(၁)မိသားစုကိုလွမ်းတယ်
တစ်ယောက်ထဲ ကြောက်လန့်တကြားနဲကျီးလန့်
စာစားနေရတာသိပ်ကြောက်ဖို့ကောင်းတယ်။
ဘေးနားကိုလှည့်ကြည့်လိုက်တော့လည်း
ကျွန်တော့်လိုလူတွေချည်းပဲလေ။လွမ်းတယ်။
သတိရတယ်။အိမ်ကိုပြောပါတယ်။ဒီချိန်ဆို
အိမ်ကမိသားစုတွေဘာတွေများးလုပ်နေပါလိမ့်။
ညီမလေး..ဟုတ်တယ်..ကျွန်တော့်ညီမလေး
သူစာကျက်ရဲ့လား။ဆယ်တန်းဆိုတော့စိတ်ပူရ
တယ်၊ဖြစ်နိုင်ရင်သူ့ကိုတစ်နှစ်ထဲအောင်စေချင်
တယ်၊အိမ်မှာကအဖေ့လုပ်စာတစ်ခုတည်းရှိ
တာ။နေ့စားမို့ရတဲ့ပိုက်ဆံလေးကမလောက်မငှနဲ့
ညီမလေးကျုရှင်ဖိုးကရှိသေးတယ်။ပြီးတော့အမေ့
ဆေးဖိုး....အဖေဘယ်လိုများရုန်းနေပါလိမ့်။
အမေရော...ကျွန်တော့အမေကကျန်းမာရေးသိပ်
ချုချာတာ...အခုရော..အမေနေကောင်းရဲ့လား။
ဒါမှမဟုတ် စောင်ကြီးကိုခေါင်းမှီးခြုံပြီး.."တဟင်း
ဟင်း"နဲ့အချမ်းတက်နေပြီလား။ဂရုစိုက်ပါမေမေ
ရယ်ခုချိန်မှာမိုးကအေးရအေးနဲ့။အချမ်းတက်ပြီဆို
ရင်မျက်နှာကြီးကရှူံ့မဲ့ပြီးငန်းနီဆေးမှုန့်ကြီးကို
လက်ခုပ်ထဲထည့်ပြီးတော့ရေနွေးတစ်ခွက်နဲ့"အော်...ငါ့နှယ်သေလည်းမသေနိုင်သေးဘူး
လောကကြီးဘာများနေစရာကောင်းလို့ဒီလောက်
အသက်ရှည်နေရပါလိမ့်"
လို့ပါးစပ်ကပွစိပွစိပြောပြီးစိတ်ပျက်လက်ပျက်ကြီး
ထိုင်နေမယ့်အမေ့ပုံစံကိုမြင်ယောင်မိတယ်ဗျာ...ဒါနဲ့အငယ်ကောင်ရောဘာလုပ်နေလည်း..သိချင်
လိုက်တာအရင်လိုပဲရေသန့်ဘူးအလေးကြီးတွေထမ်း
ရင်းတစ်အိမ်တက်တစ်အိမ်ဆင်းရေလိုက်ပို့နေတုန်း
လား။ဒါမှမဟုတ်ငါ့ညီလေးပင်ပန်းလွန်းလို့တခြား
အလုပ်ကိုပဲပြောင်းလုပ်နေပြီလား....ညီလေးရေ
သတိရတယ်ကွာ...........။.......။........။........။.......။
(၂)ကျွန်တော်နေရတဲ့ဘုံဗိမာန်
ဟော..ဟော..ရပြီ ရပြီ ဒီအနံ့ပဲ...
မနေ့ကလည်း ဒီအနံ့။ဒီနေ့လည်းဒီအနံ့။
ကြာလာတော့အန်ချင်လာပြီ။
ဒါတောင်မြင်ရသေးတာမဟုတ်ဘူး။
မြင်ရရင်ပိုဆိုးတယ်။ဒီတစ်ခါတော့ကျွန်တော်တ
ကယ်အန်ချမိမယ်ထင်တယ်။
YOU ARE READING
အတွေးစိတ်ကူးများနှင့် ရသ၊ဇာတ်လမ်းတိုလေးများ
Non-FictionNoN...(Fan Fic ) အိမ်ကအမေကျိုပေးတဲ့ငါးပိရည်လေးကိုလွမ်း တယ်...ဆင်းရဲလို့ဖွယ်ဖွယ်ရာရာမစားနိုင် ပေမယ့်..ချဉ်ပေါင်ဟင်း ရည်ကျဲတစ်ခွက်၊ငါးပိရည်ကျို တို့စရာနဲ့ဆို ကျွန်တော်တို့မောင်နှမခေါင်းမွှေးနီ သုံးယောက်ဟာခေါင်းချင်ဆိုင်ဝါးတီးစွဲတော့တာ။ ခေါင်းမဖော်စတမ်း...