အပိုင်း ( ၆၁-၁ )သုံးနာရီနှင့်ငါးမိနစ်ကြာ တွေ့ဆုံမှုအတွင်း ရှောင်ကျန်းမှာ လုံးဝစိတ်မ၀င်စားခဲ့ပေ။ ဘော့စ်က အဆင်ပြေသည်ဟုပြောသော်လည်း သူစိုးရိမ်နေဆဲဖြစ်သည်။
ဘော့စ်နှင့်အလုပ်လုပ်သောအခါ အရေးမပါဘူးလို့ထင်ရတဲ့ သေးငယ်တဲ့အမှားတွေက တကယ်ကို သေစေနိုင်ပါသည်။ ထို့အပြင် သူက ဒီဟာကြောင့် ဘော့စ်ရဲ့လျှို့ဝှက်ချက်ကို သိသွားတာလေ။
အလုပ်ကဆင်းပြီး အိမ်ပြန်ရောက်တဲ့အချိန်အထိ သူ့ကိုယ်သူ ပြန်သုံးသပ်နေမိသည်။
လော့ချီ : [ နောက်တစ်ခါ ပိုသတိထားဦးနော် ငါလည်း အရင်က အမှားတွေလုပ်မိခဲ့တာပါပဲ အဆင်ပြေပါတယ် မနက်ဖြန် သကြားလုံးယူလာပေးမယ် ]
လော့ချီက သူ့ဆီ မက်ဆေ့ချ်ပို့လာ၏။
ရှောင်ကျန်း၏နှလုံးသားမှာ တစ်နေ့လည်ခင်းလုံး တွဲလောင်းကျနေလျက်ရှိပြီး နောက်ဆုံးတွင် လွှတ်ချလိုက်တော့သည်။ ဘော့စ်က သူ့ရဲ့အလုပ်အမှားအကြောင်းကို အစ်မလော့ကို ပြောပြလိုက်တဲ့ပုံပဲ။
ရှောင်ကျန်း : [ ကျေးဇူးတင်ပါတယ် အစ်မလော့ နောင်မှာ ကျွန်တော် ပိုသတိထားပါ့မယ် ]
ရှောင်ကျန်း : [ အစ်မလော့ အစ်မနဲ့ဥက္ကဋ္ဌကျန်းကို ဂုဏ်ပြုပါတယ် ]
သူက ဒုတိယထပ်မှာနေထိုင်ပြီး ဓာတ်လှေကားမှာ အထပ်မြင့်မှဆင်းမလာသေး ၊ ဒီပျော်ရွှင်စရာကောင်းတဲ့ဖြစ်ရပ်ကို သူ့ဇနီးကိုပြောပြဖို့ မစောင့်နိုင်တော့တဲ့အတွက် တစ်ချိန်တည်း လှေကားထစ်နှစ်ထစ်လောက်ကို ပြေးတက်သွားလိုက်သည်။
ယနေ့တွင် လက်ဗွေသော့မှာ သူ့အတွက် ပြဿနာရှိနေပြီး ထည့်သွင်းမှုမှာ နှစ်ကြိမ်မအောင်မြင်သောကြောင့် ၎င်းကိုဖွင့်၍မရပါ။
သူ၏ယောက္ခမဖြစ်သူက သူ့အတွက် တံခါးလာဖွင့်ပေးပြီး
"မင်းက ဘာလို့ အသက်ရှူမဝဖြစ်နေရတာလဲ"
"ပြေးလာလို့ပါ"
သူ့ဖိနပ်ကို လဲစီးနေရင်း အိပ်ခန်းထဲကို အော်ပြောလိုက်၏။