Chapter ( 18 )

15.4K 1.2K 14
                                    

ဂျေကမိမိကို ကြိုက်တယ်လို့ ပြောလိုက်တဲ့ အချိန်က
စပြီး မာန်ခတစ်ယောက်  သုံးရက်ဆက်တိုက်လောက် အိမ်ထဲမှာပဲ တစ်နေကုန် အောင်းနေမိပြီး 
ခြံထဲကိုတောင် လမ်းဆင်းမလျောက် ဖြစ်တော့ဘူး။
ဂျေ နဲ့  တွေ့နေမှာစိုးလို့။ ကိုယ့်ကို ကြိုက်ပါတယ်
လို့ ပြောထားတဲ့ လူတစ်ယောက်နဲ့ဆုံရမှာဘယ်လောက်တောင် မျက်နှာပူစရာကောင်းလိုက်လဲ။
အဲဒီနေ့က မာန်ခ တကယ်ကို ရင်တွေခုန်ပြီး ပူထူသွားခဲ့တာ ။

''ငါမင်းကိုကြိုက်တယ် မာန်ခ ။ မင်းငါ့ကို ပြန်ကြိုက်ပါလား ´´

''ဗျာ . . .ကျွန်တော့်ကို နောက်နေတာလား´´

''မဟုတ်ဘူး အတည်ပြောတာ ´´

မာန်ခ ဘဝမှာ ''I like U´´ ဆိုတဲ့စကားကို
ခဏခဏ ကြားနေခဲ့ရပေမယ့် အခုလို အထူးတလည် ရင်တွေတဒိတ်ဒိတ်ခုန်ပြီး ပြုံးပျော်နေရလောက်အောင် မဖြစ်ခဲ့ဖူးဘူး။ အခုကြမှ ဘာဖြစ်ရတာလဲ။ည အိပ်မယ်ဆိုတော့လည်း ''ငါမင်းကိုကြိုက်တယ် ။မင်းငါ့ကို ပြန်ကြိုက်ပါလား ´´  ဆိုတဲ့ ဂျေ့ အသံက နားထဲရောက်ရောက်လာပြီး ရင်တွေ တဒိတ်ဒိတ် ခုန်လာတယ်။
ကြာတော့ မာန်ခ အဲဒီ ဒဏ်တွေကို မခံနိုင်တော့ဘူး ။ ယောကျ်ားသား တစ်ယောက်ဆီက ကြိုက်တယ် လို့ ပြောလိုက်တဲ့ စကားအပေါ်မှာ  သာယာနေမိတာ ဘာကြောင့်များလဲ။ သူ အဖြေရှာနေမိတယ်။ ထို့နောက်
  Fake အကောင့်အသစ်ဖွင့်လိုက်ပြီး
Social Media ပေါ် Status တင်လိုက်တယ်။

ကျွန်တော့်ကို မနေ့က ယောကျ်ားသားတစ်ယောက်က ''ငါမင်းကိုကြိုက်တယ်။မင်းငါ့ကိုပြန်ကြိုက်ပါလား´´လို့ လာပြောတယ်။အဲစကားကြောင့် ကျွန်တော် ရင်တွေအရမ်းခုန်ပြီး ဒီနေ့ထိ ကောင်းကောင်းအိပ်လို့ မရဘူး။  အဲဒီယောကျ်ား ပြောသွားတဲ့စကားတွေကိုပဲ ကျွန်တော် ကြားယောင်နေမိတယ်။ အဲစကားကို ကြားမိလိုက်တိုင်း ကိုယ့်ကိုကိုယ်တောင် မသိလိုက်ဘဲ
ပြုံးနေမိတယ် ။ အဲတာဘာကြောင့်များလဲ ”

သူတင်ပြီး မကြာခင်မှာပဲ ပထမဆုံး Comment တစ်ခုတက်လာတယ်။ '' မင်းသူ့ကို ကြိုက်နေတာပဲ ´´ တဲ့။
မာန်ခ အံ့သြလို့ လန့်ပြီးတောင် အော်မိတယ်။

 Secret Commando  [ Zawgyi + Unicode ] CompletedWhere stories live. Discover now