2

22 2 2
                                    

အက်ဂနိုရဲ့ အဖေနဲ့အမေက Aနိုင်ငံမှာ အိမ်ရာစီမံကိန်းကို ကိုင်တွယ်နေကြတာဖြစ်ပြီး အက်ဂနိုကတော့ Bနိုင်ငံမှာသာ မိမိရဲ့ကိုယ်ပိုင် ပိုးချည်ထည်ကုမ္ပဏီ 'Yoxcoda' ကိုဦးစီးရင်း တစ်ကိုယ်တည်းနေနေတာဖြစ်သည်။အက်ဂနိုက အေးဆေးနေရတာကြိုက်တဲ့သူမို့ သူ့ဆီတွင် ရည်းစားဆိုတာမရှိပါ။ရုပ်ရည်အနေအထားအရ ရှိသင့်သော်လည်း ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ချစ်တဲ့ခံစားချက်ဟူ၍ ငယ်စဉ်မှ ယနေ့ထိတိုင်မဖြစ်ပေါ်ခဲ့သေး။ဘာလို့ဆို လူတိုင်းက သူ့ပိုင်ဆိုင်မှုတွေကိုတပ်မက်နေကြတာလေ အဲ့တော့စစ်မှန်တဲ့အချစ်ဆိုတာ ဘယ်ရှိလေပါ့မလဲ?

~You know you Top Tier
Ten outta ten...
No one with compares to your they know that's they can't I kinda fuck with you...~

မနက်စောစောစီးစီး ringtoneသံမြည်လာတဲ့ဖုန်းကြောင့် အက်ဂနို ယောင်ဝါးဝါးဖြင့် ခုတင်ဘေးစားပွဲပေါ်မှ ဖုန်းကိုယူကိုင်လိုက်၏။

"ဟယ်လို...အက်ဂနိုပါ" အက်ဂနို အိပ်ချင်မူးတူးအသံ လေးလေးပင်ပင်ဖြင့် ဖုန်းပြောလိုက်ပေမယ့် ဖုန်းထဲက အမေဖြစ်သူအသံကြောင့် မျက်စိတွေပြူးသွားရသည်။

"မေမေလား!!"

"ဟုတ်တယ် အက် အမေသားကို ကိစ္စတစ်ခုလုပ်ခိုင်းမလို့"

အက်ဂနို အိပ်ယာပေါ်ထထိုင်လိုက်ရင်း
"ဘာ ကိစ္စလဲ မေမေ"

"မေမေ့ မိတ်ဆွေ မစ္စစီဖာက လွန်ခဲ့တဲ့ နှစ်နှစ်က ဆုံးသွားတယ် ဆိုတာကို မေမေ မနေ့ညကမှ သိခဲ့ရတယ် သူ့ခင်ပွန်းကလဲ သူနဲ့ကွဲနေတာ သူ့သားလေးတစ်သက်ပဲ သားရဲ့။ မေမေတကယ်စိတ်မကောင်းဘူး စီဖာက သူ့ရပ်ကွက်ထဲမှာပဲ စားသောက်ဆိုင်အသေးလေးဖွင့်ထားတယ်ကြားမိတယ် အဲ့တာသူ(မ) မရှိတော့ သူ့သားလေးပဲကျန်ခဲ့မှာ ကိုယ့်မိတ်ဆွေ ဆုံးပါးသွားတာတောင် မသိလိုက်ရတာ တကယ်ရင်နာမိတယ် သူ့သားလေးကို မေမေ့အနေနဲ့ သားအနားမှာခေါ်ပြီးစောင့်ရှောက်ထားစေချင်တယ် ကောင်လေးက အခုမှ ကျောင်းသားအရွယ်ပဲရှိအုံးမှာ သူ့ကိုပညာတွေစုံအောင်သင်ပေးပြီး မြေတောင်မြှောက်ပေးချင်တယ် ပြီးမှသူ့အဖေ မစ္စတာ ရန်ထွန်း ကို ဆက်သွယ်ထားရမှာပေါ့...."

First SightWhere stories live. Discover now