အပိုင်း(၂၃)

1.6K 98 6
                                    

Unicode

"မမ!"

မိုးညတိမ်ယံ ဒုန်းဆိုင်းရောက်လာသော ခြေလှမ်းများနှင့်အတူ အော်သံတစ်ခုကိုပါ မြူခိုးနွယ်ကြားလိုက်ရသဖြင့် အလုပ်လုပ်နေရင်း သူမ နှုတ်ခမ်းလေး မသိမသာလေးပြုံးသွားပြီး ထူးလိုက်လေသည်။

"ဟေ"

သူမ သိပါသည်။မိုးညတိမ်ယံတို့ ဒီနေ့ ပေါက်ကွဲတော့မယ်ဆိုတာ။

"ဘယ်မလဲ ကျွန်တော့်ကားသော့"

"ကိုဥာဏ်မင်းမောင် ယူသွားတယ်လေ"

"ဘာ!"

ထိုအခါ မိုးညတိမ်ယံ ဒေါသကြောင့် မျက်နှာလေးမှာ ပိုနီရဲလာပြီး

"အဲ့ဘဲနာကြီးက ဘာကိစ္စယူသွားရတာလဲကွာ"

မြူခိုးနွယ် ခပ်ပြုံးပြုံးလေးဖြင့် ဒေါကန်နေသော မောင်ဖြစ်သူကို ကြည့်ပြီး ဘာမှမသိသောအထာဖြင့် ပုခုံးတွန့်ကာ

"မသိဘူးလေ"

မြူခိုးနွယ် ခပ်အေးအေးလေး ဖြေလိုက်ပြီး အလုပ်ကို ပြန်လုပ်နေလိုက်၏။ထိုကိစ္စရဲ့နောက်ကွယ်က တရားခံက မည်သူဖြစ်နိုင်သနည်း။သူမ ကိုယ်တိုင်ကလွဲ ဘယ်သူရှိနေနိုင်ဦးမည်နည်း။ဆိုးလွန်းသော မောင်ဖြစ်သူအား အလုပ်တစ်ဖက်နဲ့သူမ ပြည့်ပြည့်ဝဝ ထိန်းကျောင်းနိုင်မည်မဟုတ်မှန်း သူမကိုယ်တိုင်သိသောကြောင့် သူမမှာ အကူအညီတောင်းစရာဆိုလို့လည်း ကိုဥာဏ်မင်းမောင်မှလွဲရှိမနေခဲ့ပါ။မောင်ဖြစ်သူကိုလည်း ကိုဥာဏ်မင်းမောင်လက်ထဲတွင်သာ စိတ်ချသောကြောင့် မိုးညတိမ်ယံကို club ကနေ ကိုဥာဏ်မင်းမောင် ဆွဲခေါ်လာသည့်နေ့က သူမ အကူအညီတစ်ခုတောင်းမိခဲ့လေသည်။

"ကိုဥာဏ်မင်းမောင် ကျွန်မအကူအညီတောင်းစရာလေး ရှိလို့ပါ"

"ဟုတ်ကဲ့"

"ဒီလိုပါ ကျွန်မမောင်လေး ဆိုးတာလည်း ကိုဥာဏ်မင်းမောင်သိပြီမဟုတ်လား"

ထိုအခါ ကိုဥာဏ်မင်းမောင်က အဝေးတစ်နေရာကိုကြည့်ကာ ခပ်နုနုလေးပြုံးပြီး စကားတစ်ခွန်းကို ရေရွတ်လာလေသည်။

"သူကတော့ ငယ်ငယ်ကတည်းက ဆိုးတာပါဗျာ"

မြူခိုးနွယ် သဘောကျဟန်ဖြင့် တစ်ချက်ရယ်လိုက်ပြီး သူမ ပြောနေသည့်စကားကို ပြန်ဆက်လိုက်၏။

Essential Where stories live. Discover now