မိုးမခရိပ်ကို သက်သေတည်၍.....(Zawgyi)

4 0 0
                                    


ဆိုဟီးမွေးနေ့အပြီး နှစ်လခန့်အကြာတွင် ဝန်ဘင်း၏ မိခင်ဖြစ်သူမှာ ရောဂါဖြင့် အပြီးတိုင်နှုတ်ဆက်သွားခဲ့လေသည်။ ဝန်ဘင်းအနေဖြင့် ဤရက်များအတွင်း စိတ်နှင့် ကိုယ်ပင် မကပ်နိုင်ဘဲ ရှိနေရာ ဆိုဟီးမှာ နေ့စဉ် အတန်းများပင် လစ်ပြေးလျက် သူ့ဘေး၌ ရှိပေးနေခဲ့ပါ၏။

တစ်ခါတရံ ဝန်ဘင်း မှိုင်‌တွေနေတတ်သည့် အချိန်များတိုင်းတွင် သူဟာ ဝန်ဘင်း၏ လက်ကို ဖွဖွကလေး ဆုပ်ကိုင်လျက် ထိုစကားကိုဆိုတတ်လေသည်။

“အစ်ကို... ကျွန်တော် ရှိတယ်နော်~”

သို့သော် သူသည်လည်း ထိုစကားကို မတည်ခဲ့ပါချေ။ တစ်ခုသော ညနေခင်း၌ မိမိတို့ ဆုံစည်းနေကျ မိုးမခင်ပင်ရိပ်အောက်၌ ဆိုဟီးဘက်က အလျင်စတင်၍ ဝန်ဘင်းကို နှုတ်ဆက်စကားဆိုလာလေသည်။

“အစ်ကို.. တကယ်တော့ မနက်ဖြန်ဆို ကျွန်တော် ဟန်ယန်းကို သွားရတော့မှာ”

ဝန်ဘင်း၏ မျက်ဝန်းအိမ်ခပ်ကြီးကြီးတို့မှာ နဂိုရှိရင်းစွဲထက် ပို၍ ကျယ်ဝန်းသွားလျက် နှုတ်ခမ်းများကပါ တုန်ယင်နေလေသည်။

“တောင်းပန်ပါတယ်.. ကြိုမပြောခဲ့ရလို့! အရင်ရက်တွေက ကျွန်တော် ဘယ်လိုမှ ပြောမထွက်ခဲ့ဘူး..”

“မနက်ဖြန်ဆို သွားရတော့မှာမို့လို့ မပြောလို့ မဖြစ်တော့တာနဲ့..”

ထိုအခိုက်တွင် သူ၏ ခန္ဓာကိုယ်၌ ဝန်ဘင်း၏ လူပျိုပေါက်အရွယ် သဘာဝ ကိုယ်သင်းရနံ့ ခပ်လွင်လွင်က လွှမ်းခြုံသွားကာ တစ်ကိုယ်လုံး နွေးထွေးသွားရသည်။ ဝန်ဘင်းက သူ့အား မည်သည့်စကားတစ်ခွန်းမှ မဆိုဘဲ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားခြင်းပါပင်။

အတော်လေးကြာလောက်ရှိမှသာ စကားတစ်ခွန်းကို ဆိုလာခဲ့ပါ၏။

“ကျန်းမာရေး ဂရုစိုက်”

•••••••••••••••✯•••••••••••••••

အမတ်အီအိမ်တော်တစ်ခုလုံး ဟန်ယန်းသို့ ပြောင်းရွှေ့သွားပြီး မကြာမီတွင် ဝန်ဘင်း၏ ဘဝ၌ နောက်ထပ် အလှည့်အပြောင်းတစ်ခု ပေါ်ပေါက်လာပါ၏။

၎င်းမှာ မန်ချူးတို့က ဂျိုဆွန်းကို ကျူးကျော်တိုက်ခိုက်လာခြင်းကြောင့် အိမ်တိုင်းရှိ ဆယ့်ငါးနှစ်အရွယ်မှစ၍ ကျန်းမာသန်စွမ်းသော လူငယ်များမှာ မဖြစ်မနေ စစ်မှုထမ်းရမည်ဟု ဆိုကာ စစ်သည်စုဆောင်းရေးများ လုပ်လာခြင်းဖြစ်သည်။

You've reached the end of published parts.

⏰ Last updated: Sep 28 ⏰

Add this story to your Library to get notified about new parts!

❝ မိုးမခရိပ်ကို သက်သေတည်၍..❞ Edited version (WONBIN x SOHEE)Where stories live. Discover now