"ဒါကဘာလုပ်တာလဲ လူကြီးမင်း"
ရှောင်ကျော်၏ လက်တစ်ဖက် ပုဝါအနီးသို့ မရောက်သေးချိန်မှာပင် ထိုလူငယ်လေးသည် အနောက်သို့ ဆုတ်ခွာသွားကာ ရှောင်ကျော်အား မေးလာခဲ့သည်။ ကြားလိုက်ရသည့်အသံသည် ရှောက်ကျော်ကောဟု ခေါ်နေသည့် ကလေးငယ်လေး၏ အသံဖြင့်အတော်ပင်ကွာခြားလှသည်အား ရှောင်ကျော် သတိထားလိုက်မိသည်။
"သွေ့...သွေ့ပုကျိ။ ကျွန်တော်သိတဲ့သူတစ်ယောက်နဲ့ ဆင်တူနေတာဖြစ်တဲ့အတွက် သူများဖြစ်နေမလားလို့ တွေးမိသွားလို့ပါ။ ဒီက လူငယ်လေးကို တောင်းပန်ပါတယ်"
"တကယ် မထင်ထားဘူး။ လူကြီးမင်းတို့လို လူမျိုးတွေဆီမှာလဲ စွဲလမ်းမှုတို့ ရှိနေလိမ့်မယ်လို့။ ကျွန်တော် ကိုယ့်ကိုကိုယ်မိတ်ဆက်ပေးပါရစေ။ ကျွန်တော်က သမားတော်တစ်ယောက်ပါ နာမည်က ..."
"ရှောင်ကျော် ဖေးကျဲကျဲ ဖေးကျဲကျဲ"
မိတ်ဆက်နေသည့် သမားတော်၏ စကားတို့ကိုပင် ဆုံးအောင် နားမထောင်တော့ဘဲ အပေါ်ထပ်မှ ရုတ်တရပ်ဆင်းလာသည့် ဝမ်ရှောင်အနားသို့ သွားလိုက်သည်။
"ဘာဖြစ်တာလဲ ဝမ်ရှောင်"
"ဖေးကျဲကျဲ ထွက်သွားတယ်"
"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဖေးစီကျင့် အောက်ကိုဆင်းလာတာကို မတွေ့မိပါဘူး"
"မသိဘူး။ အခန်းထဲမှာ ဖေးကျဲကျဲကို မတွေ့တော့ဘူး ရှောင်ကျော်။ ကူညီပါအုံး ရှောင်ကျော် ဖေးကျဲကျဲကို ရှာပေးပါအုံး။"
"ဝမ်ရှောင် စိတ်အေးအေးထား။ ဖေးစီကျင့် အပေါ်ကတစ်နေရာရာမှာဘဲ ရှိမှာပါ။ သူက နေကောင်းတာလဲ မဟုတ်ဘူး။ သူတစ်ခြားနေရာကို သွားနိုင်မှာ မဟုတ်ပါဘူး"
"အင်း။ "
ငိုနေသည့် ဝမ်ရှောင်၏ ပခုံးလေးအား ပုတ်ပေး၍ နှစ်သိမ့်ပေးလိုက်ကာ အပေါ်ထပ်သို့ တက်လာခဲ့လိုက်သည်။ အခန်းအတွင်းသို့ ဝင်လာသည့်အချိန်တွင် အခြားတစ်ယောက်ဝင်ထားသည့် ခြေရာများအား တွေ့လိုက်ရသည်။
"ဝမ်ရှောင် အခန်းထဲကို ဘယ်သူဝင်လာခဲ့တာလဲ"
"ဟင် ... ဘာကိုပြောတာလဲ ရှောင်ကျော်။ ငါဒီမှာ ရှိနေတုန်းက ဘယ်သူမှဝင်မလာပါဘူး"
YOU ARE READING
ချစ်ခြင်း၏ ခေါ်ဆောင်ရာ (Ongoing)
Fanfictionကျွန်တော်က မိစ္ဆာတစ်ကောင်ဖြစ်နေပြီ ရှောင်ကျော်ကော ရှောင်ကျို ကိုယ်ကလဲ မိစ္ဆာတစ်ကောင်ပါဘဲ.. ကျော်ယိချန် ၊ ရှောင်ပိုင်