" Park Chanyeol...မင်းကအဲ့လို အမြဲတမ်း ကြောင်တောင်တောင်ပဲလား "
" Nae? "
ကြားလိုက်ရတဲ့အသံချိုချိုလေးကြောင့် ကျနော် ခေါင်မိုးထပ် ကို ရောက်လာမှန်း ခုမှသတိထားမိတယ်။
Hyung*** ကျောင်းခေါင်မိုးထပ်ကနေ အဝေးကို လှမ်းကြည့်နေရင်း စီးကရက်တလိပ်ကို ဖွာနေတဲ့ပုံက အရမ်းလှတယ်..
" လာလေ! ငါ မင်းကို ကိုက်မစားပါဘူး "
မျက်နှာလေးကို ကျနော့်ဘက်လှည့်ပြောလိုက်တော့ နုနယ်လွန်းတဲ့မျက်နှာချောချောလေးက ဆရာတယောက်လို့ ထင်ရက်စရာကို မရှိဘူး...
hyung အနားကိုရောက်တော့ ပျံ့လွင့်လာတဲ့ ကိုယ်သင်းနံ့ပျံ့ပျံ့လေးက အနားက မခွာချင်အောင် ညို့ယူထားသလိုပဲ...
" အာာ...မင်း စီးကရက် အနံ့ ခံနိုင်ရဲ့လား! ဆောရီး...ပါးစပ်ချဉ်လာတာနဲ့ တယောက်တည်းရှိတုန်းလေး သောက်နေတာ.."
ပြောပြောဆိုဆို လက်ကြားထဲက တဝက်တောင်မကုန်သေးတဲ့ စီးကရက်လေးကို ဝရံတာဘောင်နဲ့ ထိုးချေတော့မယ်လုပ်တော့ ကျနော် ကပျာကယာ လက်ကာပီး တားမိတယ်
" မလုပ်ပါနဲ့..hyung! သောက်လို့ရပါတယ်...ပီးတော့ အနံ့လေးမွှေးတယ်..hyung ပါးစပ်က ကြာညို့နံ့လေးရတယ် "
" hyung? "
မျက်ခုံးလေးပင့်ပီး ရေရွတ်လိုက်သလို မေးလိုက်တဲ့ hyung အသံအဆုံး ကျနော် အမှားကြီးလုပ်မိမှန်းသတိထားမိသွားတယ်။ သွားပီ...Park Chanyeol! မင်းတော့သွားပီ..
" တောင်းပန်ပါတယ်..Sam! တကယ်တောင်းပန်ပါတယ်...နောက်မဖြစ်စေရပါဘူး Sam ရဲ့ အသက်က ငယ်သေးတော့ ကျနော်က hyung ဆိုပီး ခေါ်လိုက်မိတာပါ...တောင်းပန်ပါတယ်.."
" အာ..တော်ပီ! မင်းအရမ်းစကားများတာပဲ! ဒါမယ့် နောက်တခါ ဘယ်တော့မှ အဲ့လိုမခေါ်မိစေနဲ့! ပီးတော့ ဆေးလိပ်ကို အနံ့မမွှေးနဲ့..အနံ့မွှေးတယ်ဆိုပီး စမ်းသောက်ရမှာမဟုတ်ဘူး..ကြားလား! ခု ခေါ်တယ်ဆိုတာ ဟိုနေ့က ငါ့ကိုလိုက်ပို့တယ်ဆိုလို့ ကျေးဇူးတင်စကားပြောဖို့! "