အပိုင်း (၄၃)
ချန်းမိသားစုထံမှ စပါးလှေ့သည့်ဇကောကို ငှားရမ်းခြင်းမှာ ပြဿနာမရှိပေ။ ချန်းမိသားစုတွင်ရှိသော အကြီးနှစ်ခုသည် အခုလို အချိန်တွင် အားနေသည်။ အခြောက်ခံရန် လိုအပ်သော ဟင်းသီးဟင်းရွက်အနည်းငယ်ကို ခြံဝင်းထဲတွင်သာ ရိုးရိုးရှင်းရှင်း ထုတ်လှန်းထားသည်။
ရှန်းနဉ်သည် ငယ်လွန်းသဖြင့် ရှန်းအန်းအတွက် ထမင်းသွားပို့ပေးရန် တာဝန်ယူလိုက်၏။ ချင်ဖန်းညန်သည် နောက်ထပ် ဇကောတစ်ချပ်ကို စန်းလော့အိမ်သို့ ယူလာပေးလိုက်သည်။ ညစာစားပြီးနောက် အနားယူချိန်တွင် သူတို့၏အိမ်ရှေ့၌ စကားစမြည်ပြောနေသောသူများမှာ သတိထားမိသွားပြီး သူမက အဘယ်ကြောင့် ဇကောများကို လိုပါနည်းဟု အသံထွက်ကာ စဉ်းစားကြလေသည်။
စန်းလော့သည် ပြုံးကာ မရင်းနှီးလှသည့်အမျိုးသမီးကို ထူးထူးခြားခြား တုံ့ပြန်လိုက်၏။
"ဒရင်ကောက်ရွက်တွေကို အခြောက်ခံပြီးသိုလှောင်ထားရမယ် အဲ့လိုမှမဟုတ်ရင် ဆောင်းရာသီမှာ ကျွန်မတို့ စားစရာအသီးအရွက်ရှိမှာ မဟုတ်ဘူးလေ"
ရွာသားများ : "အို၊ အဲ့တာက မှန်တာပေါ့။ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး စန်းလော့က အများကြီးသိပုံမပေါ်ဘူး။ သိုလှောင်ဖို့အတွက်က တောဟင်းရွက်အချို့ကိုပဲ အခြောက်ခံထားလို့ရမှာ"
"ဟင်းရွက်တွေ ဘယ်လိုစိုက်ပျိုးရမလဲဆိုတာကို သိဖို့လိုသေးတာပဲ။ ဒီနှစ်မှာတော့ ပိုလို့တောင် စိုက်လို့နိုင်တယ်။ မင်း မသိဘူးဆိုရင် ဖန်းညန်ဆီကနေ အကြံညဏ် အမြဲတမ်းတောင်းလို့ရတာပဲ"
ဤသည်မှာ စေတနာကောင်းသည့် ကြင်နာသောအကြံပြုချက်ဖြစ်ပြီး စန်းလော့သည် ပြုံးကာ ကျေးဇူးတင်ကြောင်း ပြောကြားလိုက်သည်။
ယခင်က ရွာသူရွာသားများနှင့် ထိတွေ့ဆက်ဆံမှု အနည်းငယ်သာ ရှိခဲ့သော်လည်း ယခုအခါ သူမသည် လူမှုအသိုင်းအဝိုင်းထဲသို့ တဖြည်းဖြည်း ဝင်ဆံ့လာပုံရ၏။
ချင်ဖန်းညန်သည် အပြုံးဖြင့်ကြည့်ကာ စန်းလော့၏ ပစ္စည်းများကို ကူညီခဲ့သော်လည်း အိမ်ထဲသို့ မဝင်သလို ထပ်လည်းမမေးချေ။ စန်းလော့၏ အိမ်အနောက်ဘက်ရှိ ဟင်းရွက်စိုက်ခင်းအား လှမ်းကြည့်ပြီးနောက် မြေကွက်နေရာတော်တော်များများဟာ အခုတော့ အသုံးပြုလို့ရနိုင်ပြီဖြစ်ကြောင်း မှတ်ထားလိုက်ပြီး အိမ်သို့ ပြန်သွားလေသည်။
......
လသည် ညကောင်းကင်၌ ငွေရောင်ဓာတ်ပြားကို ချိတ်ဆွဲထားသကဲ့သို့ပင်။ လရောင်က ဆီးနှင်းဆဲတစ်ခုပေါ်တွင် ဖြာကျနေသည်မှာ သူ၏တည်ရှိမှုကို ပိုပြီးထင်သာမြင်သာ ရှိစေသည်။
တဲအိမ်တံခါးကို ပိတထားပြီး အတွင်းတွင် မီးဖိုတစ်ခု ဖိုကာ အလင်းရောင်က တောက်တောက်ပပ လင်းဖြာနေသည်။ အပြင်ရှိ ငွေနှင်းခဲများနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် မီးလောင်နေသောသစ်သားမှ ရံဖန်ရံခါတွင် တကျက်ကျက်မြည်သံ ထွက်ပေါ်လာပြီး လေထုအား နွေးထွေးသောအငွေ့အသက်ကို ဖြည့်တင်းပေးထားသည်။
ဤမီး၏အနွေးဓာတ်ထဲတွင် စန်းလော့နှင့် ကလေးနှစ်ယောက်သည် စွံပလွန်မုန့်ကို စတင်ပြုလုပ်ကြသည်။
သူတို့လမ်းလျှောက်နိုင်၊ ပြေးနိုင်စဥ်ထဲက ရင်းနှီးနေသည့် သည်အသီးသည် ရိုးရှင်းသော လုပ်ဆောင်မှုအောက်တွင် သူတို့၏လက်ထဲ၌ လုံးဝကွဲပြားသည့် အရာတစ်ခုအဖြစ် ပြောင်းလဲလာခဲ့သည်။ သကြားနှင့်ရောပီးနောက် စန်းလော့သည်ပြုံးကာ
"အခု စမ်းကြည့်လို့ရပြီ။ တစ်တို့လောက်ယူပြီး အရသာခံကြည့်လိုက်။ ဒါက နောက်ဆုံး အခြောက်ခံထားတဲ့အဆင့်နဲ့မတူဘဲ ကွဲပြားလိမ့်မယ်"
စွံပလွန်မုန့်ကို သကြားနှင့်ရောထားသည်ဟူသော အတွေးသည် ထိုအရာကို မမြည်းစမ်းခင်ကပင် သွားရည်ကျစေ၏။
ရုပ်လုံးမပေါ်သေးသော စွံပလွန်မုန့်များသည် နူးညံ့၏။ တစ်တို့မျှ မြည်းကြည့်ပြီးနောက် သကြားညိုအပြည့်အမောက်ပါသော ချိုချဉ်အရသာသည် မောင်နှမနှစ်ယောက်အား အပြည့်အဝကြည် နူးစေသည်။
"ဒါက အရမ်းအရသာရှိတယ်။ သေချာပေါက် ဒါကို လူတွေ ဝယ်ကြလိမ့်မယ်"
"အဲ့တာသာ ခြောက်သွားရင်ရော ဘယ်လိုပုံဖြစ်သွားမှာလဲ"
စန်းလော့သည် ပြုံးလိုက်ပြီး ဇကောများကို နေရာချပြီးနောက် ကလေးများ၏ရှေ့၌ပင် စွံပလွန်မုန့်များကို နည်းလမ်းတကျ ပုံဖော်လိုက်သည်။ အပြင်ဘက်ရှိသစ်ပင်နှစ်ပင်၏သစ်ကိုင်းပေါ်တွင် ခြင်းတောင်းနှစ်ခုကို နေရာချပြီးနောက် သူမသည် ကလေးများကို သန့်ရှင်းရေးလုပ်ခိုင်းပြီး အိပ်ယာဝင်ခိုင်းလိုက်သည်။