အခန်း ၈။

4 0 0
                                    

Unicode

အခန်း ၈

အမှန်အတိုင်းပြောရလျှင် ရှီဟွိုင်သည် ကမ္ဘာကြီးမှာ ထိုမျှလောက်သေးငယ်လိမ့်မည်ဟု တစ်ခါမှမတွေးခဲ့မိဖူးပါချေ။

သူ ကျူတာသင်ရမည့်အိမ်မှာ ဂူကျင်းရှန်း၏အိမ်ဖြစ်နေလေသည်။

ရှီဟွိုင်သည် ဂူကျင်းရှန်း ၏ဘေးတွင်ထိုင်ကာ အစမ်းသင်ကြားမှုကိုစတင်ရန် အသင့်ဖြစ်နေပြီဖြစ်၏။

ဂူကျင်းရှန်း သည် ဝမ်လောင်ကျိ(ဆေးဖက်ဝင်လက်ဖက်ရည်) နှစ်ပုလင်းနှင့် အခန်းထဲသို့ ဝင်လာကာ ရှီဟွိုင် ၏အရှေ့တွင် ပုလင်းတစ်ပုလင်းကို ထားလိုက်လေသည်။

" ရာသီဥတုကပူတယ်လေ၊ အပူသက်သာဖို့ ဆေးဖက်ဝင်လက်ဖက်ရည်လေးသောက်လိုက်ပါအုံး "

သူ့အိမ်ဖြစ်သောကြောင့် ဂူကျင်းရှန်း သည် အစောက တံခါးကိုလာဖွင့်ပေးသောအခါ၌ သူ၏ ညအိတ်ဝတ်စုံကိုဝတ်ဆင်ထားလေသည်။ ထိုချိန်၌ သူ့ဆံပင်များမှာလည်း ရှုပ်ပွနေလေကာ စက္ကန့်အနည်းငယ်အတွင်းမှာပဲ အကြာကြီးအာသမ်း‌ဝေလိုက်တော့မည့်ပုံပေါ်နေလေသည်။

ယခုတွင်မူ ဂူကျင်းရှန်း သည် သူ၏အဝတ်အစားများကို ပြောင်းလဲလိုက်ရုံသာမက သူ၏ ဆံပင်များကိုပါသပ်ရပ်စွာဖီးထားလေ၏။ ထို့ပြင် သူ့ လက်များကိုပါကြည့်‌ကောင်းနေစေသည့် လက်ပတ်ကိုလည်း ၀တ်ဆင်ထား‌သေးသည်။

ထို့နောက် သူသည် ရှီဟွိုင် နှင့် အလွန်နီးကပ်သောထိုင်ခုံပေါ်တွင် ထိုင်လိုက်လေ၏။ သူ့တစ်ကိုယ်လုံးတွင် ပူဒီနာ နှင့် မြက်ရနံ့များသင်းပျံ့နေလေသည်။

"အစ်ကို၊ ကျွန်‌တော့်ကိုကျ ဘာလို့ ဝမ်လောင်ကျိမပေးရတာလဲ။" ဂူရှင်းနန် သည် မကျေမနပ်နှင့်ပြောလာလေသည်။

"ကျွန်တော်လည်း သောက်ချင်တယ်၊ ကျွန်တော့်ကိုလည်း တစ်ပုလင်းလောက်ယူပေးပါ!"

"မင်းမှာ လက်တွေ ခြေတွေမရှိဘူးလား"။ ဂူကျင်းရှန်း သည် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး နောက် ပြောလိုက်လေ၏။ "ဝက်တစ်ကောင်လို အနှောင့်အယှက်ပေးမနေစမ်းနဲ့"

ဂူရှင်းနန် သည် အလယ်တန်းကျောင်းသားအရွယ်သာရှိသေးသည်။ ဤသည်ကိုကြားသော် သူ သည်ပုန်ကန်ထကြွလာခဲ့သည် ။ သူသည် ဂူကျင်းရှန်း ၏ ဝမ်လောင်ကျိပုလင်းကို လုယုကာပိုက်တစ်‌ချောင်းဖြင့်လျင်မြန်စွာ ဖောက်လိုက်ပြီး ချက်ချင်းသောက်ချလိုက်တော့သည်။

ပြန်လည်မွေးဖွားလာသော သံသယတစ်ထောင်နှင့် အမြောက်စာလေး (BL)Where stories live. Discover now