သဇင်တစ်ယောက် သစ္စာကိုတောင်သေချာပြန်မကြည့်မိတော့ဘဲ တစ်စုံတစ်ယောက်ကိုသာငေးနေမိသည်၊ဝေးသွားခဲ့ပြီ ထင်တာ အခုချိန်မှာ ပြန်ဆုံနေကြတာဘဲ ဟု သူမ စိတ်ထဲမှ တိုးတိုးလေးရွတ်ကာ၊စကားစလိုက်သည်။
"ကိုဟိန်း နွယ်တို့မတွေ့တာတောင်ကြာပြီနော်"
"အင်း နွယ် ကိုယ်တို့ဝေးခဲ့တာလည်းကြာပြီကို အခုလိုပြန်ဆုံမယ်မထင်ခဲ့ဘူး"
နွယ် တစ်ချက်သာပြုံးပြခဲ့ပါသည်၊သူမဘယ်လိုပြန်ဖြေရမလည်းမသိခဲ့ပါ အရင်က အကြောင်းတွေကိုလည်း သူမပြန်မစချင်ပါ ဒီတိုင်းလေး ကိုယ့်ဘာသာနေတာဘဲ ကောင်းပါတယ်လို့ တွေးရင်း နှင်းကိုခေါ်ပြီးသာအတန်းဘက်ထွက်ခဲ့တော့သည်..
______________________________________________
"ဇက် အဆင်ပြေရဲ့လား"
"ဟင်..အွန်း ပြေပါတယ် ဘာလို့လည်း"
"ခေတ် မင်းပုံကြည့်ရတာ မျောက်သေလေးပါးချထားသလိုဘဲဟ"
ဇက် ခဏကြောင်အသွားမိသည် သတ္တိက သူတို့ ခေတ်ခေါ်တာ စသိတုန်းကပါနောက်ပိုင်းဇက်ဘဲ ခေါ်ခဲ့တာ ခုမှ ခေတ်လို့ပြန်သုံးလိုက်ခြင်းသာ၊သတ္တိမျက်နှာကို ကြည့်မိတော့ ဒေါသထွက်နေသလိုတော့ ရှိပေမဲ့ အရမ်းကြီးမဟုတ်။
"နည်းနည်း ပင်ပန်းလို့ပါ"
ဒီလိုနဲ့ စကားပြတ်သွားပြီး တစ်ယောက်နဲ့တစ်ယောက်သာ ကြည့်ပြီးအတန်း စမည့် အချိန်ကိုသာ စောင့်နေသည်၊ထိုအချိန် ကောင်မလေးတစ်ယောက်က အနားကိုလာထိုင်ကာ ရောက်လာသည်လေ။
"ဟို အစ်ကိုတို့ ကျွန်တော်တို့ ထိုင်လို့ရမလားဗျ"
"အော်ရတယ် ဒါနဲ့ ညီမက"
"ကျွန်တော်က မေရှင်းခန့်ပါ၊ဒီဘက်က တစ်ယောက်က ယွန်းနေခြည်ပါ ၊ကျွန်တော် က အစ်ကိုတို့ကို ကြည့်ကြည့်နေတာ ကြာပါပြီ သုံးယောက်ဘဲ တပူးတတွဲဘဲမလို့လေ၊ကျွန်ေတာ်တို့ကလည်း အစ်ကိုတို့နဲ့ ရင်းနှီးချင်လို့ပါ၊ပြောရရင် ကျွန်တော်က ယောက်ျားစိတ်ပေါက်နေတဲ့ မိန်းမပေါ့ဗျာ"
"ဒီလိုကိုး အစ်ကိုတို့နဲ့လည်း ခင်မင်ရင်းနှီးလို့ပါတယ် အစ်ကို မြတ်သူ၊ အလည်က သတ္တိ ၊ဘေးဆုံးက ဇက်တဲ့"