*** This is just a fanfiction . Don't be serious.***
အဆောက်အဦးတစ်ခုရှေ့အရောက်ကားကိုရပ်ပြီး အထဲကိုခြေလှမ်းခပ်သွက်သွက်နဲ့ဝင်သွားတဲ့ရစ်ခီကြောင့် နှစ်ယောက်လုံးကားပေါ်ကနေသာစောင့်နေလိုက်သည်။
"မင်း ရစ်ခီ့ကိုစကားမပြောတော့ဘူးလား"
"ပြောစရာစကားမရှိသေးဘူး"
နောက်မှာထိုင်နေတဲ့သူ့ကိုမှန်ထဲကလှမ်းကြည့်ရင်းပြောလာတာကြောင့် ဂွန်းနုလည်းခေါင်းဘဲငြိမ့်ပြလိုက်သည်။
နာရီဝက်လောက်ကြာနေတာတောင်ထွက်မလာသေးတဲ့ရစ်ခီကြောင့် ဂယူဗင်းကားပေါ်မှာထိုင်မနေတော့ဘဲဆင်းပြီး လမ်းလျှောက်နေလိုက်သည်။
နောက်၁၅ မိနစ်လောက်နေမှ လူတစ်ယောက်နဲ့အတူထွက်လာတဲ့ရစ်ခီ ၊ ကားကိုမှီပြီးရပ်နေရာမှ ရစ်ခီမတွေ့ခင်ကားထဲအမြန်ဝင်ထိုင်လိုက်တော့ သူ့ကိုမျက်မှောင်ကြုံပြီးကြည့်လာတဲ့ဂွန်းနု
"ရစ်ခီလာပြီ"
"အဲ့တာကိုအေးဆေးဝင်လာပါလား"
နောက်လှည့်ပြီးဆိုက်ကြည့်ပေးလိုက်ပေမယ့် ဖုန်းထဲအာရုံရောက်နေတဲ့ဂွန်းနုကမမြင်ဘဲ ကားထဲဝင်လာတဲ့ရစ်ခီကဘယ်လိုထင်သွားလဲမသိ
"အာ...sorry ကြာသွားတယ်"
"ရတယ် ရတယ်"
ဂွန်းနုကရတယ်ပြောပေမယ့် ဘာတစ်ခွန်းမှမပြောဘဲအပြင်ကိုသာကြည့်နေတဲ့ဂယူဗင်းကြောင့်ရစ်ခီလည်းမသိမသာသက်ပြင်းချလိုက်မိသည်။
"CEO"
အတွင်းရေးမှူးအသံကြားမှ အပြင်မှာရပ်စောင့်နေတဲ့အတွင်းရေးမှူးကိုသတိရပြီး
"ဪ...အင်း မူးလဲတဲ့တစ်ယောက်ကို တစ်ပတ်နားခိုင်းလိုက်"
"ဟုတ်ကဲ့"
"ဒီအတောအတွင်း ကျွန်တော် company မလာဖြစ်လောက်ဘူး"
"ဟုတ်ကဲ့"
အတွင်းရေးမှူးကိုမှာစရာရှိတာမှာပြီး company ရှေ့ကနေမောင်းထွက်လာခဲ့လိုက်သည်။
YOU ARE READING
𝙱𝙰𝙳 𝚁𝙾𝙼𝙰𝙽𝙲𝙴 - 𝚂𝚑𝚒𝚖𝚔𝚘𝚗𝚐𝚣
FanfictionGYUVIN X RICKY [Gyurick , Vinshen] Start Date - 17.04.2024 End Date -