Chapter 26
ချစ်ဇနီးက ပထမ Chapter 26
"သူတို့နဲ့ ရုန်ချန်တော်အိမ်တော်က လူတစ်ချို့က အနောက်ဘက်တောကိုသွားပြီးတော့ တောကြက်တွေ ဖမ်းနေကြတယ်လေ။ ကျွန်တော်တို့က မလိုက်ချင်တာနဲ့ နေခဲ့ပြီး ဂီတ နားဆင်နေကြတာပါ"
လင်ကုန်းဇီက စကားပြောရင်း အနည်းငယ် မျက်မှောင်ကုတ်နေသည်။
"ဘာများဖြစ်လို့လဲ"
ကျိုးကျင်က သူ့ရဲ့မျက်နှာကိုတွေ့လိုက်တဲ့ အခါမှာ မနေနိုင်ဘဲ မေးလိုက်မိသည်။
"တောင်ပိုင်းအမတ်ရဲ့ ဒုတိယသားက အမတ်ယန်ရဲ့သမီးကို ဒုတိယဇနီးအဖြစ် လက်ထပ်ဖို့ ကြိုးစားနေတာလေ"
ကျန်းကုန်းဇီက မုန့်စားနေရင်းနဲ့ သူ့အစားဝင်ဖြေလိုက်သည်။
"အကိုလင်က အခုတောင် ခက်ခဲနေတာလေ။ တစ်ဖက်ကလည်း မျိုးရိုးမြင့်အထက်တန်းအိမ်တော်ကဆိုတော့ ဒုတိယဇနီးသာ ဝင်လာရင်....ဟင်း"
မုဟန်ကျန်း ကလက်ဖက်ရည်ကို ဖြေးဖြေးချင်းအရသာ ခံနေရင်းမှ လူတွေစကားပြောနေတာကို နားစွင့်နေလိုက်သည်။ ဒီလူတွေက စာပေတတ်မြောက်ပြီးသားသူတွေကို စကားပြောသည့်အခါ ပညာသားပါပါ ပြောဆို၍ လက်လွတ်စပယ် မပြောဆိုတတ်။ ထိုစကားများမှ ဆက်၍ တွေးကြည့်ပါက အမျိုးသားဇနီးသည်တွေရဲ့ ဘဝက သိပ်တော့ အဆင်ပြေသည်ဟု မထင်ရ။
သူတို့ရဲ့ခင်ပွန်းသည်များဟာ အမျိုးသားဇနီးသည်နှင့် လက်ထပ်ဖို့ အတင်းအကြပ် ဖိအားပေးခံကြရခြင်း ဖြစ်နေပြန်သည်။ တစ်ဖက်ကနေစဉ်းစားကြည့်ပြန်လျှင်လည်း အမျိုးသားဇနီးသည်များဟာ ဇနီးတစ်ယောက်ဖြစ်ဖို့ လေ့ကျင့် ပုံသွင်းထားကြခြင်းမဟုတ်ဘဲ မတတ်သာ၍ သာ အမျိုးသားဇနီးသည်များ ဖြစ်လာတာကြောင့် ဇနီးသည်တစ်ယောက်ရဲ့ တာဝန်ဝတ္တရားများကို မကျွမ်းကျင်ကြ။ ထို့ပြင် သူတို့ရဲ့ခင်ပွန်းသည်များတွင် သားယောက်ျားလေးများ ရရှိလာပါက အိမ်တော်ကို စီမံဖို့နှင့် အိမ်တော်အတွင်း ရပ်တည်နိုင်ဖို့မှာ ပို၍ပင် ခက်ခဲ သွားပေဦးမည်။
တောက်လျှောက် စကားပြောနေသည့် ကျန်းကုန်းဇီက ရုတ်တရက် သူ့စကားလုံးတွေရဲ့ ဦးတည်ရာကို မုဟန်ကျန်းဆီ ပြောင်းလိုက်သည်။