"Chai ကျွန်တော်တို့ လမ်းခွဲကြရအောင်"
နေဝင်ဆည်းဆာ ကိုသဘောကျတဲ့ ကျွန်တော်ဟာ ဆည်းဆာ ရဲ့ အလှအပဆုံးအချိန်မှာ
ကျလုဆဲဆဲမျက်ရည်တွေကိုလျစ်လျူရှုရင်းပြောခဲ့တဲ့ သည်စကား ။ ရင်ထဲကဆန္ဒတွေမပါမှန်း ချစ်သူသာ မြင်တက်မယ်ဆိုရင် ထင်ထင်ရှားရှား တွေ့နိုင်ကောင်းပါရဲ့။"Ashi ကိုယ် တောင်းပန်ပါတယ်"
"Shuu ~ ကျွန်တော် သိတယ် Chai ... ကိုကို လဲ ဒီအရာကိုလိုချင်ခဲ့တာပဲမလား"
"ကိုယ် .... ကိုကို ဒီလိုပုံစံဆက်ပြီး .... ဒီလိုပုံစံနဲ့ မင်းနဲ့အတူရှိပေးဖို့ သတ္တိမရှိတော့ဘူး"
ကျွန်တော်သိပါတယ် ကျွန်တော်ကောင်းကောင်းသိခဲ့ပါတယ် အကြင်သူဟာ ကျွန်တော် ကို စွန့်လွှတ်တော့မယ့် အကြောင်း ကျွန်တော် ကောင်းကောင်းကြီးကိုသိခဲ့ပါတယ်။
"Chai ကျွန်တော်ကိုကြည့်"
မှိုင်းညို့နေတဲ့ အကြင်သူရဲ့ မျက်ဝန်းတွေထဲကို စိုက် ကြည့်ရင်း တစ်လျှောက်လုံးသိလိုစိတ်ပြင်းပြခဲ့တဲ့ အဖြေတစ်ခုကိုရှာဖွေမိသည်။
သို့သော် အားနာစိတ် သနားစိတ် ကလွဲ ဘာမှရှာမတွေ့ခဲ့တဲ့ အဲ့သည်မျက်ဝန်း ဟာ ကိုယ့်ကိုကိုယ်ရှက်ရွံ့မိ
သည် အထိ နောက်တစ်ခါထပ်မတွေ့ချင်ဆုံး မျက်ဝန်းဖြစ်ခဲ့ပါ၏။"ကျွန်တော် အဆင်ပြေပါတယ် ကိုကို ရယ် ...
ကျွန်တော် တို့ ထပ်တူမချစ်ခဲ့ကြဘူးမလား ... ဟင်""ကိုကို တောင်းပန်ပါတယ်"
"ရပါပြီ chai ... အရာအားလုံးနောက်ကျသွားအောင် တွယ်ကပ်နေမိတဲ့ကျွန်တော့်ရဲ့ အပြစ်ပါ။
ကိုကို တအားပင်ပန်းခဲ့မှာပဲနော် ...
နှုတ်ဆက်ပါတယ် ကိုကိုရေ ကျွန်တော့်ရဲ့ အချစ်ကလေး ဖြစ်ချင်တဲ့ဘဝမှာ တစ်သက်လုံး အေးချမ်းသွားပါစေ နော်"
နှာဖူးထက်က အနမ်းတစ်ပွင့်နဲ့အတူတူ တသတ်တာအတွက် နှုတ်ဆက်ခဲ့ရင်း ဒီတစ်ခေါက်တော့ ကျွန်တော့် ကိုကျောခိုင်းခွင့်ပြုပါ ကိုကို။ သံသယာအဆက်ဆက် ပြန်မတွေ့ရတော့မယ့်နောက်ဆုံး မြင်ကွင်းလေးကို
ကိုကို့ရဲ့ မျက်နှာလေး နဲ့ပဲ အဆုံးသတ်ချင်ခဲ့လို့ပါ။