" နတ်ဆရာမကြီး ဒါဆိုဒီတစ်လောအတွင်း ကျွန်မတို့မိသားစုထဲကို အနှောင့်အယှက်တွေ ဝင်နိုင်တယ်ပေါ့နော် "" အင်း.."
မျက်နှာလေးမှိုင်ကျသွားတဲ့ဖွားဖွားကို ရင်(မ်) ဘေးကနေနှစ်သိမ့်ပေးလိုက်တယ်။
" သူ့နာမည်ကရင်(မ်)ပါ..ဆရာမကြီး ဒါကသူ့ဇာတာခွင်..မြေးကြီးဂျောင်ကုလေးရဲ့ဇာတာနဲ့ တိုက်ပေးပါဦး.."
" မြေးကြီးအတွက်ရွေးချယ်ထားတဲ့သူလား "
" ဟုတ်ပါတယ် "
ရင်(မ့်)ကို စူးစိုက်ကြည့်လာတဲ့ နှုတ်ခမ်းနီရဲရဲဖြင့် နတ်ဆရာမကြီးကိုပြုံးပြလိုက်တော့ သူမကအရေးမလုပ်သဖြင့် အောင့်သက်သက်ဖြစ်သွားရသည်။
ဒုန်းးး!
စားပွဲခုံပေါ် ဒုန်းခနဲနေအောင်ဆောင့်ထုချလိုက်တဲ့ နတ်ဆရာမကြီးကြောင့် ဖွားဖွားရော၊ ရင်မ်ရော လန့်သွားရသည်။
" ဆန့်ကျင်ဘက်ဇာတာတွေ..ဘယ်လိုမှပေါင်းစီးခွင့်ရမှာမဟုတ်ဘူး!! "
" ယတြာလေးဘာလေး မရှိဘူးလား နတ်ဆရာမကြီးရယ်.."
" အင်း..ကာယကံရှင်ကိုယ်တိုင်က လက်မခံဘဲဘယ်လိုပေါင်းစီးလို့ရမှာလဲ! "
" မြေးကလား..မြေးက ကျွန်မတစ်ခွန်းဆို တစ်ခွန်းပါဆရာမကြီးရယ်..သူအားလုံးကိုနာခံပါတယ် "
" မရတော့ဘူး..သူ့ဘဝထဲကို ကံကြမ္မာကရွေးချယ်ပေးတဲ့သူကပဲဝင်လာရလိမ့်မယ်..အဲ့လူမရှိရင်တော့ သူတို့နှစ်ယောက်ပေါင်းစီးခွင့် ရရင်ရလိမ့်မယ် "
" ကျွန်မမြေးရဲ့ဘဝထဲကို ရင်(မ်)ကလွဲပြီး ဘယ်သူ့ကိုမှဝင်လာခွင့်မပြုဘူး! "
အပြန်လမ်းတစ်လျှောက်လုံး မျက်နှာမကောင်းသည့် ရင်(မ်)ကြောင့်..
" ရင်(မ်) ဘာမှစိတ်အားမငယ်ပါနဲ့..ဖွားဖွားရှိတယ်.."
" ဟုတ်..ဖွားဖွား ရင်မ် ပြောစရာရှိတယ် "
" အင်း.."
" ဖွားဖွားရဲ့မြေးဂျောင်ဟွန်းနဲ့.."
" မြေးငယ်ကဘာဖြစ်လဲ.."
" သူ ပတ်ဂျီမင်းနဲ့တွဲနေတယ် "