Arthur တွေက Idolနဲ့Fan oneshot ဆို အသည်းကွဲရတာတွေပဲရေးကြလို့ ဒီတစ်ခါကြည်နူးစရာလေးရေးပေးလိုက်တယ်.
Idol ကို Hလို့ရေးပါမယ်
S ကတော့ You ပါ
Heနဲ့Sheဆိုတဲ့အဓိပ္ပါယ်ပါပဲ.ကိုယ်ချစ်နှစ်သက်တဲ့သူကိုIdolနေရာမှာခံစားပြီးဖတ်ပါ.
(As Idol's Wiffy)ကျမနဲ့သူစတွေ့ဖြစ်တာရိုးရိုးလေးရယ်.
Idolသူ့ကိုအရမ်းချစ်တဲ့ကျမ သူ့Fansignကိုမရောက်ရောက်အောင်သွားခဲ့ပြီး ဘာရယ်မဟုတ်ဘဲ သူ့ကိုအရမ်းချစ်တယ်လို့ပြောခဲ့တယ်.
သူကျမကိုမော့ကြည့်ပြီးပြုံးပြတဲ့မျက်လုံးလေးတွေကို ကျမတစ်သက်လုံးမေ့လို့ရမယ်မထင်တော့ဘူး.
သူကသူ့ရဲ့လက်မှတ်လေးအောက်မှာ social network accတစ်ခုကိုတိတ်တခိုးလေးရေးပေးခဲ့ရာကနေ ကျမတို့နှစ်ယောက်ရင်းနှီးခဲ့ပြီး သူကျမကိုချစ်တဲ့အကြောင်းပြောတော့ အစကြီးကထဲကသူ့ကိုသိပ်ချစ်ရတဲ့ကျမ၀မ်းမြောက်ဝမ်းသာလက်ခံရင်း ချစ်သူတွေဖြစ်ခဲ့ကြတယ်.
ခိုးကြောင်ခိုးဝှက်ချိန်းတွေ့ကြရင်း ချစ်သူသက်တမ်း၅နှစ်အကြာမှာကျမတို့လက်ထပ်ဖြစ်ခဲ့တယ်.#####
မနက်ခင်းရဲ့နေရောင်ကြောင့် ကျမနိုးလာကာ နာရီကိုကြည့်လိုက်တော့ ၈နာရီပင်ထိုးလုပြီ. ကျမ မနေ့ညကတည်းကခေါင်းအနည်းငယ်ကိုက်နေတာ အခုရင်ထဲမှာပျို့ချင်သလိုဖြစ်နေတယ်.
ကျမရင်ဘတ်ကိုဖိကာ တစ်ချက်နှစ်ချက်ထုလိုက်ပြီး အိပ်မောကျနေတုန်းဖြစ်တဲ့သူ့ကိုကြည့်လိုက်တယ်.
သူ့မျက်နှာဟာ ကျမTVဖန်သားပြင်ကနေငေးကြည့်ခဲ့ရတုန်းကလိုပဲသိပ်ကိုချစ်စရာကောင်းနေတုန်းပဲ.
Shirtlessဖြစ်နေတဲ့သူ့ရင်ဘတ်ကလေးဟာ နိမ့်လိုက်မြင့်လိုက်.
ကျမအရင်ထဲကခိုးပြီးကြိတ်သဘောကျခဲ့ရတဲ့သူ့absတွေ.
လက်တွေ့ပိုင်ဆိုင်ရတဲ့အချိန်မှာ သိပ်ရှက်စရာကောင်းတာပဲ.
အားကိုးချင်စရာကြွက်သားအပြည့်နဲ့သူ့လက်မောင်းတွေ.
ကျမအခုတွဲခိုဆုပ်ကိုင်ခွင့်ရခဲ့ပြီလေ.