အပိုင်း၅

93 7 3
                                    

မောင်ငယ့်ကိုဦးကြီးဖိုးထူးကလှည်းပေါ်ပွေ့တင်ပြီးမေနဲ့ပိုးလည်းလှည်းပေါ်တက်ကာနီးစပ်ရာရွှေတလင်းရွာထိပ်နားကဆေးပေးခန်းဆီသို့မောင်းနှင်လာခဲ့လေသည်။အကြော်ဆိုင်နဲ့ဆေးပေးခန်းကသိပ်မ၀ေးပေ။၁၅မိနစ်လောက်သာမောင်းရသည်။အကြော်သည်မပုဆိုင်ကရွှေတလင်းနဲ့တမာတန်းသွားတဲ့ဖြတ်လမ်းဘေးမှာဖွင့်ထားလေသည်။

''မောင်ငယ်...နာနေလားဟင်''ပုလ္လင်နောက်ကျောကခြစ်မိတဲ့ဒဏ်ရာကထိုးကြိတ်နေတုန်းသွေးပူနေတော့မနာပေမယ့်အခုတော့အတော်လေနာကျင်ကိုက်ခဲလာလေသည်။ပုလ္လင်နေရတာခက်ခဲတာကြောင့်ကိုယ်ကိုဘေးစောင်းလှည့်လိုက်ရာလှည်းဘေးနားကအချွန်နဲ့ဒဏ်ရာကိုအနည်းငယ်ထိခိုက်မိသွားတော့နာကျင်စွာအော်ဟစ်လိုက်လေသည်။

''အားးး...''မေမောင့်ငယ်၏နာကျင်စွာအော်ဟစ်သံကြောင့်စိုးရိမ်သွားကာ''မောင်ငယ်...''

''အားးးး...''ပုလ္လင်ဟာနာကျင်နေသည်ကိုအံကြိတ်ရင်တချက်တချက်ထအော်တာကြောင့်အကုန်လုံးစိတ်ပူကုန်ကြသည်။

''အကိုခနလေးသည်းခံပေးပါဆေးပေးခန်းကိုရောက်တော့မယ်နော်..ခနလေးပါဘဲဦးကြီးမြန်မြန်မောင်းပေးပါ''

ဦးဖိုးထူးလည်းနွား၂ကောင်ကိုနှင်တံနဲ့ထိုးကာလိုတာထက်ပိုပြီးအရှိန်တင်လိုက်လေသည်။

မေမောင်ငယ့်ကိုကြည့်ရင်မျက်ရည်၀ဲလာမိသည်။

''အန်တီ့လက်ကိုကိုင်ထားကလေးငယ်...''နွေးထွေးသောလက်တစ်ဖက်နဲ့အတူချိုသာလှသောစကားတစ်ခွန်းဟာအမျိုးသမီးကြီးနှုတ်မှထွက်ကျလာခဲ့လေသည်။

မေလည်းမောင်ငယ့်ကိုရင်ခွင်ထဲပွေ့ဖက်ထားရင်မျက်ရည်များမကျမိအောင်ထိန်းနေရသည်။

၁၀မိနစ်ကြာတော့ဆေးပေးခန်းရှေ့ကိုရောက်လာခဲ့လေသည်။ဦးဖိုးထူးဟာလှည်းပေါ်ကခုန်ဆင်းပြီးပုလ္လင့်အားပွေ့ချီကာဆေးခန်းထဲသို့၀င်သွားလေသည်။

''ဆရာ!!!ဆရာ...''မြင့်မြတ်မျိုးဟာစာအုပ်ဖတ်နေရာမှဆေးခန်းထဲအလောတကြီး၀င်လာသောဦလေး၏လက်ထဲမှာလူနာဖြစ်ဟန်တူသည့်ကောင်လေးတစ်ယောက်ပါလာလေသည်။မြင့်မြတ်ဒီကောင်လေးကိုမြင်ဖူးသည်။
အဲဒါကအရေးမကြီးလူနာကအရေးကြီးသည်။

ချစ်ချိုမုန်းခါး...မောင့်မယား(ခ်စ္ခ်ိဳမုန္းခါး...ေမာင့္မယား)Where stories live. Discover now