Detective Zhang Yizing

684 64 6
                                    

Zhang Yixing ခပ်ဟဟ ဖြစ်နေတဲ့ အခန်းလေးကို လက်လေးနဲ့ တစ်ချက် နှစ်ချက်ခေါက်လိုက်တယ်။
ပြီးတော့  အခန်းထဲ ခြေချလိုက်မိတော့ သူ့မျက်နှာပေါ်ကို ဝေ့ဝဲ ကျလာတဲ့ စာရွက်တွေ။
"ရော့ အထက်က ကျလာတဲ့ ပြောင်းရွှေ့စာ
Aishii မင်းကိုကိုယ်ထိ လက်ရောက် မလုပ်ပါနဲ့ လို့ ငါအတန် တန်တန် တားနေရဲ့ သားနဲ့ အခုတော့ ငါလည်း မင်းဘက်က ကာကွယ် မနေနိုင်တော့ဘူး
မင်း ပစ္စည်းတွေ တစ်ခုမှကျန်မနေခဲ့စေနဲ့"
Zhang Yixing Kim suho ရဲ့ စကားဆုံးတာနဲ့
မြေပေါ်ဝေ့ဝဲကျလာတဲ့ စာရွက်လေးတွေ ကို
လက်နဲ့ အသာအယာကောက်ယူလိုက်တယ်။
ပြီးတော့ kim suho ကို အလေးပြုပြီးအခန်းထဲက လှည့်ထွက်လာခဲ့မိတယ်။
Zhang Yixing ဆိုတာဘယ်သူလဲ???
Zhang Yixing ဆိုတာ seoul စုံစမ်း ထောက်လှမ်းရေးဌာန က စုံထောက် တစ်ယောက်
ထူးချွန်တဲ့ စုံထောက် ဆိုပိုမှန်လိမ့်မယ်။
Zhang Yixing လိုက်လို့ မပေါ်တဲ့ အမှုဆိုတာ သူ့ရာဇဝင်မှာမရှိခဲ့
အပြစ်ကျူးလွန်သူတွေ က ရှေ့နေကောင်းနဲ့ တွေ့ရင်
လွတ်လွတ် သွားတတ်တဲ့ သဘောကြောင့်
သူက ဦးဦးဖျားဖျား ဖမ်းမိတိုင်း မှတ်လောက်သားလောက်အောင် ဆုံးမတတ်သူ
အခု လည်း ဒီလို အကျင့်ကြောင့်ပဲ
သူ့ရဲ့ ကံကြမ္မာက ~~~~~~~~~~~~
    ♡♡♡♡♡♡♡♡♡♡♡♡♡♡
အဖြူရောင်ကားလေးတစ်စီးက အဝေးပြေးလမ်းမပေါ်မှာ တရိပ်ရိပ်နဲ့ မောင်းနှင်လာတယ်။လမ်းသွယ်လေးတွေကိုဝင်ထွက်လို့သစ်ရွက်ခြောက်လေးတွေကို ဖြတ်တိုက်ပြီး ကားလေးက နယ်မြို့လေးတစ်ခုဆီကို ဦးတည်မောင်းနှင်လို့နေတယ်။
ကားမောင်းလာတဲ့ သူက အသက်နှစ်ဆယ့် ငါးနှစ်အရွယ် အမျိုးသားတစ်ယောက်
ဖြူဖွေး နူးညံ့တဲ့ အသားအရည်က သူ့ရဲ့ ကြည့်ကောင်းမှုကို ပိုမိုပေါ်လွင်စေတယ်။
ဖြောင့်ဆင်းတဲ့ နှာတံ နဲ့ ခပ်တွဲတွဲ နှစ်ခမ်းတစ်စုံ
ပြီးတော့ ပြုံးလိုက်ရင် ပေါ်လာတတ်တဲ့ ပါးပြင်က ပါးချိုင့်လေးတစ်စုံ။
သူက စုံထောက်တစ်ယောက်ဆိုတာ ယုံကြည်နိုင်စရာမရှိတဲ့ နာမည်ကြီးစုံထောက်တစ်ယောက်ဖြစ်တဲ့
♡ ♡Zhang Yixing♡ ♡
Zhang Yixing ကားလေးကို အသာအယာ ရပ်တန့်ပြီး ကားပေါ်ကဆင်းလိုက်တယ်။
သူ့ ရှေ့မှာ တည်ရှိ နေတဲ့ သိပ်ပြီး ခန့်ထည်ကြီးမားမနေတဲ့ အဆောက်အဦး ပေါ်မှာ ရေးထားတဲ့ ဆိုင်းဘုတ်လေးက
"AICHIKAN POLICE STATION"
" May I help U "
~~~~~~~~~~~~~~~~~~
Zhang Yixing အဆောက် အဦးထဲကို ခြေချလိုက်မိတာနဲ့ သူ့ခန္ဓာကိုယ်က အေးစိမ့်စိမ့်ဓာတ်လေးခံစားလိုက်မိတယ်။
သေချာပါတယ် မကောင်းတဲ့ အနွေ့အသက်တွေ
Zhang Yixing ခေါင်းကိုတွင်တွင်ခါခါရမ်းလိုက်မိတယ်။
♡♡♡~~~~~~~~~~~~~~♡♡♡
ဒီမြို့လေးက နယ် မြို့လေး ဖြစ်တာရယ် ဒေသလေးက ကျဉ်းမြောင်း
လို့ဒုစရိုက်မှုဆိုတာ သိပ်မရှိ
Zhang Yixing ဒီဒေသလေးကိုရောက်နေတာ နှစ်ပတ်ရှိပြီ စိတ်ဝင်စားစရာကောင်းတဲ့ ဒုစရိုက်မှုဆိုတာ ဝေလာဝေး သာမန်ခိုးဆိုးလုယက်မှုတောင် တစ်ခါလောက်ပဲကြုံခဲ့သေးသည်။
Zang Yixing  ဒီ နေရာလေးရောက်ပြီးမှ သူ့အချိန်တွေက အေးစက်စက် ရုံးခန်းထဲမှာ ကုန်ဆုံးရသည်ကများနေလေသည်။
~~~~~~~♡ Episode 7♡~~~~~~~
ဆေးရုံ တစ်ခုရဲ့  အခန်းနံပါတ် (105)
အခန်းထဲမှာ ဆယ့်ကိုးနှစ်အရွယ် ကောင်လေးတစ်ယောက်ငြိမ်သက်စွာလှဲလျောင်းနေတယ်။သွေးစုတ်ဖြူရော်နေတဲ့ နှုတ်ခမ်းလေးတစ်စုံကြောင့်
ကောင်လေးရဲ့ ထူတွဲတွဲ နှုတ်ခမ်းလေးရဲ့အလှတရားတွေပျောက်ကွယ်လုမ
တတ် ကောင်လေးရဲ့ လက်လေးတွေက ရှိသင့်တာထက်ကို ပိုပိန်လှီနေသယောင်ထင်ရတယ်။
ကောင်လေးရဲ့ မျက်နှာက အပူအပင်ကင်းမဲ့နေတယ်။
အိပ်ပျော်နေသယောင်ထင်ရတဲ့ ကောင်လေးက ဒီ ဆေးရုံ အခန်းလေးထဲလှဲလျောင်းနေခဲ့တာ နှစ်နှစ်ဆိုတဲ့အချိန်ကာလ တစ်ခု တိုင်ခဲ့ပြီ။
အခန်းလေး ထဲက စကားသံသဲ့သဲ့လေးထွက်ပေါ်လာတယ်။
"Mr.Wu ခင်များ သားကို လွတ်လပ်ခွင့်ပေးသင့်ပြီ"
ဂျူတီကုတ်ဝတ်ထားတဲ့ ဒေါက်တာ ရဲ့စကားသံက လိုအပ်တာထက်ပိုမိုညင်သာပျော့ပျောင်းနေတယ်။
"ဟင့်အင်း။ ဒေါက်တာ သားတစ်ရက်နိုးလာမှာ ကျွန်တော် သိတယ်။သား ကို သွားခွင့်မပေးပါရစေနဲ့
သားလေး က နိုးလာမှာပါ။"
MR.Wu ဆိုတဲ့ လူကြီးရဲ့ အသံမှာ ဝမ်းနည်းကြေကွဲမှုတွေနဲ့ ပြည့်နှပ်လို့နေတယ်။
"ခင်များတို့ ဘယ်အချိန်ထိ ကလေးကို ဆွဲထားမှာလဲ
နောက်ဆယ်နှစ်လား ကျွန်တော်တို့ နေ့တိုင်းစောင့်ကြည့်ခဲ့တယ်။ကလေး ကိုသွားခွင့်ပေးလိုက်ပါတော့။ကျွန်တော်တို့ ကလေးအတွက် အကောင်းဆုံးစဉ်းစားပေးကြရအောင်"
ဒေါက်တာရဲ့ စကား အဆုံးမှာ Mr.Wu ခေါင်းငိုက်စိုက်ကြသွားမိတယ်။
သူသားလေးအပေါ် အရမ်းမတရားခဲ့မိပြီလား။
သားလေး ဒီ ဘဝလည်း ပြန်မလာနိုင်
နောက်ဘဝလည်း မကူးနိုင်ဘဝနှစ်ခုကြားပိတ်မိနေခဲ့ပြီလား။
Mr.Wu ရဲ့ပါးပြင်ပေါ်ကနေမျက်ရည်ပေါက်တွေလှိမ့်ဆင်းလာမိတယ်။
"ကောင်း ပါပြီ Doctor,သားလေးရဲ့ နောက်ဆုံးခရီးကို ညင်ညင်သာသာလေးဖြစ်အောင်ဆရာလုပ်ပေးရမယ်"
MR.Wu ပြောရင်းဆိုရင်း Doctor ရဲ့လက်ကို ခပ်နာနာဆွဲညစ်လိုက်မိတယ်။
" သန်ဖက်ခါနေ့ ကျွန်တော်တို့ ပိုက်ဖြုတ်မယ်"
ဆရာဝန်က Mr.Wu လက်ကိုဆုပ်ကိုင်ပြီး ပုခုံးကိုခပ်ဖွဖွ ပုတ်ပြီး နှစ်သိမ့်လိုက်တယ်။
Mr.Wu တစ်ယောက် အခန်းထဲက အိပ်ရာထက်မှာ လှဲလျောင်းနေတဲ့ကောင်လေးကို ကြည့်ရင်းမှိုင်တွေကျလို့ ကျန်ရစ်ခဲ့တယ်။
ဒီ အဖြစ် အပျက်တွေကို အစအဆုံးမြင်နေရသူက
"Byun Baekhyun"
Byun Baekhyun တစ်ယောက်ဆရာဝန် ဖြစ်သူနဲ့Mr.Wu နဲ့ကြားမှာ တစ်ယောက်တည်းယောက်ယက်ခပ်နေမိတယ်။
"Mr.Wu အန်ကယ် လက်ခံလို့မဖြစ်ဘူး
လက်ခံလို့မဖြစ်ဘူး.Ge ge ကပြန်ကောင်းလာမှာ သူပြန်လာမှာ"
"Kris Wu မင်းထလေကွာ,မင်းထရမယ်။မင်းထတော့"
"DOCTOR သူအသက်ရှင်ပြန်မှာ သူပြန်လာမှာ"
" အန်ကယ် လက်ခံလို့ မဖြစ်ဘူး"
"KRIS ထတော့ကွာ,တတော့"
"DOCTOR,DOCTOR, သူ့ကို တစ်ချက်ကြည့်ပါဦး။သူအသက်ရှုနေသေးတယ်လေ
သူမသေသေဘူးလေ"
byun Baekhyun တစ်ယောက်အရူးတစ်ယောက်လို အော်ဟစ် နေမိတယ်။
သူ့အသံကို ဘယ်သူမှမကြားနိုင်မှန်းသူသိတယ်။
သူ့လို အကောင်အထည်မရှိတဲ့ ဝိဥာဉ်တစ်ကောင်ရဲ့စကားသံကို ဘယ်သူကများ အရေးလုပ်ပါလိမ့်မလဲ
○○○○○○○○○○○○○
လူနာအမည် Park Chanyeol
သူလည်း Kris Wu လို ကိုမာ ဝေဒနာသည်တစ်ယောက်ပဲ။သူမှေးစက်အိပ်ပျော်နေ
တာကတော့ လပိုင်းလောက်သာရှိပေဦးမယ်။
"Park Chanyeol ထတော့"Byun Baekhyun Park chanyeol ကိုစိတ်မရှည်သလိုပြောလိုက်တယ်။
Chanyeol Baekhyunရဲ့အသံကြောငိ့မျက်လုံးလေးတွေ အနည်းငယ်လှုပ်ရှားသွားတယ်။
" မင်း Kris ge ကိုပိုက်ဖြုတ်တော့မှာကိုတားရမယ်
မင်းထရမယ် မင်းထရမယ်"
Byun Baekhyun ရဲ့စကားသံတွေကြောင့် park chanyeol ရဲ့ ဦးနှောက်ထဲ လျှပ်စီးလက်သလို
အသိတွေ ပြန်နိုးကြားသလိုဖြစ်လာမိတယ်။
သူပြန်နိုးထရမယ်။
Chanyeol သူ့ကိုယ်ကို ဆွဲထားတဲ့ အမှောင်ထုကိုတွန်းထုတ်ဖို့ကြိုးစားလိုက်မိတယ်။Chanyeolရှိသမျှ ခွန်အားတွေနဲ့ရုန်းကန်နေမိတယ်။
သန်မားထွားကြိုင်းလွန်းလှတဲ့ အမှောင်ရဲ့ဆွဲငင်အားက Chanyeol ကိုအမှောင်ထုထဲတရွေ့ရွေ့ဆွဲခေါ်သွားပြန်တယ်။
~~~~~~~~~~~~~~~~~~~~~~~
Byun Baekhyun ရဲ့ဝိဥာဉ်က လမ်းမထက်က လူတွေကြားထဲမှာခေါင်းငိုက်စိုက်ကြလို့
သူ Kris ge ကိုမကူကယ်နိုင်တော့ဘူးတဲ့လား
Ge!!!!!!!!!!!!!!!!!!!!!!!!!!!!!!
သူ့ရဲ့ ဝမ်းခေါင်းထဲကထွက်လာတဲ့အော်သံက လူတွေကြားထဲမှာလွင့်ပျံပျောက်ကွယ်သွားတယ်။
မိုးရေစက်တွေထဲဦးတည်ရာမဲ့လွင့်နေတဲ့
Byun  Baekhyun
လျှပ်စီး တွေလျှပ်နေတဲ့ ကောင်းကင်ကိုတစ်ချက်မော့ကြည့်လိုက်တယ်။
သူမြင်တွေ့ရတာက
            AichiKan Police Station
                   "May I help U"
Byun Baekhyun ရဲ့ခြေလှမ်းတွေက ~~~
ဝုန်းခနဲ ရုတ်တရပ်ပွင့်လာတဲ့ တံခါးကြောင့် Zhang Yixing စားပွဲခုံပေါ်မှာ အနည်းငယ် မှေးစက်နေရာမှ မျက်လုံးဖွင့်ကြည့်လိုက်မိတယ်။
မိုးတွေ သည်းသည်းထန်ထန် ရွာနေတာကြောင့်
Zhang Yixing အနည်းငယ်စိတ်သက်သာရာရသွားတယ်။
Zhang Yixing ကကြောက်လန့်တတ်တဲ့သူ မဟုတ်ပေမဲ့ ဒီလိုရာသီဥတုနဲ့ ဒီလိုတစ်ယောက်တည်းဖြစ်နေချိန်တွေဆို တုန်လှုပ်မိသည်က အမှန်
Zhang Yixing ပွင့်လာတဲ့ တံခါးကို
လက်နဲ့လှည့်လို့ အသာအယာပြန်ပိတ်လိုက်တယ်။
ပြီးတော့မှ ဖတ်လက်စ ဖိုင်တွဲတွေကိုပြန်လှန်ဖတ်လိုက်နေမိတယ်။
ဘုတ်!
ရုတတရပ် စားပွဲပေါ်က စာအုပ်တစ်အုပ်အောက်ကိုပြုတ်ကျသွားတယ်။
Zhang Yixing ပြုတ်ကျသွားတဲ့ စာအုပ်ကို မျက်လုံးတစ်ချက်စွေကြည့်လိုက်တယ်။
"အကူအညီလိုလို့လား" Zhang Yixing အသံကိုပုံမှန်ဖြစ်အောင်ထိန်းပြောလိုက်တယ်။
Zhang Yixingရဲ့မေးခွန်းအဆုံးမှာ အခန်းမီးတွေအကုန်မှိတ်ကျသွားတယ်။ပြီးတော့ဆူညံတဲ့အသံတစ်ခုက အဆက်မပြတ်ထွက်ပေါ်လာတယ်။
"Kris ge ကိုကယ်ပါ"
"Kris ge ကိုကယ်ပါ"
"kris ge ကိုကယ်ပါ"
အက်ကွဲ တန်လှုပ်နေတဲ့ ဒီအသံလေးက အဆတ်မပြတ်ထွက်ပေါ်လို့
Zhang Yixing တစ်ယောက် ခေါင်းတွေချာချာလည်လို့အမှောင်ကမ္ဘာထဲလွင့်စင်သွားသလိုခံစားလိုက်ရတယ်။

You've reached the end of published parts.

⏰ Last updated: Nov 05, 2015 ⏰

Add this story to your Library to get notified about new parts!

The fault in our starsWhere stories live. Discover now