အားလုံးကိုကျွန်တော်မေတ္တာရပ်ခံစရာလေးရှိပါတယ်။တစ်ချို့တွေမိုးကိုအပိုင်းသစ်မျှော်နေတာလည်း ကျွန်တော်သိပါတယ်။အဲ့အတွက်တောင်းပန်ချင်ပါတယ်ဗျ။ကျွန်တော်စိတ်အခြေအနေ တကယ်ကိုမကောင်းလို့ပါ။ငိုရလွန်းလို့ Video တွေမြင်ရင်ပိုဆိုးပါတယ်။အားလုံးလဲ ဆွန်းဟန်လေးကိစ္စကိုသိပြီးကြမှာပါ။သူ့အတွက်မခံမရပ်နိုင်ဖြစ်မိတဲ့အပြင် မကာကွယ်ပေးနိုင်ခဲ့လို့ ပိုပြီးခံစားရပါတယ်။အရင်ကLuhan,Tao, Kris တို့တုန်းကလည်း မကာကွယ်ပေးနိုင်ခဲ့သလို ထပ်ပြီးဒီနာကျင်မှုမျိုးကိုထပ်ခံစားရတဲ့အခါ စိတ်ကအတော်လေးအခြေအနေမကောင်းလို့ပါ။တောက်လျှောက် Weverse မှာလဲရှိနေပေမဲ့ ထပ်ပြီးဒီထက်ဆိုးတာတွေမဖြစ်လာဖို့မျှော်လင့်မိပါတယ်။ဒီအခြေအနေမှာကျွန်တော်စာဆက်ရေးဖို့ အဆင်မပြေလို့ ခဏတာနားပါရစေ စိတ်အဆင်ပြေတာနဲ့ပြန်လာပါမယ် အစကမွေးနေ့မှာအပြီးတင်ဖို့ရည်ရွယ်ထားပေမဲ့ အခုကဘာပဲဖြစ်ဖြစ်ရေးပြီးရင်တော့ မွေးနေ့မှာဖြစ်ဖြစ်တင်ပေးနိုင်အောင်ကြိုးစားပါမယ်။ကျွန်တော် Social media ကိုလဲခဏလောက်နားချင်လို့ပါ။ကျွန်တော်ဘက်ကအဆင်မပြေမှုတွေအတွက် ကျွန်တော်ရဲ့ဗီတာမင်လေးတွေကိုတကယ်ကိုတောင်းပန်ပါတယ်နော်။လူတွေရဲ့စကားတွေကသိပ်ကြောက်ဖို့ကောင်းပါတယ် ။ဆွန်းဟန်လေးကိုရောကျန်တဲ့မန်ဘာတွေကိုပါဖက်ပေးထားချင်ပြီးအားလုံးအဆင်ပြေဖို့မျှော်လင့်မိတယ်။အားလုံးလဲဂရုစိုက်ကြပါနော်။အများကြီးချစ်ပါတယ်ဗျ။
ပဒါယီ