Ep-34(Zawgyi)

3.5K 62 0
                                    



"အစ်ကို ဒီမှာကြည့် "

ကြည်နူးရိပ်လွှမ်းသော မိုင်းရဲ့အသံက ပြေခတ်ဖြတ်ကျော်ခဲ့ရသည့် နာကျင်မူတွေအကုန်လွင့်ပြယ်နိုင်စွမ်းရှိသည်။ခွဲခန်းထဲကနေ သီးသန့်လူနာဆောင်ကို ရောက်သည်အထိ ကလေးကို လက်ကပိုက်ရက်အတိုင်း ပြေခတ်မျက်နှာကိုပဲ ကြည့်နေခဲ့တဲ့မိုင်း။

ထုံဆေးကြောင့် ခွဲထားတဲ့ဒဏ်ကိုမသိဘဲ သူ့ခြေထောက်တွေက ဘာခံစားမူမှမရှိ။လှုပ်လို့မရဘဲ ပက်လက်အတိုင်းရှိနေသော ပြေခတ်ထံကို အနှီးထုပ်လေးအား သေချာပြသည်။

သွေးကြောလေးတြွမေင်ရသည်အထိဖြူဖွေးနေသော မျက်နှာလေး၊တစ်စွန်းတစ်စပေါ်နေသည့် ဉီးခေါင်းအထပ်မှ ဆံပင်လေးတွေဟာ ရွှေအိုရောင်တောက်တောက်လေးတွေ၊ ဝိုင်းစက်နေသည့် မျက်ဝန်းလေးတစ်စုံဟာ ပွေ့ချီထားသော သူ၏ပုံတူကူးထားသလို ရှားပါးလွန်းသည့် အရောင်လေး။ပြေခတ် အိခနဲ ငိုချလိုက်မိသည်။ဆေးပိုက်လွတ်နေသည့် လက်တစ်ဖက်နဲ့ လှမ်းလိုက်တော့ မိုင်းက ပြုံးပြီး သူ့ပါးပြင်ကိုထိုးပေးသည်။

ဆိုင်သူ၏ ပါးပြင်ကနေ ရင်သွေးလေး၏ ခြေထောက်ရှိရာ အနှီးထုပ်လေးအထိ ပြေခတ်လက်တို့ တုန်ရီစွာရွေ့လျားနေသည်။

"သားလေး သွေးနုတဲ့အချိန်မငိုရဘူး ခေါင်းကိုက်တာမပျောက်ဘဲ ဖြစ်တတ်တယ်"

အမေက ပြေခတ်ခေါင်းကိုသပ်၍ ပြောသော်လည်း သူမကိုယ်တိုင်က မျက်ရည်တွေနဲ့။ပြေခတ်ခေါင်းညိတ်ပြပြီး မငိုမိအောင်ထိန်းလိုက်သည်။

ကလေးကို လုံးဝလက်ထဲကမချတဲ့ မိုင်းရယ် ။ သူ့အနောက်ကနေ အသဲသန်ချီချင်နေကြတဲ့ အဘနဲ့ ‌ဒေါ်သော်တာကို ကြည့်ပြီးမျက်ရည်ကြားက ပြုံးမိသည်။

နောက်ဆုံး ကြားထဲက မနေနိုင်တော့ဘဲ ရေသောက်ချင်တယ်ပြောလိုက်မှ ကလေးကို ပေးပြီး သူကိုယ်တိုင်တိုက်တာ။ခွဲထားတဲ့ ဒဏ်ကချက်ချင်းလှုပ်ရှားလို့မရသေးဘဲ ပက်လက်ကြီးတင်ကို ၅နာရီလောက်အထိနေရမည်ဖြစ်သည်။ဆေးရုံကတော့ တစ်ရက် သို့မဟုတ် လိုအပ်လျှင် နှစ်ရက်တက်ရမည်။

လှဲနေတဲ့ပြေခတ် ခေါင်းကိုထိန်းကိုင်ပြီး ပိုက်နဲ့ရေတိုက်နေတုန်း အသံစူးစူးလေးတစ်ခုက အခန်းတွင်းကျယ်လောင်စွာထွက်လာသည်။

My MineWhere stories live. Discover now