အလွမ်း
အလွမ်းမှာ အကြောင်းပြချက် မလိုဘူး
ရှင်းလင်းချက် မလိုဘူး
အတ္တမရှိဘူး
မာန မပါဘူး
ထို့ကြောင့် ကျွန်မလွမ်းသည်
××××××××××××××××××××××××××××××
**လမ်းခွဲ ပြတ်ဆဲပြီးနောက် အလွမ်း**
တီ တီ တီ တီ
""မာမီရေ ဖုန်းလာနေတယ် ကိုင်လိုက်ပါဦး""
""Tao ရေ သမီးတဲ့ သမီးနဲ့ ပြောချင်လို့တဲ့ ကောင်လေးတစ်ယောက်ပဲ""
""ဟုတ်ကဲ့ လာပြီ မာမီရေ""
Tao ဆီဖုန်းဆက်စရာ လူလဲ မရှိပါဘူး baek ကလွဲရင်... ကောင်လေးဆို ပိုဆိုးသေး ...
သူလား ဟက် ဟက် မဖြစ်နိုင်တာ
""ဟယ်လို""
""Tao ya...""
ဖုန်းထဲကနေ tao နာမည်ကို ခေါ်လိုက်တဲ့ သူ့ရဲ့ အသံ... အိပ်မက်လား ဟင့်အင်း မဟုတ်ဘူး... ဒီအသံ ဒီအသံ tao မကြားခဲ့ရတာ ၁၅ရက်လား ၁လလား ၂လား မဟုတ်ဘူး ၃လနီးပါးပဲ... လွမ်းနေခဲ့တာ... အသံကြားမှ အလွမ်းဟာ ပိုပြီး အသက်ဝင်လာသလို...
""Kris....""
မယုံနိုင်တဲ့ tao ဆီက စကားသံ... အာမေဋိတ်အသံ အနေနဲ့ ခေါ်မိတာလား... မခေါ်တာ ကြာနေတဲ့ နာမည်တစ်ခုဟာ အလွမ်းကြောင့် ပိုပြီးအသက်ဝင်သွားခဲ့သလို...
""Tao မနက်ဖြန် ပြန်တော့မှာဆို ကိုယ် ကိုယ်...""
""အင်း ဟုတ်တယ် မနက်ဖြန်""
အလွမ်းတွေကို ထိန်းချုပ်ပြီး ဖြေလိုက်တဲ့ tao အသံဟာ အလွမ်းကြောင့် နဲနဲတော့ အဖျားခတ် တုန်ရီနေမယ်ထင်တယ်
""ကိုယ် ကိုယ် taoကို တွေ့ချင်တယ် ဟို tao ဟိုကို အပြီးတော့ပြန်မှာ မဟုတ်ပါဘူးနော်""
ကပေါက်တိ ကပေါက်ချာ သူ့ဆီက စကားတွေ
""မသိသေးဘူး taoမှာ ပြန်လာဖို့ အခွင့်အရေး ရှိဦးပါ့မလားဆိုတာ""
YOU ARE READING
ကျွန်မရဲ့သူ
RandomTaoris သူနဲ့ ကျွန်မရဲ့ ဇာတ်လမ်းက စလာထဲက အစပဲရှိတယ် အဆုံးသတ်ဆိုတာ မရှိခဲ့ဘူး Zi tao ဇာတ်လမ်းတစ်ခုကို သူစခဲ့တာလား ကျွန်တော်စခဲ့တာလား ဆိုတာကို ကျွန်တော် အခုထိမသိသေးဘူး wu kris သေချာတာကတော့ ဘယ်သူမှ အဆုံးမသတ်ခဲ့ကြဘူးဆိုတာပဲ Taoris