1×1

6.8K 447 29
                                    

" ဟဲ့ Wu Yi Fan နင် ခုထိစားလို့သောက်လို့မပြီးသေးဘူးလား "

" မား ကလဲ.. ခုမှစစားတာ.. ဒုံးကျည်​လိုစားတဲ့သူပဲပြီးလိမ့်မယ် :3 "

"အရစ်ရှည်မနေနဲ့.. နင်ကျောင်းသွားဖို့မပြင်သေးရင် နင့်အဖေနဲ့ငါတိုင်မယ် "

အဲ့ဒါ ကျွန်တော့်မား ။
တစ်စိတ်ရှိသူ့ယောက်ျားကျွန်တော့်ပါးပါးကိုပဲသံတော်ဦးတင်ပြိးကျွန်တော့်မကောင်းကြောင်းတိုင်တာ။
တိုင်လို့လဲပါးကချက်ချင်းရောက်လာပြီ "ဟေ့ကောင် မင်းအမေစကားနားမထောင်ဘူးလား" ဆိုပြီးအော်နိုင်မှာမဟုတ်တာကို ။
စဉ်းစားကြည့်လေ.. တစ်နှစ်မှာကိုးလလောက်ပင်လယ်ထဲနေ,နေရတဲ့သင်္ဘောသားကိုသွားသွားတိုင်နေတာဟာပလိုင်းပေါက်နဲ့ဖားကောက်သလိုဖြစ်နေတာကိုမားမသိရှာတာ အံ့တယ် ။

" နင်ခုထိကိုမထသေးတာပါလား! ဟိုမှာနိုင်ငံတော်သီချင်းဆိုနေပြ်ီ "

ကျွန်တော်တက်နေသောအထက်တန်းကျောင်းကအိမ်နဲ့ဆယ်လှမ်းလားပဲဝေးခြင်းဟာ ကျွန်တော့်လိုငပျင်းအတွက်မိုးနတ်မင်းကပေးသနားသောဆုဖြစ်တာမို့..9နာရီထိုးခါနီးအထိမနက်စာကိုManga ဖတ်၍ဒူးနန့်ကာစားနိုင်ခြင်းကို မားမနာလိုအူပုတ်နေခြင်းဖြစ်သည်။

" Ah!! ခုမှသတိရတယ်ကြည့်စမ်း! မား မား.. သတင်းတစ်ခုပြောပြရမလား..."

"ဘာလဲ..မြန်မြန်ပြော..ပြီးရင်သွားတော့"

"ဒီိလိုမားရဲ့.. ကျွန်တော် ဒီနေ့ကျောင်းမသွားသင့်ဘူးလို့မထင်ဘူးလား"

"ဘာပြောတယ်!"

" ဟီး..ကြားလိုက်ဘူးလား :D "

"အရူးမျက်နှာဘေးမလုပ်နဲ့.. ခုမသွားရင် ငါဒယ်အိုးနဲ့ခေါင်းကိုထုမယ်!"

"အဘား အဘား ဒယ်အိုးနဲ့တော့မလုပ်နဲ့လေ... အား !"

မလုပ်နဲ့ပြောမှပိုလုပ်တတ်သည့်မားကမူ..သူ့ဒယ်အိုးအားနှမြောတသခြင်းမရှိဘဲ ကောက်ပေါက်လိုက်တာ..အိမ်ရှေ့တွင်ဂလုံဂလွမ်နှင့် အရပ်ထဲမှလူများပြတင်းပေါက်မှခေါင်းပြူကြည့်ကုန်၏။
မျောက်နှင့်သားစပ်ဖောက်ထားသလားထင်ရလောက်အောင် ဒယ်အိုးကိုရှောင်ကာပြေးတတ်သည်ကား ဂျက်ကီချန်းကားအကြည့်များခြင်း၏ကျေးဇူးပင်။

Reverse TheoryWhere stories live. Discover now