Part-7

19.7K 1.7K 85
                                    

(Zawgyi)

ကိုခန့်တစ်ယောက် အခန်းပြတင်းပေါက်နားတွင် စာအုပ်တစ်အုပ်ကိုင်ဖတ်နေရင်း အပြင်ဘက်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။နေရောင် အောက်တွင် သစ်ပင်စိမ်းလေးများအလယ်ရှိ အပင်ကြီးတစ်ပင်မှာ တစ်ပင်တည်းထူးခြားသွာ ကြီးမားနေလေသည်။
သို့သော် အရွက်များပါမက အသီးအပွင့်များပါ ခြောက်ကပ်နေသည်။သို့သော် လဲပြိုသွားခြင်းဟူ၍မရှိ သူ၏မူလအစ အမြစ်တည်ရာတွင်ပင် ကြံ့ကြံ့ခိုင်လျက် တည်ရှိနေလေသည်။ဤအပင်များသည် တချို့လူများ ဘဝကိုဖြတ်သန်းရသည့် ပုံစံကို စံနမူနာ ပြနေလေသည်။

"မင်းဘယ်လိုလူမျိုးလဲ"

ဘာကြောင့်မှန်းမသိ ရုတ်တရက်ဆိုသလိုပဲ ရှင်းသန့်ရဲ့ပုံရိပ်က သူ့အတွေးထဲဝင်ရောက်လို့လာလေသည်။
စွဲမက်ဖွယ် ကောင်းတဲ့သူ့ရဲ့အပြုံးက မျက်လုံးထဲ ပုံရိပ်ယောင်အဖြစ်စွဲကျန်ရစ်လို့နေသည်။

"ငါမင်းအပြုံးကို ငါဘာလို့ မေ့လို့မရတာလဲ ရှင်းသန့်"

"ကိုခန့် တူလေးဘာတွေ တွေးနေတုန်း"

တံခါးကိုလက်ဖြင့် ခေါက်၍ မေးလိုက်သော ဦးနိုင်အား ကိုခန့်လှည့်ကြည့်လိုက်လေသည်။

"ဘာမှမဟုတ်ပါဘူး ဒီအတိုင်း လျှောက်တွေးကြည့်နေတာ"

"ရော့ တူလေး သစ်သီးနဲ့အအေး ရာသီဥတုကပူတယ် စာဖတ်ရင်း စားလိုက်"

"ကျေးဇူး ဦးနိုင်"

ကိုခန့် ပန်းကန်ထဲထည့်ထားသော ပန်းသီးစိတ် တစ်စိတ်အား ခရင်းဖြင့်ထိုး၍ စားလိုက်သည်။ဂျွတ်ကနဲ မြည်သွားသည့်အသံနှင့်အတူ ပန်းသီးစိတ်၏ ချိုမြိန်သောအရသာက နှစ်လိုဖွယ် ထွက်ပေါ်လာလေသည်။

"ဒါနဲ့...ဦးနိုင်"

"ပြော တူလေး"

"ဦးနိုင် လူတစ်ယောက်ရဲ့အပြုံးကို မျက်လုံးထဲမြင်ယောင်နေမိဖူးလား"

"ဘယ်လိုလဲ...ကိုခန့်"

"ဒီလိုလေ ဦးနိုင်ရာ သူ့အပြုံးမြင်ယောင်မိတာနဲ့ တစ်ခုခုကိုခံစားလိုက်ရတာမျိုး"

"ဦးနိုင်သေချာတော့မသိဘူး"

"တွေ့ဖူးလား"

Ice Prince (Uni+ZG)Where stories live. Discover now