Chapter 49+50+51

1.1K 75 0
                                    

အခန်း(၄၉) ကြီးမားတဲ့နောက်ခံအသိုင်းအဝိုင်း။

အားလုံးက အမိန့်အတိုင်း ထိုင်လိုက်ကြတယ်။
ကျောက်ချန် က ချင်းဝမ်ရူနဲ့ သူ့မိသားစုကို အဲဒီကနေ ဆွဲထုတ်ဖို့ နန်းတော်စောင့်တွေကို အမိန့်ပေးလိုက်တယ်။ ဧကရာဇ်မင်းကြီးကတောင် နောက်ထပ် အမိန့်ပေးစရာ မလိုဘူး။

ထိုအရာကို မြင်သူတိုင်းဟာ အလိုက်တသိနေထိုင် ကြပြီး သူတို့ကိုယ်စား ခွင့်လွှတ်ပေးဖို့ ဘယ်သူမှ မတောင်းပန်ဝံ့ကြဘူး။
စိတ်အနှောက်အယှက်ဖြစ်စေတဲ့ သူအတွက် တောင်းပန်ပေးဖို့ဆိုတာ မိုက်မဲသောလူများသာ ဧကရာဇ်မင်းထံ ချဉ်းကပ်ကြလိမ့်မယ်။
လုယွင်ရှမ်းက ထုံးစံအတိုင်း ပြုမူခဲ့ပြီး သူ့ကို လျစ်လျူရှုခဲ့တယ်။

အရင်တုန်းက သူတို့နှစ်ယောက်ရဲ့ရင်းနှီးတဲ့ ဆက်ဆံရေးက ဟာသသက်သက်ဘဲ။
လင်းချင်းယွမ်က လုယွင်ရှမ်းကိုကြည့်လိုက်ပြီး ရုတ်တရက် သူမစိတ်ထဲ မသက်မသာ ခံစားလိုက်ရတယ်။
ချင်းဝမ်ရူဟာ ဘယ်လို ပြုမူနေထိုင်လဲ ဆိုတာကို သူမကောင်းကောင်းသိတယ်။ ချင်ဝမ်ရုဟာ လုယွင်ရှမ်းနောက်ကို အမြဲလိုက်နေပြီး သူမက လုယွင်ရှမ်း လက်ပါးစေလို့ ပြောမယ်ဆိုရင် မှန်လိမ့်မယ်။

သို့သော်လည်း ယခုအချိန်တွင် ချင်းဝမ်ရူတွင် တစ်ခုခုဖြစ်သွားခဲ့ပေမဲ့ လုယွင်ရှမ်း သည် သူမနှင့်လုံးဝမသက်ဆိုင်သလို နေဖို့ ရွေးချယ်ခဲ့တယ်။

လင်းချင်းယွမ်သည် မျက်မှောင်ကြုတ်ကာ အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရတယ်။
သခင်မကျန်းက လုလျန့်ဝေ အနားမှာထိုင်ပြီး မေးလိုက်တယ်။

"ဝေဝေ..... အဆင်ပြေရဲ့လား........."

လုလျန့်ဝေ က လုထင်ချန် ကို ခေါင်းညိတ်ပြပြီး သူမ အဆင်ပြေကြောင်း ညွှန်ပြလိုက်တယ်။ သူမအတွက် စိတ်ပူစရာမလိုဘူး။
သူဟာ တခြားစားပွဲမှာထိုင်နေတာကိုမြင်တော့ သခင်မကျန်း ကိုလှည့်ကြည့်လိုက်တယ်။

"ဒီကိစ္စအတွက် ကိုယ့်ကိုကိုယ် ဒုက္ခမခံပါနဲ့ သခင်မကျန်း..... ကျွန်မ အဆင်ပြေပါတယ်....."

"ကောင်းတာပေါ့......"

သခင်မကျန်း က သက်ပြင်းချဟန်ဆောင် လိုက်တယ်။ သူမစိတ်ထဲ အတွေးတစ်ခုဝင်လာသလို သူမမျက်လုံးထဲတွင် အကြည့်တစ်ခုက တောက်ပလာတယ်။ သူမသည် လုလျန့်ဝေအနားကိုကပ်လာကာ မေးလိုကိတယ်။

ဦးရီးတော်ဧကရာဇ်ရဲ့ အသည်းအသက်လေးအဖြစ် မွေးဖွားလာတယ်Where stories live. Discover now