ဟိုပီက နီးယန်ကို အနည်းငယ်မနာလိုဖြစ်မိသော်လည်း သူတို့သာ တကယ်တိုက်ခိုက်ပါက သူရှုံးလိမ့်မယ်လို့ မတွေးထားပေ။
ပြီးတော့လည်း သူက ယခုထိ မိုးကြိုးလျှပ်စီး အမြုတေရဲ့ အရသာကို မမြည်းစမ်းရသေးပါ၊ အဲ့ဒါက ဘယ်လိုအရသာ ရှိပါလိမ့်...
ဟိုပီက သူ့မျက်နာပေါ်တွင် လောဘတကြီးအမူအရာနှင့်အတူ နီးယန်ကို စိုက်ကြည့်နေ၏။
ဟိုပီ၏ အလိုတကြီးမျက်နှာနှင့် ရင်ဆိုင်ရတော့ နီးယန်မှာ နောက်ကြောင်းပြန်ဆုတ်မိသွားသည်။
သူမမျက်လုံးများမှာ သူမရှေ့ရှိ ပျံသန်းနေသော နှင်းများနှင့် သန်မာသောလေများ၏ ဆွဲဆောင်ခြင်းခံနေရသည်။
နီးယန်က လျှို့ဝှက်စွာ ရေရွတ်လိုက်၏" ကျောက်မီးသွေးနယ်မြေရဲ့ ခေါင်းဆောင်လို့ မပြောရဘူး၊ စွမ်းရည်က အရမ်းပြည့်ဝတာပဲ"
သူမ၏ခွန်အား အားလုံးအသုံးပြုပြီး တိုက်ခိုက်မယ်ဆိုရင်တောင် ဟိုပီကို အစွန်အဖျားသာလျှင် တိုက်ခိုက်နိုင်မှန်း နီးယန် သိပါသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံး မီးတောက်မီးလျှံများ တောက်လောင်နေပြီး မျက်လုံးတွေနီရဲနေတဲ့ ကျူးယန်ကို သူမ ထိန်းချုပ်လိုက်ပြီး အလျှော့မပေးစွာဖြင့် သူမက လူတွေကိုဆွဲသွားကာ လုရှီမင်နှင့် စုရွမ်ရွမ်တို့ကို လမ်းတစ်လျှောက် နောက်ကြောင်းပြန်ဆုတ်စေလိုက်သည်။
"မင်း သူ့ကို ရိုက်နိုင်မှာမဟုတ်ဘူး" နီးယန်က ကျူးယန်ကို တင်းကျပ်စွာ ဆွဲထားလိုက်သည်။သူ့ကို သွားပြီးအသေခံဖို့ လွှတ်မထားနိုင်ပေ။
ထို့နောက် တစ်ခြားပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာသည်။ "ပြေး!"နီးယန်က ချက်ချင်းပဲ ကျူးယန်ကိုခေါ်ကာ ပြေးတော့သည်။
စုရွမ်ရွမ်ကတော့ ဟိုပီဆီသို့ ပြေးနေလေသည်။
နီးယန် ကျိန်ဆဲလိုက်တော့၏"အရူးမ၊ နင်က ဘယ်ငရဲကို သွားနေတာလဲ?"
နီးယန် ကျိန်ဆဲပြီးလျှင်ပြီးချင်းပဲ သူမဟာ သတ္ထုလှောင်အိမ်နဲ့ ပတ်ရံခံလိုက်ရသည်။
YOU ARE READING
ပန်းနတ်ဘုရားမလေး ကျောင်းကျောင်း (ပြီးစီး☑️)
Fantasyစုရွမ်ရွမ်× လုရှီမင် မူရင်းစာရေးသူ-ထျန်းပေါင်ယွမ် အင်္ဂလိပ် ဘာသာပြန်သူ- ဆောင်းခိုယန်ယန် သူမနိုးလာသောအခါ စုရွမ်ရွမ်ဟာ သူမ novel တစ်ခုထဲသို့ ကူးပြောင်းသွားတယ်ဆိုတာ ရှာတွေ့ခဲ့တယ်။ နတ်ဆိုးတစ်ယောက်ဖြစ်တဲ့ အမျိုးသားဇာတ်လိုက်ဟာ အားနည်း သူရဲဘောကြောင်သူတစ်ယေ...