အခန်းငါးဆယ် - အနက်အဓိပ္ပါယ်

605 75 7
                                    

ဖန်းဟောက်က ချန်ကျားယွီရဲ့လှုပ်ရှားမှူတွေကိုကြည့်နေခဲ့ပြီးမှ သူ့ဆေးလိပ်ကို ညာဘက်လက်ကနေဘယ်ဘက်လက်ကိုပြောင်းကိုင်လိုက်ကာ ရုတ်တရက်အမေးရှိ၏။

“ အခုရော အဲ့သည့်အတိုင်းပဲခံစားနေရတုန်းလား “

ချန်ကျားယွီက နားမလည်သလိုပုံဖြင့် ခေတ္တမျှကြည့်လာလေပြီးမှ ပြန်မေးလေ၏။

“ ဘာကိုခံစားနေရတုန်းပဲလဲ “

ဖန်းဟောက်က ရှင်းပြပေးလေ၏။

“ နှစ်ပတ်လည်နေ့တွေဆိုတာ အပြင်လူတွေအတွက်ပဲ အဓိပ္ပါယ်ရှိတယ်ဆိုတဲ့ အကြောင်း “

ထိုအခါကျမှသာ သူ့ကလေးပြောလိုသည်ကိုနားလည်ကာ ချန်ကျားယွီမှာ မတတ်နိုင်ပဲ ရယ်မောလိုက်လျက်သားဖြင့် ပွင့်လင်းစွာ ကျိန်ဆဲမိသည်အထိ။

“ သေစမ်း...”

“ ကိုယ်က ကိုယ့်ခြေထောက်ကိုယ် သေနတ်နဲ့ပစ်လိုက်မိတာပဲ “

အစက သူပြောခဲ့သော ဟောင်ကောင်မှာ အရေးပေါ်ဆင်းသက်ရတဲ့ နှစ်ပတ်လည်နေ့အကြောင်းက အရင်အဓိပ္ပါယ်နဲ့မတူတော့ပဲ ယခုနေ့တွင်မူ ကွဲပြားသွားခဲ့ပြီဖြစ်၏။

ဖန်းဟောက်က အလေးအနက်သိပ်မထားသည့်ပုံဖြင့်သာ

“ ကျွန်တော်က သည်အတိုင်းပဲပြောလိုက်တာပါ”

ချန်ကျားယွီကတော့ဖြင့် သူ့ကလေးရဲ့ အလေးအနက်မထားသည့်ပုံကို သိပ်သဘောမကျလေရကား စပြီးငြင်းခုံမှူပြုလေ၏။

“ ဒါကအဓိပ္ပါယ်ရှိတယ်လေ။ ဒီဇင်ဘာ ဆယ့်တစ်ရက် ဟုတ်တယ်ဟုတ်။ အခုကစပြီး နှစ်ပတ်လည်တိုင်း လုံကွမ်းဘုရားကျောင်းကိုသွားပြီး အမွှေးတိုင်ထွန်းလို့ ဂါရဝပြုရမယ် “

ဒါကိုမှတ်မိနေဖို့ သူကအထူးတလည်ကြိုးစားစရာမလို‌ပေ။ သည်ရက်စွဲက သူ့စိတ်ထဲမှာစွဲမြဲနေပြီးသားပါ။ ကိန်းဂဏန်းတွေဟူသည် သူတို့တွင်မည့်သည့်လေးနက်သောအဓိပ္ပါယ်မှမရှိသော်ငြား ထိုနောက်ကွယ်က စိတ်ခံစားချက်များကတော့ လေးနက်ပါလေ၏။

ဖန်းဟောက်ကသူ့လက်ကိုရှေ့ဆန့်ထုတ်လိုက်ကာ ချန်ကျားယွီရဲ့ ရင်ဘတ်ကို ပွတ်သပ်လိုက်ရင်း စနောက်လေသည်။

You'll also like

          

“ အဲ့သလောက်ထိမလုပ်ပါနဲ့ “

သို့သော် ကံကြမ္မာက သူ့ကို ထူးထူးခြားခြားပင် နည်းလမ်းတစ်ခုသုံးကာပုံဖော်ပေးလေပြီး မနှေးမမြန်အရှိန်ဖြင့်စီးဆင်းနေသော ရေစီးကြောင်းအလယ်တွန်းတင်လိုက်ပြီသာဖြစ်၏။ ထို့နောက် နားနားတွင်တီးတိုးရေရွတ်နေသကဲ့သို့ “ သည်နေ့ဟာလည်းနေ့တစ်နေ့ပဲ၊ အခုအချိန်ကလည်းအချိန်ပါပဲ “ ဟူ၍။

သူနဲ့ ဖန်းဟောက်ဟာ မတော်တဆ သို့တည်းမဟုတ် ရည်ရွယ်ချက်တစ်စုံတစ်ရာမပါလေပဲ တရားဝင်ချစ်သူများဖြစ်ခဲ့ကြသည်။ သည်ကာလရဲ့ ဒီဇင်ဘာဆယ့်တစ်ရက်ဟာ သူ့ရဲ့မှတ်ဥာဏ်တွေထဲဝယ် အဓိပ္ပါယ်တစ်မျိုးပြောင်းကာ ရေးသားရတော့မှာဖြစ်ပြီး ထာဝရအတွက်ဖြစ်တည်နေတော့မည်သာ။ နှစ်ယောက်သား အအေးဓါတ်ကိုခံစားမိလာတဲ့အထိအတူတူလှဲနေခဲ့ကြပြီးနောက် ချန်ကျားယွီက အဝတ်အစားပြန်ဝတ်ကာ ပုဝါတစ်ထည်ကိုယူလို့ ဗီရိုပေါ်နဲ့တံခါးတွေကို ဖန်းဟောက်အားကူညီသန့်ရှင်းပေးလေသည်။ သူ့ကလေးရေသွားချိုးတော့မှသာ ချန်ကျားယွီက ကြမ်းပြင်ပေါ်ဝယ် ပြန့်ကျဲလို့နေတဲ့ လေယာဥ်မော်ဒယ်လေးတွေကို ကောက်လို့ သူတို့ရဲ့မူလနေရာတွင်ပြန်စီကာထားပေးလိုက်သည်။

ဖန်းဟောက်ရေချိုးခန်းထဲမှထွက်လာချိန်ဝယ် အရာရာတိုင်းက သူ့နေရာနှင့်သူ ပြန်ထားပြီးဖြစ်သည်ကို တွေ့လိုက်ရလေ၏။ ထိုအထဲတွင်လေယာဥ်မော်ဒယ်တစ်ခုမပါပေ။ သာမာန်မော်ဒယ်မဟုတ်ပဲ လွန်ခဲ့တဲ့တစ်လက လန်ဖုန်းလက်ဆောင်ပေးခဲ့လေသော ပြင်သစ်လေကြောင်းလိုင်းအလံလေးကထင်းနေလျက်သားဖြင့် Concorde ဂျက်လေယာဥ်လေးသာဖြစ်သည်။ Concorde လေယာဥ်တစ်စင်းတည်းကသာ ကြမ်းပြင်ပေါ်ဝယ် မှောက်လျက်သားကလေးရှိနေပြီး ကျန်အရာများကိုတော့ စနစ်တကျ စီစီရီရီထားထားပေ၏။

ဖန်းဟောက်ကမူ ရယ်မောမိလျက်သားပင်။

“ ခင်ဗျားတကယ်ကြီးစိတ်အနှောင့်အယှက်ဖြစ်နေတာပဲ “

ချန်ကျားယွီမှာမူ အပြစ်ကင်းလေသည့် ပုံစံဖြင့်သာ

“ ကိုယ့်စိတ်အနှောင့်အယှက်ဖြစ်တယ်ဆိုရင် မင်း ဒါကိုဖယ်လိုက်မှာလား။ “

​မြေပြင်အထက်အမြင့်​ပေမီ​တာတစ်​သောင်းမှ​နေဆင်းသက်ခြင်း(မြန်မာမှူပြန်လည်ပြုစု)Where stories live. Discover now