EP 20

6.9K 134 1
                                    

Unicode

တစ်ညနဲ့တစ်ရက် ဇွဲ ဆေးရုံမှာနေခဲ့ရပြီး နောက်နေ့မနက်မှာဆေးရုံဆင်းကာ ရန်ကုန်ကိုပြန်လာခဲ့သည်။ Entertainment ဘက်ကတောင်းပန်စာထုတ်ပြီးတာတောင် ပရိတ်သက်တွေဟာမကျေနပ်သေးတာကြောင့် ဇွဲကိုယ်တိုင် Liveလွင့်ပြီး သူအဆင်ပြေကြောင်းနဲ့ပရိတ်တွေစိတ်မပူဖို့ ပြောခဲ့သည်။

ပြဿနာက ဝဿန်ထင်ထားသည့်အတိုင်း CCTV တွေစစ်ကြည့်တဲ့အခါ အဖြေပေါ်သွားခဲ့၏။ လူတစ်ယောက်က ရည်ရွယ်ချက်ရှိရှိ ကြိုးကိုဖြတ်သွားခဲ့တာ။ လုပ်ကြံသူက staff ယောင်ဆောင်ပြီး ရုပ်ဖျက်ထားကာ ဘယ်သူလည်းဆိုတာတော့သေချာမသိရပင်မဲ့ တရာခံကို  ဟိုဘက်ယောဒီဘက်ယောပါ တိုင်ချက်ဖွင့်ထားခဲ့ပြီး အမြန်ရှာခိုင်းထားတယ်။

"အင်း....ကိုယ်ဒီရက်ပိုင်း ကုမ္မဏီကိုလာဖြစ်မှာမဟုက်ဘူး

ဟုတ်ပြီ ဒါဆိုဖုန်းချလိုက်တော့မယ်နော်"

ဝဿန် မေရီနဲ့ဖုန်းပြောပြီး အခန်းထဲဝင်လာတော့ ရှုံ့မဲ့ပြီး လက်တစ်ဖက်ထဲနဲ့အိက်ျီချွတ်ဖို့ကြိုးစားနေတဲ့ ကောင်လေးကိုတွေ့လိုက်ရကာ ချက်ချင်းအနားကိုပြေးသွား၍ အိက်ျီကိုကူပြီးချွတ်ပေးလိုက်ရင်း

"ဘာလို့ ကိုယ့်ကိုမဆောင့်တာလဲ ကိုယ်လုပ်ပေးမှာပေါ့"

ဇွဲကလက်ယောခြေထောက်ယောသိပ်လှုပ်ရှားလို့မရသေးတော့ ဝဿန်လှည့်ကွက်နဲ့အိမ်မှာပဲခေါ်ထားလိုက်သည်။

"ဒီလောက်ကတော့ ကိုယ်ဘာသာကိုယ်လုပ်နိုင်ပါတယ်"

"ဟုတ်ပါပြီ အိက်ျီလဲမလို့လား"

"မဟုက်ဘူး ရေချိုးမလို့"

"ဟာ မရဘူးလေ ပက်တီးကရေဆိုလို့မရဘူးလို့ဆရာဝန်မှာလိုက်တယ်"

"ကျစ်....နေမှမနေနိုင်တာ"

"ကိုယ်ရေဘက်တိုက်ပေးမယ် ဒီမှာငြိမ်ငြိမ်လေးထိုင်နေ ကိုယ်ပြန်လာခဲ့မယ်"

ဝဿန်အမြန်ပဲရေဇလုံတစ်ခုနဲ့ရေစပ်ပြီး ပြန်ထွက်လာကာ ဇွဲနဲ့အတူကုတင်ပေါ်မှာထိုင်လိုက်၏။

ရေကအပူအအေးမျှစပ်ထား၍ အေးလဲမအေးသလိုပူလဲမပူ သဘက်တစ်ထည်ကိုထိုရေထဲမှာစိမ် စိုစွတ်အောင်လုပ်လိုင်ပြီး ပက်တီးမရှိတဲ့လက်ကအရင်စလို့ ရေဘက်တိုက်ပေးလိုက်၏။ လက်ပြီးတော့ ကျောတွေ ရင်ဘက်တွေကို ရေဘက်တိုက်ပေးနေရင်း ဇွဲကဝဿန်ခါးကိုဖက်လာပြီး ဂုတ်နားကိုနမ်းလိုက်တော့ ဝဿန်ဇက်ကလေးပုဝင်သွားကာ

The devil in disguiseWhere stories live. Discover now