အခန်း ၄၁

25 0 0
                                    

ကြွေခလှည့်ပါ…မဘုရား

မူရင်းစာရေးသူ – 티야베 (Tiyabe)
ဘာသာပြန်သူ – Marilee

****

အခန်း ၄၁ {အခက်အခဲ ၁}

အီနော့ခ်တစ်ယောက် အထိန်းတော်ချုပ်ကြီး တာဝန်ပေးအပ်နှံထားတဲ့ စာအုပ်ကို ကူးရေးဖို့အတွက် အစေခံတွေ အသုံးပြုရာ တိုးချဲ့ဆောင်ဆီကို ဦးတည်လာခဲ့ချိန်မှာ လူတွေက သူ ပေါ်လာမှာကိုပဲ စောင့်မျှော်နေတဲ့အလား ခနဲ့တဲ့တဲ့ မှတ်ချက်တွေ သူ့ဘေးပတ်လည် နေရာအနှံ့ကနေ အလုံးအရင်းဝင်လာတော့တယ်။

“ဟော ကြည့်စမ်း၊ မျက်နှာချောချောလေးကို အားကိုးပြီး အသက်ရှင်ခဲ့တဲ့ အရှင်မင်းသမီးရဲ့ တစ်ချိန်တုန်းက ခင်ပွန်းလောင်းလေး လာပြီဟေ့။ ဒီလိုဖြစ်မယ်မှန်းသာသိရင် ငါလည်း နည်းနည်းချောချောလေး မွေးလာခဲ့ပါရဲ့။”

“ဘယ်လောက်ပဲချောချော မျက်နှာလေးတစ်ခုတည်းနဲ့တော့ ခဏလောက်ပဲ အသက်ရှင်ရုံ လုံလောက်မှာပေါ့။ သူ့မှာ အရည်အချင်းကောင်းတွေပါရှိတာ သေချာတယ်။”

သူ့ရဲ့အဖော်တွေက ညစ်ညမ်းတဲ့ လက်အမူအရာတွေလုပ်ရင်း ခိုးခိုးခစ်ခစ် ရယ်လိုက်ကြတယ်။ အီနော့ခ်က သူတို့ကို လျစ်လျူရှုထားလိုက်တယ်။ အဲ့ဒီလိုခနဲ့တဲ့တဲ့စကားတွေက အခုတော့ ဘာသက်ရောက်မှုမှ မရှိတော့ပါဘူး။
သူတို့တွေက အီနော့ခ် မားမားမတ်မတ် ကိုယ်နေဟန်ထားနဲ့ လမ်းလျှောက်သွားတာကို သဘောမတွေ့တဲ့အလား လက်ယပ်ခေါ်လိုက်ကြတယ်။

“ဟေ့ ဒီကိုလာဦး။”

အီနော့ခ်က သူ့ရဲ့ မနှစ်မြို့မှုကို ဖုံးကွယ်ထားရင်း သူတို့ဆီ ချဉ်းကပ်သွားလိုက်တယ်။ ဒါပေမဲ့ အီနော့ခ်ရဲ့ ယဉ်ယဉ်ကျေးကျေး မျက်လုံးတွေထဲမှာ ဖြတ်သန်းသွားတဲ့ မထီတရီအရိပ်ကို တွေ့ဖြစ်အောင်တွေ့သွားခဲ့ကြတယ်။ တော်ဝင်နန်းတော်မှာ အစေခံအဖြစ် အလုပ်လုပ်ဖို့ဆိုရင် သူ့ခံစားချက်တွေကို ဖုံးကွယ်ထားဖို့က လုပ်ကိုလုပ်ရမဲ့အရာပါ။

“လူပါးဝတဲ့ ခွေးမသား…မင်းကိုယ်မင်း မဟာနယ်စားမင်းအိမ်တော်ရဲ့ အရိုက်အရာခံလို့ ထင်နေတုန်းပဲလား။”

ကြွေခလှည့်ပါ...မဘုရား Where stories live. Discover now