Pt-5

254 19 34
                                    

Unicode

"ခရိုမာနီ!ငါ့ကို ရေတစ်ဗုံးဖြည့်ခဲ့ပေးဦး"

"အွန်း!"

                ယနေ့တွင် ခရိုမာနီနှင့် အလတ်စကာ နှစ်ယောက်သား အိမ်ရှိမြင်းအား သန့်ရှင်းပေးနေကြခြင်းသာ။သူတို့ သန့်ရှင်းပေးလို့ပြီးသွားပြီဆိုသည်နှင့် တစ်ပြိုင်နက် အလတ်စကာဟာ ဈေးတန်းထဲတွင် သွားရောင်းချမည်ဖြစ်ပေသည်။

             ဒီနေ့အပါအဝင်ဆိုလျှင် ခရိုမာနီတစ်ယောက် အလတ်စကာတို့ အိမ်၌ ကပ်နေနေမိသည်မှာ တစ်လနှင့်လေးရက်ရှိလို့နေပြီဖြစ်ချေသည်။မြို့တော်အတွင်းဝင်ရောက်ဖို့ရန်အတွက် ရေးဆွဲထားသည့် သူ၏ အစီအစဥ်အချို့မှာလည်းရုပ်လုံးပေါ်စပြုလို့လာလေပြီ။အလတ်စကာ၏ အကူအညီဖြင့် မြို့တော်အတွင်း တပ်စုသည့် နယ်ပယ်တွေကို သူအကြမ်းဖျင်းသိထားရပြီဖြစ်ချေသည်။

လောလို့ မရသည့် သူ့အခြေအနေကြောင့် တစ်ခါတစ်လေ စိတ်ဓာတ်ကျရသည့် ရက်တွေမှာလည်း ဒုနှင့်ဒေးပင်။သူ့မိသားစုလေးနှင့် သူငယ်ချင်းဖြစ်သူကို ခရိုမာနီ မည်မျှ လွမ်းမောမိနေကြောင်းကို ပူဆွေးနေသည့် သူ့မျက်ဝန်းတို့ဟာ သက်သေခံလို့နေပါတော့လေသည်။

                  ထိုအရာတွေအပြင် သူ့အတွက်အထူးခြားဆုံးတစ်ခုက သူနှင့်အလတ်စကာတို့ကြား ဆက်ဆံရေးဟာ တစ်ဖြည်းဖြည်းတိုးတက်စပြု လာပြီ ဆိုသည့်အချက်ပင်။ပထမတွေ့စထက်စာလျှင် စကားအများအပြားပြောဖြစ်လာချေသည်။
ခရိုမာနီ၏ တစ်ချို့သောခပ်ကြောင်ကြောင် ဟာ
သတွေကိုလည်း ဟက်ဟက်ပက်ပက်ရယ်ခြင်းဖြင့် တုံ့ပြန်ပေးလာတတ်သည်။

သူ့ညီလေးဖြစ်သူ လီမာဒင်ဟာလည်း ခရိုမာနီအပေါ် အစ်ကိုတစ်ယောက်ကဲ့သို့ အတော့်ကို တွယ်တာလို့နေလေပြီ။ခရိုမာနီမှာလည်း သူတို့နည်းတူ ဒီမိသားစုလေးအပေါ် အပြည့်အဝ သံယောဇဥ်တွယ်မိလို့နေပါတော့လေသည်။

"ခရိုမာနီ..."

"ဟင် အင်းပြောလေ အလတ်စကာ တစ်ခုခုလိုလို့လား"

"မင်းမိဘတွေကို ကယ်ဖို့အတွက် လက်လျော့လိုက်ဖို့ မတွေးကြည့်မိဘူးလား"

"My Immortal"Where stories live. Discover now