အပိုင်း(၁၄)

731 30 2
                                    


"သာ ငါရှင်းပြတာအရင်နားထောင်ပေး"

ပြောချင်ရာတွေပြောပြီးလှည့်ထွက်သွားတော့မယ့် သာ့ ကို ကာ လက်ကောက်ဝတ်ကနေလှမ်းတဆွဲထား လိုက်ပါတယ်

"မင်း ငါ့လက်ကိုအခုလွှတ်နော် ဘာကို ရှင်းပြဦးမှာလဲ မင်းနဲ့ မင်းအကောင်ဘယ်လိုညားနေတယ် ဆိုတာအသေးစိတ်နားထောင်ပေးရဥိးမှာလား ဟမ် ပြောစမ်းပါ"

"ကျစ်...မင်းထင်တာတွေလျှောက်ပြောမနေနဲ့ သာ မင်းထင်သလိုမဟုတ်ဘူး ငါနဲ့ခေါင် ရိုးရိုးသားသားပဲ ခုကလဲခေါင်ဝယ်လာပေးတဲ့ အအေးတွေငါ့ပေါ်မှောက်ကုန်လို့ ငါအဝတ်အစားလဲနေတာ မင်းထင်သလိုမဟုတ်ပါဘူး သာရယ်"

"ဟုတ်ပါတယ် ကိုကိုနဲ့ ခေါင်က ရိုးရိုးသားသားပါ"

သာနဲ့ကာ အငြင်းအခုံဖြစ်နေတုန်း ခေါင်ကပါ ဝင်ပြောလာပါတယ် အစထဲကကြည့်မရတာကတစ်ကြောင်း ခုမြင်လိုက်ရတာတွေပါပေါင်းပြီး သာ မျက်စောင်းနဲ့စူးစိုက်ကြည့်လိုက်ပြီး

"ရိုးရိုးသားသား သူများလင်လုတာကို ပြောတာလား ဟမ့်"

"သာ "

ကာ ဝင်ထိန်းသလိုလေး ပြောလိုက်တော့ ခုနက ခေါင့်ဆီက မျက်စောင်းက ကာ့ ထံသို့ရောက်လာပြီး မဲ့ပြုံးတစ်ချက်ပြုံးကာ

"ဘာလဲ မှန်တာပြောလို့ရွာပြင်ထုတ်ချင်တာလား မလိုဘူးနော် သာ တို့က သန လို့မင်းတို့အိမ်ရိပ်တောင် မနင်းပဲပြန်မှာ "

"သာ ငါ မင်းကျေနပ်တဲ့ထိရှင်းပြမယ် ငါပြောတာပဲ ခနစိတ်အေးအေးထားပြီး နားထောင်ပေး ရှင်းပြပြီးလို့မှ မကျေနပ်ရင် မင်းကြိုက်တာလုပ်ငါခံမယ်သာရယ် နော် ပြီးတော့ ခေါင် မင်းလဲပြန်လိုက်ပါတော့ "

သာ ကိုချော့နေရင်းကပင် ခေါင့်ဘက်လှည့်ကာ ပြန်ဖို့ပြောလိုက်ပါတယ် ဒါကိုပဲခေါင်က အထွန့်တတ်ကာ

"ဟို ခေါင်လဲ ကူရှင်းပြပေးမယ်လေ ကိုကို ကိုကောင်းညဏ်သာ က ခေါင်တို့နှစ်ယောက်ကို အထင်လွဲနေတာဆိုတော့လေ အဲ့ဒါ.."

"မလိုဘူး အကို့ကိစ္စ အကိုရှင်းနိုင်တယ် ခေါင်ပြန်လိုက်ပါ ပြီးတော့အကို တစ်ခါထဲမေတ္တာ ရပ်ခံပါရစေ နောက်ကိုမလိုအပ်ပဲ အကို့အိမ်မလာပါနဲ့ ကို့ ယောကျာ်း အထင်လွဲတာလဲမခံနိုင်သလို ဘယ်တစ်စိမ်းကြောင့်မှလဲ ကိုယ့်အိမ်ထောင်ရေးကို အထိခိုက်မခံနိုင်လို့ပါ"

Spodoba ci się także

          

အေးစက်တည်ငြိမ်စွာနဲ့ ပြောနေတဲ့ကာ့ကိုကြည့်ပြီး သာ အသာပဲငြိမ်နားထောင်နေလိုက်ပါတယ် မတည်ငြိမ်နိုင်တော့တဲ့ခေါင်ကတော့ ကာ့ စကားတွေကို အံ့သြမှု ဝမ်းနည်းမှု များနဲ့ မျက်ရည်တို့ဝိုင်းကာ..

"ကိုကို ...ကိုကို ဘယ်လိုပြောလိုက်တာလဲ "

"ကြားတဲ့ အတိုင်းပါပဲ ခေါင် ကိုမင်းကို အလိုက်ထိုက်ဆက်ဆံခဲ့တယ်ဆိုတာက အန်ကယ့်မျက်နှာကြောင့်ပါ ဒါပေမယ့် ဒီချိန်မှာတခြားသူ မျက်နှာငဲ့နေရင် ကို့အိမ်ထောင်ရေး ထိခိုက်နိုင်တာမို့ အားနာနာနဲ့ပဲပြောပါရစေ ခေါင်ပြန်ပါတော့ "

"ပြောရက်လိုက်တာ ကိုကိုရယ် ခေါင်.. ခေါင်လေ "

"ကို လိုက်မပို့တော့ဘူး"

ပြောနဲ့ရော အမူအယာနဲ့ပါ နှင်နေတာမို့ ခေါင် စကားတောင်ဆက်မပြော နိုင်တော့ပဲ မျက်ရည်တို့ကျကာ အိမ်ထဲက ပြေးထွက်သွားပါတော့တယ် အစက ကာလဲဒီလောက်ထိ ပြောဖို့မရည်ရွယ်ထားပေးမယ့် ကာ သာ့ ကိုရှင်းပြနေတဲ့အချိန် အမှတ်မထင်ခေါင် မျက်နှာကိုကြည့်မိတော့ သာ့ ကို ဘာတတ်နိုင်သေးလဲဆိုတဲ့အကြည့်နဲ့ ပြုံးပြနေတာကို ကာ တွေ့လိုက်ရတော့ ကာလဲ ဒေါသထွက်သွားပြီး စိတ်ထဲရှိသမျှ အကုန်ပြောလိုက်မိခြင်းပါ တစ်မျိုးတော့လဲကောင်သွားတာပေါ့လေ သာ့ အရှေ့မှာ အကုန်အမြင်ရှင်းသွားပေါ့

"ဒါက ဘယ်လဲ သာ "

အထုတ်ကိုဆွဲကာ တံခါးဘက်ဦးတည်နေတဲ့ သာ့ကို လှမ်းမေးလိုက်ပါတယ်

"ပြန်မလို့"

"မပြန်ပါနဲ့ဦးလား သာရယ် ငါ့အနားမှာနေပေးပါဦးနော် မင်းမကျေနပ်တာရှိသေးရင် ငါထပ်ရှင်းပြပါ့မယ် ငါ့အနားမှာနေပါဦးကွာ ငါလွမ်းနေတာသာရဲ့ သေလောက်အောင်လွမ်းနေလို့ပါ"

နောက်ကနေခါးကို သိုင်းဖတ်ခါ ပခုံးပေါ် မေးတင်ပြီး ပြောလာတဲ့ကာ့ ကိုအတင်းရုန်းပြိး တွန်းဖယ်ပေမယ့်လဲ ရုန်းမရတဲ့အပြင် ပိုလို့သာ တိုးဖက်လာတဲ့ ကာ့ကို

"ဖယ်စမ်း ငါ့ကိုအခုလွှတ်နော် ဖယ်"

"ငါရှင်းပြတာ နားထောင်ပေးမယ်ဆိုခနလွှတ်ပေးမယ်"

To już koniec opublikowanych części.

⏰ Ostatnio Aktualizowane: paź 10, 2024 ⏰

Dodaj to dzieło do Biblioteki, aby dostawać powiadomienia o nowych częściach!

"THAR"Opowieści tętniące życiem. Odkryj je teraz