Inner childကိုဘယ်လိုhealingလုပ်မလဲ?

3 2 0
                                    

Inner childကိုဘယ်လိုhealingလုပ်မလဲ?

စိတ်ကဖြစ်တဲ့အရာကိုစိတ်နဲ့ပဲကုမယ်ဆိုတဲ့ နည်းကိုလက်ကိုင်ထားကြပါစို့။ ငယ်ဘဝကဖြစ်ခဲ့တဲ့အချိန်ကိုသွားပြီး ဘယ်လိုဖြစ်ခဲ့တယ်၊ ဘာတွေတွေးခဲ့တယ် စသည်ဖြင့် စိတ်ဒဏ်ရာရခဲ့ဖူးတဲ့အချိန်ကို သွားရပါမယ်။ ပြီးရင် အဲ့အချိန်ကခံစားချက်တွေကို အခုလက်ရှိနဲ့သေချာပြန်တွေးပြန်သုံးသပ်ရပါမယ်။

သုံးသပ်ရင်းနဲ့ သိလာတာများကို မှတ်ထားပြီး
ကိုယ့်traumaရဲ့အစကို သိနိုင်ပါတယ်။ အစကိုသိနိုင်ရင်တော့ အဲ့အရာကိုဖြည်တွေးရပါမယ်။

ဖြည်တွေးနည်း - ဥပမာအားဖြင့် ‌ဖြည်တွေးနည်းဟာ ဖြည့်တွေးတာမျိုးမဟုတ်ပါဘူး။ ကိုယ့်အနေနဲ့ မိဘဆီက အချစ်ကိုမရခဲ့ဘူးဆိုပါစို့။အဲ့အရာက စိတ်ဒဏ်ရာဖြစ်လာတယ်။ အဲ့စိတ်ဒဏ်ရာဟာ ကိုယ့်ရဲ့တွေးခေါ်ပုံကြောင့်ဖြစ်လာတဲ့စိတ်ဒဏ်ရာပါ။ ကိုယ်ကလွဲ တခြားသူဆီက အချစ်ကိုရဖို့ကမျှော်လင့်လို့မရတဲ့အရာဖြစ်ပြီး၊ ပေးမှသာရနိုင်တဲ့အရာ၊ အတင်းတောင်းလို့မရတဲ့အရာပါ။ ကိုယ့်ကိုမပေးတဲ့သူကိုပဲfocusထားနေမိပြီး ပေးတဲ့သူတွေကိုသတိမထားမိတာလဲဖြစ်နေနိုင်ပါတယ်။ အဲ့တာကြောင့်ချစ်ပေးတဲ့သူတွေကိုလက်ခံနိုင်အောင်လုပ်၊ ကိုယ့်ကိုကိုယ်လဲပိုချစ်ပေး၊ အရင်ကဒဏ်ရာဖြစ်စေခဲ့တဲ့ကိုယ့်ကိုကိုယ်ကော မိဘကိုပါ ခွင့်လွှတ်လိုက်ပါ။ တဖြည်းဖြည်းလုပ်မယ်ဆိုရင်ဒဏ်ရာတွေပေါ့ပါးလာနိုင်ပါတယ်။

မသိတာ/မရှင်းတာရှိရင်commentမှာမေးနိုင်ပါတယ်။

Advice for Twinflames Where stories live. Discover now