အိမ်ထဲသို့ ခြေဖော့နှင်းကာ ဝင်လာသော ရှိုင်းအာဏာမောင်ကြောင့် နှိုင်းဆုမောင်ဟာ ဧည့်ခန်းကနေကြည့်ပြီး ကြိတ်ရယ်နေရှာသည်။
ယခု ဧည့်ခန်းတွင် ရှိုင်းအာဏာမောင်ဝင်လာပါကမိသားစု စုံလင်နေပြီ ဖြစ်သည်။ နှိုင်းဆုမောင်ကြည့်ရာသို့ မိဘနှစ်ဉီးပါ လိုက်ကြည့်တော့ သူတို့၏ မနိုင်စိန် သားတော်မောင်ကို တွေ့လိုက်ရသည်။
"ဒယ်ဒီ မင်းကိုမျှော်နေတာ။ရောက်များ ရောက်လာပါ့မလားလို့"
သူ၏ ဒယ်ဒီသည် ပြင်သစ်နိုင်ငံသားဆိုသော်ငြား မြန်မာစကားကို ပိုင်နိုင်စွာ ပြောဆိုတက်သည်။
ဒယ်ဒီ့ရဲ့ စကားကြောင့် ရှိုင်းအာဏာမောင်မှာ စပ်ဖြဲဖြဲလုပ်ရင်း sofa ပေါ် ဝင်ထိုင်လိုက်သည်။
"မာမီတို့မင်းကို ပြောစရာရှိလို့"
မိခင်ရဲ့ စကားကို ကြားတော့ ရှိုင်းအာဏာမောင်လန့်ကာ ဟိုကြည့်ဒီကြည့်မျက်နှာလွဲရင်းမှ မိခင်ကို ပြန်လည်စိုက်ကြည့်သည်။
"ရာသီဉတု သာယာတယ်နော်မာမီ။ ဒါနဲ့ ဒယ်ဒီကရော ဘယ်တည်းက ရောက်နေတာလည်း။သားလာကြိုမှာပေါ့"
"အငယ်ကောင်!...အိမ်ထဲမှာနေပြီးတော့ ဘာကိုရာသီဉတုသာယာတာလဲ"
ရှိုင်းအာဏာမောင်ရဲ့ စကားအဆုံးမှာ မိခင်ဟာ ဆက်ခနဲ့ ဖြတ်ပြောသည်။
သူ၏ဒယ်ဒီမှာ မြန်မာပြည် ပြန်လာလျှင် မပြောမဆိုနှင့် ရုတ်တရက် ရောက်လာတက်တာလည်း မောင်နှမ နှစ်ယောက်လုံး အသိ။ပြီးရင် ရှိုင်းအာဏာမောင်က တစ်ခုခုလိုချင်ပြီဆို သူ့ကိုယ်သူ "သား" ဟု သုံးနှုန်းတာ ကလေးသူငယ်နာကျလို့။နှိုင်းဆုမောင်တစ်ယောက် တစ်ခွီခွီနဲ့သာ ရယ်နေတော့သည်။ leon(ရှိုင်းအာဏာမောင်နှင့် နှိုင်းဆုမောင်တို့မောင်နှမနှစ်ယောက်၏ဖခင်)ကတော့ သက်ပြင်းတစ်ချက် ချလိုက်သည်။
"သား မင်းကိုအိမ်ထောင်ပြုပေးဖို့ ဒယ်ဒီတို့ စီစဉ်ပြီးပြီ"
ရှိုင်းအာဏာမောင်မှာ ချက်ချင်းမျက်နှာ ညှိုးသွားသည်။ နှိုင်းဆုမောင်ကတော့ မဲ့ပြုံးတစ်ခုကို တစ်ကမ္ဘာလုပ်ကာ ဘုကြည့်ကြည့်သည်။
YOU ARE READING
Actionunicoad "အသက်..... ခရေပန်းကြိုက်လား" "အင်း..." "အသက်ကလည်း ခရေပန်းနဲ့တူတယ်" "ဘာလို့လဲ" "ခရေပန်းတွေကို လိုချင်ရင်ဒူးထောက်ရတယ်တဲ့ ...အသက်ကလည်း ဒီလိုပဲပေါ့ .....အသက်ကို မောင်ပိုင်ဆိုင်ခွင့်ရဖို့ မောင်ကိုယ်တိုင် လိုလိုလားလား နဲ့ဒူးထောက်ပါရစေ..." "ဒါဆို...