🔥17🔥

40 12 5
                                    

🔥17🔥

U

" နည်းနည်းလောက် ထပ်စားပါဦးလား ကလေးရဲ့... "

" ဟင့်အင်း တော်ပြီ မစားချင်တော့ဘူး... "

" ဘယ်လောက်မှလည်း မစားရသေးပဲနဲ့ ကလေးရယ်  ၁လုပ်၂လုပ်ပဲနော် လိမ္မာပါတယ်.... အာ... "

ချော့မော့ပြောနေသူကြောင့် harutoလည်း မစားချင်စားချင်နဲ့ ဆန်ပြုတ်တစ်ခွက်လုံး ကုန်အောင် သောက်လိုက်ရပြန်ပါသည်။ အကိုက သူ့ကို နိုင်မယ့်နည်းကို သိနေတော့လည်း ကြာကြာမဆိုးနိုင်ပေ...

အခုဆို hauto သတိပြန်ရတာ ၁ပတ်ပင် ပြည့်တော့မည်။ ဆေးရုံက မဆင်းရသေးပေမဲ့ ဒဏ်ရာကတော့ အတော်ပင် သက်သာလာပြီဖြစ်သည်။ နေရတာလည်း အကိုရှိနေလို့ထင်... အရမ်းကို အဆင်ပြေလေသည်။ အကိုက ကျွန်တော့်ဘေးမှာ တစ်ချိန်လုံးရှိနေပေးပြီး အရိပ်ကြည့်ကြည့် ပြုစုပေးသည်။ ဒီလိုကျတော့လည်း ကျွန်တော် တစ်သက်လုံးတောင် ဆေးရုံတက်နေချင်လိုက်တာဗျာ....

ကျွန်တော် သတိရလာတဲ့နေ့တည်းက အားလုံးကို မေ့ပစ်ခဲ့တာ... ကျွန်တော့်ရဲ့ နာကျင်ခြင်းတွေ ဝမ်းနည်းခြင်းတွေနဲ့အတူ ကျွန်တော့်အတိတ်က အရာအားလုံးကို ကျွန်တော် မေ့ဖျောက်ခဲ့မိသည်။ ကျွန်တော် သိတဲ့ ကျွန်တော် လက်ခံထားတဲ့ မှတ်ညာဏ်ထဲမှာ အကိုပဲ ရှိတယ်... ကျွန်တော့်ရဲ့ ကမ္ဘာကလည်း အကိုတစ်ယောက်တည်းပဲ... အဲ့ ကမ္ဘာငယ်လေးကို ကျွန်တော့်အချစ်တွေနဲ့ ဆေးခြယ်ပြီး အကိုနဲ့အတူ အပျော်ဆုံး ဖြတ်သန်းမယ်...

စိုးရိမ်စိတ်တွေပြည့်နေတဲ့ အကို့မျက်ဝန်းတွေ တချိန်လုံး ငိုနေခဲ့တဲ့ အကို့မျက်ရည်တွေကို တွေ့ရရုံနဲ့တင် ကျွန်တော် အကို့ကို လက်မလွှတ်ဖို့ လုံလောက်နေပြီလေ...

" မနက်ဖြန်ကျရင် ကလေးဆေးရုံ ဆင်းလို့ရပြီတဲ့... အကိုနဲ့အတူ အိမ်ပြန်ကြမယ်နော်... "

အိမ်တဲ့.... ကျွန်တော် မေ့ဖျောက်ချင်တဲ့အထဲမှာ အိမ်လည်းပါတယ်... ကျွန်တော့်အတွက် အချိန်ပြည့် မွန်းကျပ်စေခဲ့တဲ့နေရာ... ကျွန်တော့် မျက်ရည်တွေ ရှိုက်သံတွေနဲ့ပဲ ပြည့်နေတဲ့ အခန်း... ကျွန်တော် ပြန်မသွားချင်ဘူး... အိမ်ပြန်ရောက်ရင် အကိုက hyungနဲ့....

You've reached the end of published parts.

⏰ Last updated: Sep 18, 2024 ⏰

Add this story to your Library to get notified about new parts!

Villain ( ဗီလိန္ / ဗီလိန် )Where stories live. Discover now