ဇူလိုင်လကုန်။

အပြင်ဘက်၌ လောကကြီးသည် ငိုကြွေးလျက်ရှိနေလေသည်။ ကျောင်းခန်းထဲရှိ ကျောင်းသားများမှာတော့ အပျော်တွေလွန်ကဲနေ၏။ အကြောင်းမှာတော့ ဇူလိုင်လ၏ လပတ်စာမေးပွဲ ပြီးပြီဖြစ်သောကြောင့်ပင်။

"နောက်ဆုံးတော့ ပြီးပြီကွ"

သုထက်တစ်ယောက် အနောက်သို့ လှမ်းမှီရင်း ရွှင်လန်းစွာ ပြောသည်။ သူ့အနောက်က ကျောင်းသားက စာစစ်နေရင်းနှင့်မှ သုထက်ကို မကြည်သလို လှမ်းကြည့်လာသည်။

"သုထက်ရေ၊ သူများခုံပေါ် မမှီနဲ့လေကွာ"

ဘေးက ခမ်းမောင်က စာအုပ်တွေကို လှန်လျောကြည့်ရင်းက ပြောသည်။ သုထက်လည်း နှုတ်ခမ်းကို မဲ့ကာ ခန္ဓာကိုယ်အား ပြန်မတ်လိုက်၏။

"အောက်တိုဘာ တစ်ခါ၊ ဒီဇင်ဘာ တစ်ခါ၊ ဖေဖေါ်ဝါရီ တစ်ခါ ကျန်သေးတယ်"

စာအုပ်တွေကို ကျောပိုးအိတ်ထဲ လှမ်းထည့်ရင်း လွန်းညီက လှမ်းပြော၏။ သုထက် သက်ပြင်းတစ်ချက်ကို စိတ်ပျက်စွာ ချလိုက်မိသည်။ တကတည်း၊ သူ့ကို ပြည့်ပြည့်ဝဝကို ပျော်ခွင့်မပေးကြပါလားနော်။

စာပြန်စစ်ပြီးသော ခမ်းမောင်က ပစ္စည်းများကို သူ၏ လွယ်အိတ်ထဲ ပြန်သိမ်းသည်။ ထို့နောက် မတ်တပ်ရပ်ကာ ကျောင်းစိမ်းပုဆိုးကို ပြန်ပြင်ဝတ်၏။

"အိမ်သာ သွားလိုက်ဦးမယ်။ ထမင်း စားချင်ရင်လည်း စားထားနှင့်ကြ"

"ငါလည်း လိုက်မယ်လေ"

ခမ်းမောင်က ဘုဆတ်ဆတ်ပြန်ကြည့်ကာ

"အလှူအိမ်သွားမှာ မဟုတ်ဘူး။ အိမ်သာ သွားမှာပါဆို မင်းက ဘာလိုက်လုပ်မှာလဲ။ နေခဲ့"

ခမ်းမောင်က ပြောပြီးသည်နှင့် ချက်ချင်း ထထွက်သွားသည်။ သုထက်မာန်ကား စူပုတ်ပုတ်ဖြင့်ပင် ကျန်ခဲ့လေ၏။

"မင်းက သူအိမ်သာသွားမှာကို ဘာလိုက်လုပ်ချင်တာတုန်း"

လွန်းညီက ပြောရင်း မတ်တပ််ထရပ်သည်။

"မင်းကရော ဘယ်သွားဦးမလို့လဲ"

"ဟ... မင်းက ထမင်းမမြိုတော့ဘူးလား"

မေတ္တာသွန်းဖြိုး ၀သန်မိုးWhere stories live. Discover now