1. ပြန်ပြောင်းလာသော ဘေးအိမ်က သူငယ်ချင်း

12 1 0
                                    

အခန်း ၁ - ပြန်ပြောင်းလာသော ဘေးအိမ်က သူငယ်ချင်း

ခန်း ၊ ‌cosmic ဆွဲနေသော လက်ချောင်းတို့အား လှုပ်ရှားမှုရပ်လိုက်ချိန်တွင် အပြင်ဘက်ရှိ အမှောင်ထုမှာ သိပ်သည်းနေပြီ ဖြစ်သည် ။ စားပွဲပေါ်ရှိ table lamp မှ အလင်းရောင်မကျရောက်သော အခန်း၏ ထောင့်အချို့မှာ အမှောင်ရိပ်ကနေရာယူထားသည် ။ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်တွင် ပိုးကောင်အော်သံ တို့သာ အဆက်မပြတ်ထွက်ပေါ်နေသည် ။

ထိုင်နေတာကြာပြီဖြစ်၍ တောင့်တင်းနေသော အကြောတို့အား ဆွဲဆန့်လိုက်ပြီး ကွန်ပျူတာဘေးရှိ ကော်ဖီခွက်ကို လှမ်းယူလိုက်သည် ။ လက်ကျန်မရှိတော့သော ကော်ဖီခွက်ကြောင့် စိတ်ပျက်စွာ ကျွတ်သပ်၍ ဘေးဘက် ပြတင်းပေါက်မှ မြင်နေရသော အိမ်အား လှမ်းကြည့်လိုက်သည် ။

ယင်းအိမ်ရှိ ယခင်အိမ်ငှားများ လွန်ခဲ့သည့် ၆ လ က ပြောင်းသွားပြီးတည်းက လူအသစ်ထပ်မရောက်လာသေး ။

လရောင် မှိန်မှိန်အောက်တွင် ပျဉ်ထောင် တိုက်ခံ အိမ်အိုကြီးမှာ အထီးကျန်စွာ တည်ရှိနေသည် ။

Digital နံရံကပ်နာရီမှ မီးနီက မနက် 3:30 ကို ပြသနေသည်။ ခန်း မျက်မှန်ကိုချွတ်၍ မျက်ခုံးတို့ကို နှိပ်လိုက်ပြီး အိပ်ယာဝင်ရန် ပြင်လိုက်သည် ။ အလုပ်ထဲမှာ ဈာန်ဝင်သွားတိုင်း မနက် နှင့် ည မှားစမြဲပင်။

ပြတင်းပေါက်က နေရောင်က ခန်း မျက်နှာပေါ်သို့ကျရောက်နေသည် ။ အိပ်မှုန်စုပ်ဖွား မျက်လုံးတို့ကို ပွတ်ပြီး အိပ်ရာထက်မှ ထထိုင်ကာ အပျင်းဆန့်ရင်း ကုတင်နှင့် မျက်နှာချင်းဆိုင် ပြတင်းပေါက်မှ တဆင့် တဖက်အိမ်ကြီးကို အကျင့် ဖြစ်နေကျအတိုင်း ကြည့်လိုက်သည် ။ မြင်ကွင်းက အံ့အားသင့်သွားစေသည် ။

ပြတင်းတံခါးတို့က ပွင့်နေပြီး အဖြူရောင် ဇာ ကန့်လန့်ကာ က လေညင်းနဲ့အတူ မျောလွင့်နေသည် ။ နံရံကပ် Digital နာရီမှာ 10:00 ဟု အနီရောင်စာလုံးများက ပြသနေသည် ။

'အိမ်ငှား အသစ်တွေ ရောက်နေတာ ထင်တယ်'

ခန်း မနက်ခင်း နေ့တဓူဝ ကိစ္စတို့ကို ဆောင်ရွက်ပြီး နောက်တဖက်လမ်းရှိ သောက်နေကျ လက်ဖက်ရည်ဆိုင်သို့ သွားရန် အောက်ထပ်သို့ ဆင်းလာခဲ့သည် ။
ခန်း အိမ်မှာ မကြီးမသေး အနေတော်ပဲ ဖြစ်သည် ။ အောက်ထပ်တွင် ဧည့်ခန်း၊ မီးဖိုချောင် ၊ ထမင်းစားခန်း နှင့် အခန်းငယ်တစ်ခု ပါရှိသည် ။ အပေါ်ထပ် တက်သည့်လှေကားက ဧည့်ခန်းနှင့် ထမင်းစားခန်း မီးဖိုချောင်တို့ကြားတွင် တည်ရှိကာ ကြီးမားသော သစ်သားလှေကားကြီးဖြစ်သည် ။ ယခင် အဖိုး ဖြစ်သူ သဘောအကျဆုံးလှေကားလည်း ဖြစ်သည် ။

You've reached the end of published parts.

⏰ Last updated: Oct 06, 2024 ⏰

Add this story to your Library to get notified about new parts!

Moonlight Chasing Where stories live. Discover now