အပိုင်း ( 1501 ) နားလည်ခြင်းများ။
လုမင် သူ့နှာခေါင်းကို ပွတ်ရင်း ခါးသက်သက်ဖြင့် ပြုံးလိုက်သည်။ တစ်ဖက်လူက ဆဋ္ဌမအဆင့် သိုင်းအုပ်ချုပ်သူနယ်ပယ်ဖြင့် တင်းမောက်ကိုပင် ဖိနှိပ်နိုင်သူ ဖြစ်၏။ သူကလည်း မည်သို့သာမန်လူ ဖြစ်နိုင်ပါမည်နည်း။
"ဆရာတူညီလေး လုမင်၊ နောက်တစ်ခါ တုန်ထျန်းစင်မြင့်မှာ ဘယ်သူကပိုပြီး ကောင်းကင်တာအိုသားရဲတွေကို သတ်နိုင်မလဲဆိုတာ ယှဉ်ပြိုင်ကြရအောင်လား"
ထျန်းချွေး၏ မျက်လုံးများက ပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။'ဆရာတူအစ်ကို ထျန်းချွေးက တိုက်ခိုက်ရတာကို ကြိုက်နှစ်သက်တဲ့ လူတစ်ယောက်လို့တော့ ငါကြားဖူးပါတယ်။ ကြည့်ရတာ ဒါက အမှန်ဖြစ်နေပုံပဲ'
လုမင် သူ့စိတ်ထဲမှ တွေးလိုက်သည်။ ထို့နောက် သူ ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ""ဒါဆို စလိုက်ကြရအောင်"
ထျန်းချွေး စိတ်လှုပ်ရှားသွားသည်။လုမင်လည်း ခေါင်းညိတ်ပြပြီး နောက်ထပ် အလယ်အလတ်တန်းစား ကျောက်ကြမ်းနှစ်သိန်း ပေးချေရန် ကောင်တာသို့ လျှောက်သွားလေသည်။
တုန်ထျန်းစင်မြင့်သို့ တစ်ကြိမ်တက်ရောက်တိုင်း အလယ်အလတ်တန်းစား ကျောက်ကြမ်းနှစ်သိန်းကို ပေးဆောင်ကြရမည် ဖြစ်သည်။ ယင်းက ဈေးကြီးသော်လည်း အကျိုးသက်ရောက်မှုက အံ့မခန်းပင်။ လုမင်အတွက်တော့ အလွန်တရာတန်သည်။
ဟုတ်ပေသည်၊ တာအိုနယ်မြေ အဆင့်နိမ့်သူများတွက် စင်မြင့် တစ်ခု၊ နှစ်ခုမျှ တက်ပြီးသည်နှင့် ကျရှုံးသွားနိုင်သည့်အတွက် သူတို့အတွက်တော့ မတန်ပေ။ သူတို့၏ ရိတ်သိမ်းနိုင်မှုကလည်း အလယ်လတ်တန်းစား ကျောက်ကြမ်းနှစ်သိန်းနှင့် လုံးဝ တန်မည်မဟုတ်ပါ။
လေ့ကျင့်ရန် ဤနေရာသို့ ရောက်လာသူများက များသောအားဖြင့် စတုတ္ထအဆင့် တာအိုနယ်မြေ အထက် သို့မဟုတ် ၎င်းတို့၏ တာအိုနယ်မြေများတွင် တစ်ဆို့နေသူများ ဖြစ်သည်။
လုမင်လည်း ကျောက်ကြမ်းနှစ်သိန်းကို ပေးဆောင်ပြီးနောက် ထျန်းချွေးနှင့်အတူ တုန်ထျန်းစင်မြင့်တစ်ခုစီ ရွေးချယ်ကာ တက်လှမ်းခဲ့ကြသည်။
YOU ARE READING
ထာ၀ရနဂါး တန်ခိုးရှင် ( လုမင် ) Book 2 ( ch 986 - )ခွင့်ပြုချက်ရပြီး
Adventureမူရင်းစာစဉ်အမည် - Everlasting Dragon Emperor (ထာဝရနဂါး တန်ခိုးရှင် ) အဓိကဇာတ်ကောင် - လုမင် အမျိုးအစား - ကျင့်ကြံခြင်း၊လှုပ်ရှားမှု၊စိတ်ကူးယဉ်၊ ရွှမ်ဟွမ် မူရင်း စာရေးဆရာ - Mu Tong Ting Zhu ဘာသာပြန်သူ - ထာဝရ လူငယ်လေးလုမင်ဟာ သွေးကြောလုယူခြင်းခံရပြီး အသ...