အပိုင်း ၁၃၆ : ဇာတ်ကွက်ဖျက်ဆီးသူ (၆)

46 12 0
                                    

𝘜𝘯𝘪𝘤𝘰𝘥𝘦

𝘚𝘤𝘳𝘰𝘭𝘭 𝘥𝘰𝘸𝘯 𝘧𝘰𝘳 𝘡𝘢𝘸𝘨𝘺𝘪


သူနားသူတောင်မယုံနိုင်ဖြစ်သွားရ၏။ဒီသူတောင်းစား ယူဂျွန်ဟော့ကောင် ...အဲ့ကောင်အခုဘာလုပ်လိုက်တာလဲ?

[ကြယ်တာရာ ‘နတ်ဆိုးကဲ့သို့မီးတရားရှင်’ မှာ‌နောက်ကျမှရောက်လာပြီး ဘေးဘီဝဲယာ အား ဟိုကြည့်သည်ကြည့် လုပ်နေသည်။]

[ကြယ်တာရာ‘ပဟေဠိအကြံရှင်’သည်အခြေအနေအပေါ် တခစ်ခစ်ဖြင့်ရယ်နေသည်။]

[ကြယ်တာရာ‘နတ်ဆိုးကဲ့သို့မီးတရားရှင်’သည်အလွန်အမင်းအံ့အားသင့်နေသည်။]

[ကြယ်တာရာ‘နတ်ဆိုးကဲ့သို့မီးတရားရှင်’သည် ထိုစာသားအားထပ်ပြောလာစေရန်တောင်းဆုပြုနေသည်။]

နာဗာဏာတစ်ယောက် မယုံနိုင်သည့်ဟန် ထပ်မေးလာသည်။“အခုမင်း...”

[ကြယ်တာရာ‘နတ်ဆိုးကဲ့သို့မီးတရားရှင်’သည် ဒီသုံးပွင့်ဆိုင်အား နှစ်သက်သည်။]

[ကြယ်တာရာ‘နတ်ဆိုးကဲ့သို့မီးတရားရှင်’သည်သင့်အား ဒင်္ဂါး၂၀၀၀အား စပွန်ဆာပေးသည်။]

ဘယ်ကသောက်သုံးပွင့်ဆိုင်လဲ? သူ နာဗာဏာ၏ဖြူဖျော့နေသောမျက်နှာထားကိုမြင်မိပြီးနောက် တစ်ခုခုလွဲနေပြီဖြစ်မှန်းသိလိုက်ရသည်။ငါ့ဟာငါ အကြံကောင်းရှာနေရင်းတန်းလန်းကြီးကို စောက်ချီးထဲမှ။

သူပါးစပ်ဖွင့်ကာ ကာ၏။“ဘာပေါက်က‌ရတွေလျှောက်ပြောနေတာလဲ?ငါတို့ကအဖော်တွေမှမဟုတ်တာ”

ယူဂျွန်ဟော့ကမူ မျက်နှာသေဖြင့်ပြန်ဖြေ၏။“မင်းကိုလည်းမပြောဘူး...”

ယူဂျွန်ဟော့ရဲ့ ရည်ရွယ်ချက်ဟာမည်သည့်အရာပင်ဖြစ်နေပါစေ အခြေအနေကား ဆိုးသထက်သာဆိုးလာနေ၏။နဗာဏာဟာ တဆတ်ဆတ်တုန်နေပြီး တုန်တုန်ယင်ယင်ဖြင့်ပြောလာလေသည်။“ဘာလို့ငါမဟုတ်ရ...”

ကြောက်မက်ဖွယ်သက်ဖြတ်ချင်စိတ်အစုံဟာ နဗာဏာခန္ဓာကိုယ်ဆီမှထုတ်လွှတ်နေခဲ့ပြီး နာဗာဏာအနောက်တွင်တော့ မန်ဒလာ (ဘာသာရေးဆိုင်ရာ သင်္ကေတစက်ဝိုင်းကြီး)တစ်ခုပေါ်ပေါက်လာသည်။

အသင်္ချေစာဖတ်သူ၏ရှုထောင့်(အိုအာဗီရဲ့ဘာသာပြန်)Where stories live. Discover now