Hana's pov
မီးဖိုချောင်ထဲ ဝင်ပြီး ဘာများရှိမလဲဆိုပြီး လိုက်ရှာကြည့်သေးပါတယ်။ စားစရာဆိုလို့ ခေါက်ဆွဲခြောက်ပဲ တွေ့တာနဲ့ ခေါက်ဆွဲပြုတ်ပဲ ချက်လိုက်တယ်။
ပန်းကန်ကို စားပွဲပေါ်တင်ရင်း "Taehyung-ah ပြီးပြီ။ လာစား"
သူရောက်လာတော့ "ခေါက်ဆွဲပြုတ်ကြီးလား? နင်ကလည်း နည်းနည်းပါးပါး တခြားဟာ လုပ်ပေးတာ မဟုတ်ဘူး။ ဟို တစ်နေ့ကမှ စားထားတာကို။"
"ဒီမှာ Kim Tae Hyung မစားချင်လည်း တခြားဟာ မရှိဘူး။ စားမယ်ဆိုစား မစားရင်ပြန် ဒါပဲ။"
"Yaa နင်ကလည်း စားမှာပေါ့။" ဆိုပြီး သူ့ရဲ့ လေးထောင့်ပုံဆန်ဆန် အပြုံးနဲ့ သွားဖြဲပြပြီး ထိုင်စားပါတော့တယ်။
ကျွန်မလည်း သူ့ရှေ့မှာ ထိုင်ခုံဆွဲ၊ ဝင်ထိုင်လိုက်ပြီး သူစားတာ စောင့်နေလိုက်တယ်။
"နင်ရော မစားဘူးလား?" သူစားနေရင်းနဲ့ ကျွန်မကို မော့ကြည့်ပြီး မေးတယ်လေ။
"ငါ ဗိုက်မဆာဘူး။ ဒါနဲ့ စားကောင်းရဲ့လား?"
သူ မျက်နှာကို တစ်ချက် ရှုံ့ ပြီး "ပေါ့ရွှတ်နေတာပဲ။ ကြက်ဥကလည်း သေးသေးလေး။ ခေါက်ဆွဲသားကလည်း မကျက်တကျက်နဲ့ မာမာကြီး။ ဘာ အရသာကြီးမှန်းကို မသိဘူး။"
"ဟမ်? ဟုတ်လို့လား? ပြန်ပြင်ပေးရမလား?"
"ဟုတ်ပါတယ်ဆို ရော့ စားကြည့်" ဆိုပြီး ကျွန်မကို တူနဲ့ ခွံ့ကျွေးနေတော့ ကျွန်မလည်း အရသာ သေချာသိချင်တာနဲ့ စားပွဲရှေ့နား တိုးပြီး စားလိုက်တယ်။ သူပြောသလို ခေါက်ဆွဲသားက မာနေလားဆိုပြီး ဝါးကြည့်တော့ ပျော့နေတာပဲ။ အရသာကလည်း ကျွန်မအတွက်တော့ မပေါ့ပေါင်။ လေးတောင်လေးနေသေးတယ်။ စားလို့ အဆင်ပြေရဲ့သားနဲ့ကို။
"Ya ခေါက်ဆွဲက ဘယ်မှာ မာလို့လဲ! ပြီးတော့ အရည်ကလည်း ကောင်းရဲ့သားနဲ့ကို ဘာလာရစ်နေတာလဲ။ မကြိုက်လည်း မတတ်နိုင်ဘူး။"
YOU ARE READING
If You Wish
Fanfiction"If you wish, I will do anything" Main Characters : Kim Tae Hyung Min Hana