Volume 2 : အများသူငါစိတ်ကြိုက်ဘာသာရပ်
Chapter 30 (တောလမ်းခရီးခြေကျင်လျှောက်ပြိုင်ပွဲ ၀၆)
ယွဲ့ရှင်းဝမ်နှင့် အဖွဲ့ဝင်နှစ်ယောက်ကြားရှိ ဆွေးနွေးသံကိုကြားတော့ ကျန်းဖျင်စစ်က အနားရောက်လာပြီး အသံတိုးတိုးဖြင့်မေးသည်။
"အဲဒီမိန်းကလေးကို သိတာလား?"
ယွဲ့ရှင်းဝမ်က အတိုချုပ်ရှင်းပြသည်။
"သူမနာမည်က ချင်လု၊ လျှိုရှောင်းရှောင်းလိုပဲ အရင်က "နှလုံးသွေးကြောဆိုင်ရာလူနာဆောင်"က စာမေးပွဲခန်းမှာ အတူတူဆုံခဲ့ကြတာ... သူမက နန်ယန်ကျောင်းထုံးတက္ကသိုလ်က ပထဝီစီမံကိန်းဘာသာရပ်နဲ့ သူမမှာ ကျောက်ထုလွှာလှုပ်ရှားမှုစွမ်းရည်ရှိတယ်..."
ကျန်းဖျင်စစ်က တွေးဆပြီး ပြောသည်။
"ကျောက်ထုလွှာလှုပ်ရှားမှုနဲ့ သူမက မြစ်လယ်က ကတ်ကို တိုက်ရိုက်ရွှေ့လျားနိုင်တာလား?"
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့်သည်။
"အင်း... အဲဒါကြောင့် သူမက အရမ်းယုံကြည်မှုရှိနေတာ... တစ်ဖက်က ယောင်္ကျားလေးတွေက အဲဒီကတ်ကို မယူသင့်ဘူး..."
သို့သော် ကျန်းဖျင်စစ် မှန်းဆထားသည့်အတိုင်း 'ချင်လု'က ကတ်ကို သူမ၏'ကျောက်ထုလွှာလှုပ်ရှားမှု'ဖြင့် တိုက်ရိုက်မရွှေ့ဘဲ ဆန့်ကျင်ဘက်ရှိ ယောင်္ကျားလေးများက ဦးဆောင်ခဲ့သည်——
အရပ်ရှည်ပြီး အသားမည်းသော ယောင်္ကျားလေးက သူ၏ညာဘက်လက်ကနေ သွယ်လျပြီး ရှည်လျားသော သစ်သားတုတ်ကို ထုတ်လိုက်သည်။ သူက တုတ်ကို မြေပြင်ပေါ် ပြင်းထန်စွာ ဆောင့်ချလိုက်ပြီး ရုတ်တရက် သူ့ခန္ဓာကိုယ်က ငှက်ကဲ့သို့ လေထဲကိုမြှောက်တက်သွားကာ မိန်းကလေး လေးယောက်၏ နောက်သို့ ပြုတ်ကျလာသည်။
ထိုယောင်္ကျားလေးက သူ၏သွားဖွေးဖွေးလေးကိုထုတ်ပြပြီး 'ချင်လု'ကို ပြောသည်။
"ငါ ဘယ်သူ့ကို အနိုင်မကျင့်ချင်ဘူး... ဒီတော့ ဒီကတ်ကို ငါတို့ကို ပေးလိုက်..."
'ချင်လု'၏အမူအရာက အေးစက်နေ၏။
"ငါက ဘာလို့ နင်တို့ကို ပေးရမှာလဲ? ဘယ်သူက ဘယ်သူ့ကို အနိုင်ကျင့်မလဲဆိုတာ မသေချာသေးပါဘူး..."
သူမနှင့် အကျိုးသင့်အကြောင်းသင့်ပြောခြင်းက မဖြစ်နိုင်ဘူးဆိုတာ ယောင်္ကျားလေးက တွေ့ရှိခဲ့ပြီး ထို့ကြောင့် သူက မျက်မှောင်ကြုတ်ကာ မြစ်တစ်ဖက်ကမ်းက သူ့အဖွဲ့ဝင်ကို မျက်စိမှိတ်ပြလိုက်သည်။။
ရွှေရောင်ဆံပင်ဆိုးထားသော သပ်သပ်ရပ်ရပ်နဲ့ ယောင်္ကျားလေးတစ်ယောက်က သူ့ညာလက်ကို မြှောက်လိုက်သည်။ ထို့နောက် အဖြူရောင် တန်းကျော်ဘားတန်း အမြောက်အများ ပေါ်လာတာကို သူတို့မြင်လိုက်ရပြီး တစ်ခုနှင့်တစ်ခုဆက်ထားကာ 'ချင်လု'နှင့် သူမ၏အဖွဲ့ဝင်များကို တိရစ္ဆာန်တွေအား ခြံစည်းရိုးခတ်သလို ဝိုင်းရံထားသည်။
ထိုအရာပြီးပြီးချင်းမှာပဲ ပင်ပေါင်ဘောလုံးများဟာ မိုးသက်မုန်တိုင်းတစ်ခုလို ပြင်းထန်စွာ ပြုတ်ကျလာကြသည်။
သာမန်ပင်ပေါင်ဘောလုံးတွေက လူတွေကို မထိခိုက်စေနိုင်သော်လည်း စာကြည့်တိုက်ရှိ ပင်ပေါင်ဘောလုံးတွေက မိုးသီးကဲ့သို့ မာကျောကာ သိသိသာသာ အားကောင်းပြီး အရိုက်ခံရရင်တော့ ရယ်စရာကောင်းမှာမဟုတ်ပေ။
တုတ်ထောက်ခုန်ခြင်း၊ တန်းကျော်ဘာတန်းများ ချက်ချင်း ပေါ်လာပြီး လူများကို ဝန်းရံထားကာ ပင်ပေါင်ဘောလုံးများ လွှမ်းမိုးနေသည်......
ဒီမှော်ဆန်သော မြင်ကွင်းက ရုပ်ရှင်ရိုက်သလိုဖြစ်နေသည်။
ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့က တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ကျန်းဖျင်စစ်က အသံတိုးတိုးဖြင့် ပြောခဲ့သည်။
"ဒါက ရှီးကျိုးအားကစားတက္ကသိုလ်က အဖွဲ့ဖြစ်လိမ့်မယ်..."
ယွဲ့ရှင်းဝမ်က ခေါင်းငြိမ့် သဘောတူသည်။
"အင်း... သူတို့အားလုံးက အားကစားပစ္စည်းတွေ ရထားတာဆိုတော့ ကိုင်တွယ်ရတာ လွယ်မှာမဟုတ်ဘူး..."
မိုးသက်မုန်တိုင်းလို ပင်ပေါင်ဘောလုံးများ ပြုတ်ကျလာတာကို မြင်လိုက်ရတော့ 'ချင်လု'၏အမူအရာက ပြောင်းသွားပြီး သူမက အော်လိုက်သည်။
"သွားတော့!"
သူမဘေးနားက မိန်းကလေးတစ်ယောက်သည် ချက်ချင်းဆိုသလို ကမ္ဘာလုံးကိုထုတ်ကာ အော်လိုက်သည်။