Unicode
" သား ဟိုဘက်အိမ်က ကလေးနဲ့
အပေါင်းအသင်း လုပ်နေတယ်ဆို "" ဟွန် ဘယ်ဘက်အိမ်က ကလေးလဲ မားမား "
" ၀မ်ရိပေါ်လေ "
" အာ ~ "
" သူ့အမေနဲ့ အမေက အသိဆိုပေမဲ့
သားနဲ့သူ့ကိုတော့ မသိစေချင်ဘူး
သူက အရမ်းဆိုးတာ သားကို
သူနဲ့ပေါင်းပြီး ပျက်စီးမှာ
မားမားစိုးရိမ်တယ် "" ဒါပေမဲ့ သူက ! အဲ့လောက်ကြီးလဲ မဆိုးပါဘူး "
ရှောင်းကျန့် သူ့အရွယ်တုန်းကဆို သူ့ထက်တောင်
ပိုဆိုးခဲ့သေးတာ ။ ဒါတွေကို မားမားက မသိဘူး ။
သိလို့လည်း မဖြစ်ဘူး ။ မဟုတ်ရင် တစ်ဘ၀လုံး
လူလိမ္မာလေးလုပ်ခဲ့သမျှ ဂုဏ်ပုဒ်တွေ အကုန်
နေ့ချင်းညချင်း မြောင်းထဲရောက်ကုန်လိမ့်မယ် ။" ဘာကို မဆိုးရမှာလဲ အဲ့ကလေးက
ငယ်ငယ်ရွယ်ရွယ်လေးနဲ့ ဆေးလိပ်လည်း
သောက်တယ် အရက်လည်း သောက်တယ်
ရန်လည်း ဖြစ်သေးတယ် ဟိုတစ်လောကဆို
ကျောင်းသားလေးတွေဆီကတောင် ပိုက်ဆံ
ပြန်လုနေတာ မားမားတွေ့လိုက်သေးတယ် "" မဖြစ်နိုင်တာ မားမား
အထင်လွဲတာပဲဖြစ်မယ် "၀မ်ရိပေါ်က ဆိုးတယ်ဆိုရင်တောင်
ပျက်စီးနေတဲ့ ကလေး မဟုတ်ဘူး ။
ဒါကို သူကောင်းကောင်း သိတယ် ။သူတို့တွေ စခင်သွားကြကတည်းက သိလိုက်တာ
၀မ်ရိပေါ်ရဲ့ အပြုအမူတွေက မားမားပြောသလို
ရပ်ကွက်ထဲကလူတွေပြောသလို မဆိုးလှမှန်း...။သူက ကြီးသူကို ရိုသေပြီး
ရွယ်တူအချင်းချင်း လေးစားကာ
ငယ်သူတွေကျ ဦးစားပေးတတ်တယ် ။ရှောင်းကျန့် သဘောအကျဆုံးအချက်ကတော့
၀မ်ရိပေါ်က သူလုပ်ချင်ရာ ဝါသနာပါရာကို
ရဲရဲဝံ့ဝံ့ ပြောရဲဆိုရဲ လုပ်ရဲကိုင်ရဲတာပဲ ။ဒီအတွက် ဘယ်သူ့အမြင်ကိုမှလည်း
သူ ဂရုစိုက်မနေဘူး ။ ရှောင်းကျန့်တို့ဆို
တစ်ခုခုလုပ်ချင်ရင်တောင် ခိုးလုပ်ရတယ် ။ငယ်ငယ်ကတည်းက လူတော် လူကောင်းဘွဲ့ပဲ
ခံယူလာရတော့ အားလုံးရဲ့အမြင်မှာ သူဟာ
" perfect " ဖြစ်နေဖို့ ကြိုးစားရတယ် ။
အဆင့်ကျလို့ မဖြစ်ဘူး !
ခေါင်းခါလို့ မဖြစ်ဘူး !
ဆဲဆိုလို့ မဖြစ်ဘူး !အားလုံးကို သည်းခံရတယ် ။
အားလုံးကို ငဲ့ကွက်ရတယ် ။
အားလုံးကို ကူညီရတယ် ။သူဟာ ဒီလိုပုံစံခွက်ထဲမှာ ကြီးပြင်းလာတာ
မားမားရဲ့ ဆုတံဆိပ်လေးတစ်ခုအနေနဲ့ပေါ့ ။သူ့ဟာသူလည်း ဘာဖြစ်ချင်မှန်းမသိ
သူများ ဆေးကျောင်းဆို ဆေးကျောင်း
သူများ ပညာတော်သင်ဆို ပညာတော်သင်
မားမားချပေးတဲ့ လမ်းကြောင်းပေါ်မှာပဲ
သူ့ဘ၀ကြီးကို ဖြတ်သန်းနေခဲ့တာ ။အရမ်း ပျင်းဖို့ ကောင်းတယ်မလား ?
ဒါကြောင့် တစ်ခါတလေတော့လည်း
သူ ၀မ်ရိပေါ်ကို သိပ်အားကျမိတယ် ။ဒီအတိုင်း " လူကောင်း " ဆိုတဲ့ဂုဏ်ထူးထက်
" လူဆိုး " ဆိုတဲ့ ခေါင်းစဥ်အောက်မှာနေပြီး
ဘယ်သူ့အမြင်ကိုမှလည်း ထည့်မတွက်ဘဲ
ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်ပြီးနေရတာ
ပိုမကောင်းဘူးလား တွေးမိလို့လေ ။" ချာတိတ် မားမားက မင်းနဲ့မပေါင်းနဲ့တဲ့ "
ကျူထိုးနေရင်း လွဲသွားတဲ့ ၀မ်ရိပေါ်က
သူ့စကားကို မျှော်လင့်ထားဟန် မတူဘူး ။
နောက်မှ ပျက်ယွင်းသွားတဲ့ မျက်နှာကို
ထိန်းလာခဲ့ရင်း ဟက်ခနဲ ရယ်တယ် ။" ဘာလဲ ကျွန်တော်နဲ့ပေါင်းရင်း
ခင်ဗျား ပျက်စီးမှာ စိုးလို့တဲ့လား "" ဘယ်လိုသိတာလဲ "
" ရိုးနေပြီ ရပ်ကွက်ထဲမှာ သူတို့သားသမီးတွေကို
ကျွန်တော်နဲ့ ပေါင်းစေချင်တဲ့ မိဘ သိပ်မရှိဘူး "ဒီစကားကို ပေါ့ပေါ့ပါးပါးပဲ ပြောလာတဲ့
ချာတိတ်က ဘယ်လိုမှမနေတော့သလို
သူ့ဘာသူ ကျူဆက်ထိုးတယ် ။ ဒါပေမဲ့
သေချာကြည့်ရင်တော့ တစ်လုံးပြီး တစ်လုံး
ချော်ထွက်နေတဲ့ ပစ်မှတ်တွေကို တွေ့နေရတယ် ။နောက်ဆုံးတော့ တချိန်လုံး လွဲနေတာကို
စိတ်တိုလာဟန် ဘိလိယက်ခုံပေါ်
ကျူထိုးသံအား ပစ်ချရင်း...။" ပေါင်းချင်ပေါင်း မပေါင်းချင်နေ
ဘယ်သူ့ကိုမှလဲ ပေါင်းပါ မပြောဘူး ! "