029

354 55 31
                                    


" အရှင် !!!!!!! .. အရှင့်သား ကို ထိန်းပါဦး !!! အူး ဝါးး..."

ဟန်ဘင်း ရဲ့သီးသန့်ခြံထဲ ဟန်ဘင်း မက်သရူး ပေးထားသည့် ပန်းတွေ ထပ်ပျိုးနေတုန်း ...အော်ဟစ် အကူအညီတောင်းသံကြားလို့လှမ်းကြည့်တော့ မိစ္ဆာထောင်ချောက်ပင်ငယ်လေးတွေ ဆန်းဒူး အပင်ပေါက်လေးတွေ ရှေ့ကပြေး ငှက်ပေါက်က နောက်ကနေ အပင်တွေကိုလိုက် ဆိတ် နေသည်ကို တွေ့လိုက်ရသည်..။

ထိုအပင်ပေါက်လေးတွေဟာ ထိုကလေး၏ လက်ချက်ကို ခံနေရသည့်အတွက် အော်ရင်း ဟစ်ရင်း တစ်ခြံလုံးပတ်ပြေးနေကြသည်...။

" ဖလိန်း !! သူတို့ကို ထပ်လိုက် ဆိတ် နေရင် ဝါးတားဝှီး အပင်တွေ ကို တစ်နေ့ အကြိမ် ၁၀၀ လောက်ကိုက်ခိုင်း လိုက်မယ်..."

ဟန်ဘင်း ငေါက်လိုက်သည်နှင့် ဖလိန်းက သူ့ လုပ်ရပ်တွေ ကို တုန့်ခနဲရပ်လိုက်ပြီး ဟန်ဘင်း နား ပျံလာဖို့ အတောင်တွေ ကိုဖြန့်လိုက်သည်..။

" မပျံ နဲ့ လမ်းလျှောက်လာ..."

" မီးငှက် ဖြစ်ပြီး မီးလည်းမမှုတ်ရ.. ပျံလည်းမပျံရမှတော့ ငှက်ဖြစ်ရကျိုး မနပ်လိုက်တာ.."

ဖလိန်းက အတောင် တကားကား နဲ့ ဟန်ဘင်း ဆီ လမ်းလျှောက်လာပြီး ပွစိပွစိ ရေရွတ်နေသည်..။

" ငှက်ဖြစ်ရကျိုးအနပ်လွန်ချင်ရင်ဆက်လုပ်လေ.. ငါ က မင်း ခမည်းတော်လို မဟုတ်ဘူး ဓာတ်ကြီးလေးပါး စောင့်ရှောက်သူ နတ်မင်းတွေ ဆီ တစ်ခါတည်းအပ်လိုက်မှာ.."

" ဟွန့်... ပထွေး က ပထွေး စရိုက် တွေ ထုတ်ပြလာတာပဲ..."

" မင်း ဘာပြောလိုက်တယ်..."

" ဦးရီးတော်က ပြောတယ်.. အရှင်က နောက်ဆို ခမည်းတော်နဲ့လက်ဆက်လိုက်ရင် ဖလိန်းရဲ့ ပထွေး ဖြစ်လာမှာတဲ့... လောကမှာ ပထွေးဆိုတာ ကောင်းတဲ့လူ ခပ်ရှားရှားတဲ့..."

ဖလိန်းက ပြောပြောဆိုဆို နဲ့ ဟန်ဘင်း ရဲ့ကျောပေါ်ကနေ ကုတ်တက်ကာ ပခုံးပေါ်ရောက်တဲ့အထိ တွယ်တက်လာသည်..။

" မင်း နောက် ၂ ရက်နေရင် အာ့ စကားပြောနိုင်မယ် ထင်သေးလား.. မီးနှင်းခဲပန်းက ငါ့ သွေး နဲ့ ပျိုးထားတာ.. မင်း စားရင် မင်း က ငါ့သား ဖြစ်လာမှာ..ကဲ ပြော ဘယ်သူကမှ ပထွေး ဖြစ်သွားမလဲ......မင်းတော့ မင်း ခမည်းတော် ကို ပထွေးခေါ်ရတော့မှာပဲ."

Zero Sugar DaddyWhere stories live. Discover now