25

910 212 37
                                    

တိတ်ဆိတ်အေးချမ်းသော မနက်ခင်းတွင် ဟီဆွန်း နိုးထလာပြီးချက်ချင်း မျက်လုံးများကို အရင်မဖွင့်သေးဘဲ ရင်ခွင်ထဲမှ ကိုယ်လုံးသေးသေးလေးအား အရင် တင်းတင်းကျပ်ကျပ်ပွေ့ကာဖက်လိုက်မိပါသည်။

တစ်ဆက်တည်းမှာပင် သူ့နှုတ်ခမ်းထက်၌ ကျေနပ်သွားသယောင် အပြုံးတစ်ခုကလည်း ထင်ထင်ရှားရှားဖြစ်တည်လာခဲ့ပါ၏။

အနည်းငယ် လှုပ်လှုပ်ရှားရှားဖြစ်သွားမှုများကို ခံစားလိုက်မိသောအခါ အင်းအင်းအဲအဲ ညည်းညူသံလေးများနှင့်အတူ သူ့ beta လှလှလေးသည်လည်း လူးလွန့်လာခဲ့ပြီမို့ ဟီဆွန်း ခပ်သဲ့သဲ့လေးရယ်လိုက်ရင်း နားရွက်နှင့် လည်ပင်းလေးများကို တိုးဝင်နမ်းရှိုက်ကာ နှုတ်ဆက်လိုက်ပါသည်။

" နိုးလာပြီလား.. ဂျယ်ယွန်း "

" အင် ? "

ထိုအခါမှ မျက်လုံးလေးတစ်ဖက်ကို ပွတ်သပ်ရင်း အခြေအနေကို သတိဝင်လာခဲ့ဟန်ရှိသော ဂျယ်ယွန်းသည် ထထိုင်ရန် ကြိုးစားလိုက်မိသော် ခွင့်မပြုချင်သူက ပြန်ဆွဲချ၍ ဂျယ်ယွန်းကိုယ်ပေါ်ထက်သို့ အုပ်မိုးလာခဲ့လေ၏။

ထို့နောက် ဂျယ်ယွန်း မျက်နှာတစ်ခုလုံးထက်ကို အလစ်အလပ်မရှိအောင်ထိ အနမ်းများ တဖွဖွခြွေချလာခဲ့သည်။

ပြွတ်ခနဲမြည်အောင်ထိ ဆက်တိုက်အနမ်းခံလိုက်ရသော မျက်နှာနေရာအနှံ့သည် ရုတ်တရက် ဂျယ်ယွန်းအား ခေါင်းပင်မဖော်ရဲလောက်အောင် ရှက်ရွံ့သွားစေခဲ့ပြီး လှပသော လက်ချောင်းရှည်လေးများနှစ်ဖက်လုံးနှင့် မျက်နှာကိုအုပ်ထားလိုက်မိတော့၏။

" တော်ပါတော့ "

" မတော်နိုင်ပါဘူး.. ဂျယ်ယွန်းကို ဒီလိုနမ်းနိုင်ဖို့ ကိုယ်ဘယ်လောက်ထိ စိတ်ရှည်ရှည်ထားခဲ့ရလဲ "

ဟီဆွန်းက ပြောရင်းဆိုရင်း အုပ်ကွယ်ထားသော မျက်နှာကို ရန်ရှာမရတော့ လည်တိုင်နှင့် ရင်ညွန့်တစ်လျှောက်သို့ ဆင်းသက်သွား၍ ညကသူပေးခဲ့သည့် အမှတ်အသားရဲရဲများကို ထပ်မံ၍ အရသာခံနေလေသည်။

" ခင်ဗျားလို့ ! ကျွန်တော်ရှက်လို့သေတော့မယ် "

ဂျယ်ယွန်း ထိုခန္ဓာကိုယ်ကြီးအား တွန်းဖယ်ရန်ကြိုးစားသော်လည်း အလုပ်မဖြစ်ပေ။

How To Be A Perfect Husband? ( JAYWON )Where stories live. Discover now